ပါကစ္စတန်ကက်သလစ်မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရခြင်းမှ ထွက်ပြေးလွတ်မြောက်

ပါကစ္စတန်ကက်သလစ်မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရခြင်းမှ ထွက်ပြေးလွတ်မြောက်

ပါကစ္စတန်ကက်သလစ်မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရခြင်းမှ ထွက်ပြေးလွတ်မြောက်

နိုင်ငံတကာမှအာရုံစိုက်နေသော ပါကစ္စတန်နိုင်ငံမှဿ်သလစ်အမျိုးသမီးငယ် Maira Shahbazသည် သူမကိုပြန်ပေးဆွဲခဲ့သော အမျိုးသား၏အိမ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ထို့နောက်သူမသည် ရဲစခန်းသို့ သွားရောက်ပြီး မိုဟာမက် နကက်ရှိဆိုသော အမျိုးသားသည် သူမကို ပြန်ပေးဆွဲကာ အတင်းလက်ထပ်ခဲ့ကြောင်း၊သူမကို အဓမ္မပြုကျင့်နေစဥ် ဗီဒီယိုရိုက်ခဲ့ကြောင်း တရားစွဲဆိုခဲ့သည်။ လွန်ခဲ့သော ဧပြီလ၂၈ရက်က သူမကျောင်းမှ ပြန်လာသည့်လမ်းတွင် အဆိုပါအမျိုးသားအပါအဝင် လူတစ်ချို့က အဓမ္မဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူမကို ဇနီးအဖြစ် အတင်းအကြပ် စာချုပ်ချုပ်ခဲ့သည်။သူမနှင့်သူမ၏မိသားစုကို သတ်ရန် ခြိမ်းခြောက်ခဲ့ကြောင်းလဲ ထွက်ဆိုခဲ့သည်။ အဆိုပါအမျိုးသားသည် သူ့အားဆန့်ကျင်ပါက ဗီဒီယိုများကို လူမှုကွန်ရက်တွင် တင်မည်ဟုလည်း ခြိမ်းခြောက်သည်။ယခုအခါ သူမနှင့်သူမ၏မိခင်၊မောင်နှမသုံးဦးတို့သည် ထွက်ပြေးနေရသည်။

မိန်းကလေးမှာလည်း စိတ်ဒဏ်ရာအပြင်းအထန်ရနေပြီး စကားမပြောနိုင်တော့ကြောင်း မိတ်ဆွေတစ်ဦးကဆိုသည်။ ပါကစ္စတန်တွင် နှစ်စဥ်ခရစ်ယန်နှင့်ဟိန္ဒူအမျိုးသမီး ၁၀၀၀ခန့်သည် အစ္စလမ်အမျိုးသားများ၏ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အဓမ္မလက်ထပ်​ငြ်း၊ဘာသာကူးပြောင်းစေခြင်းတို့ကိုခံနေရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများကဆိုသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of ACN

https://bit.ly/2F7xwmk

Add new comment

1 + 0 =