Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပလပ်စတစ်ပ်များကို ပင်လယ်ထဲသို့စွန့်ပစ်ခြင်းမပြုရန် ပုပ်ဖရန်စစ် မိန့်ကြား
ပလပ်စတစ်ပ်များကို ပင်လယ်ထဲသို့စွန့်ပစ်ခြင်းမပြုရန် ပုပ်ဖရန်စစ် မိန့်ကြား
ပြီးခဲ့သော ဇူလိုင်လ (၁၁) တနဂ်နွေနေ့သည် ‘အဏာ၀ါလုပ်သားများနှင့်ပင်လယ်ရေလုပ်သားများနေ့’ ဖြစ် ကြောင်း၊ ဤနှစ်ပတ်လည်ကို နှစ်စဉ်အမှတ်ရကျင်းပလေ့ရှိကြောင်း၊ ဤနေ့၌ ပင်လယ်ရေလုပ်သားများ၊ ပင်လယ်ပြင် ဆိုင်ရာအမှုထမ်းများအတွက်အထူးဆုတောင်းပေးရသောနေ့ဖြစ်ကြောင်း၊ ၄င်းတို့၏သက်စွန်ဆံဖျား ထမ်းရွက်ပေးခြင်း ကြောင့် ကျွန်ုပ်တို့ခံစားရသော ပင်လယ်နှင့်စပ်ဆိုင်သည့်အကျိုးများအတွက် ၄င်းတို့ကိုကျေးဇူးရမည်ဖြစ်ကြောင်း၊ ထို့အ တူ ယနေ့သည် ပင်လယ်ကိုလည်းကောင်း၊ ပင်လယ်၏ဆက်လက်တည်တံ့ရေးစနစ်ကိုလည်းအထူးဂရူပြုစောင့်ရှောက် ရမည့်အကြောင်းကို မီးမောင်းထိုးပြရမည့်နေ့လည်းဖြစ်ကြောင်းမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးသည် ပင်လယ်ရေလုပ်သားများအတွက်ဆုတောင်းပေးကြောင်း၊ ပင်လယ်သမုဒ္ဒရာကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရန်ကိုလည်း အားလုံးကိုတိုက်တွန်းနှိုးဆော်ကြောင်း၊ ပင်လယ်ပင်၏လှပသန့်ရှင်းရေး၊ ပင် လယ်ထဲသို့ပလပ်စတစ်ပ်ပစ္စည်းများမစွန့်ပစ်ရန်၊ ကုလ၏စစ်တမ်းအရ နှစ်စဉ်ပလပ်စတစ်ပ်စွန့်ပစ်ပစ္စည်းသန်း (၈) တန်နှစ်စဉ်စွန့်နေကြကြောင်း၊ ဤပလပ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပင်လယ်တွင်ကျက်စားသောမျိုးစိတ်များကိုသေ စေသည့်အပြင်၊ ပင်လယ်စာကိုစားသောလူတို့ထံသို့တစ်ဖန်သံသရာလည်လာသည်ဟုဆိုသည်။
ရဟန်းမင်းကြီးက ပင်လယ်သမုဒ္ဒရာကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်းနှင့်ပတ်သက်၍ သူ၏စာချွန် တော်တစ်ခုဖြစ်သော ‘Laudato sì’ ထဲတွင် ထဲထဲ၀င်၀င်တင်ပြထားသည်။ စာပိုဒ် (၄၀-၄၁) များ၌ ‘သမုဒ္ဒရာသည် ကျွန်ုပ် တို့ကမ္ဘာဂြိုလ်လိုအပ်နေသော ရေအရင်းအမြစ်ကိုသာပံ့ပိုးပေးနေသည်မဟုတ်။ ပုံသဏ္ဍာန် မတူသော အခြားမရေအ တွက်နိုင်သည့် သက်ရှိသတ္တ၀ါများကိုလည်းကောင်း၊ ထိုမျိုးစိတ်များအနက် ကျွန်ုပ်တို့အမျိုးအမည်မသိသောမျိုးစိတ် များစွာလည်းရှိပြီး။ ၄င်းတို့သည် နည်းလမ်းမသွယ်သွယ်ဖြင့်ခြိမ်းခြောက်ရန်ပြုခံနေကြရသည်။ ပင်လယ်သတ္တ၀ါများ၏ ရှင်သန်မူဖြစ်စဉ်ကို အကြီးမားဆုံးအန္တရာယ်ပြုခြိမ်းခြောက်နေသောအရာမှာ ကျွန်ုပ်တို့သတိမမူဘဲပြုမူလိုက်သောအမှုများဖြစ်သည်။ ထိုအပြုအမူများသည် ပင်လယ်သတ္တ၀ါများ၏အစားအစာအတွက်အလွန်အရေးပါသော၊ ကျွန်ုပ်တို့၏ အစားအစာအတွက်၄င်းတို့ကိုမှီခိုရသောထုတ်လုပ်မူဖြစ်စဉ်များကို များစွာပြောင်းလဲထိခိုက်စေသည်။ အပူပိုင်းနှင့်နွေး သမပိုင်းဒေသများရှိပင်လယ်ရေအောက်မျက်နှာပြင်၌ ခြောက်သွေ့သောကုန်းမြေပေါ်ရှိတော်အုပ်ကြီးသမျှကျယ်၀န်း သောရောင်စုံကျောက်တန်းကြီးများကိုတွေ့ရှိရသည်။ ထိုကျောက်တန်းများတလျှောက်၌ ပင်လယ်ရေအောက်၌အသက် ရှင်သော သန်းနှင့်ချီသည့်မျိုးစိတ်များခိုအောင်းရှင်သန်ပေါက်ဖွားကြသည်။ ၄င်းတို့အနက် ငါး၊ ဂဏာန်းများတို့လည်းပါ ၀င်သည်။ မြောက်များစွာသော ပင်လယ်ရေအောက်မှ ရောင်စုံကျောက်တန်းများသည် အထက်ကဆိုခဲ့သော ပင်လယ်ရေ အောက်မျိုးစိတ်များမရှင်သန်နိုင်ကြတော့သကဲ့သို့ အချို့သည်ပျက်စီးစပြုနေပြီ။ ကမ္ဘာ့အံ့မခန်းသော ပင်လယ်ပြင်ကြီးကို ၀မ်းနည်းကြေကွဲဖွယ်အလီလီပြည့်သော ရေအောက်သချိုင်းအဖြစ်အဘယ်သူကအသွင်ပြောင်းပစ်လိုက်ကြသနည်း။
ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၁၈) ခုနှစ်၊ ဗာတီကန်၌ စီပွားရေးလုပ်ငန်းရှင်များစည်းဝေး၍ ‘ဖန်ဆင်းခြင်းအ တွက်ဆုတောင်းပေးရသော အပြည်ပြည်ဆိုင်ရာနေ့’ ၌ရေးသားပေးပို့သောစာထဲ၌ ‘ကျွန်ုပ်တို့၏ပင်လယ်၊ သမုဒ္ဒရာကြီး ထဲ၌ ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော စွန့်ပစ်ပစ္စည်းများဖြင့်ရေပြင်ပေါပေါလောမျောပါခွင့်မပြုနိုင်ပါ’ မိန့်ကြားခဲ့သည်။ ထို့ကြောင့် ‘လောက၌ရှိအရာရာတိုင်းသည် ဘုရားသခင်၏မြော်မြင်စီစဉ်ထားသကဲ့သို့လည်းကောင်း၊ အရာအားလုံး သည် ကျွန်ုပ်တို့အားမှီခိုနေသကဲ့သို့ဆုတောင်းရမည်ဟုဆိုသည်။
Add new comment