Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပရဟိတ္တလုပ်ရင်း ကက်သလစ်လူငယ်တစ်ဦးရွှေဆုကိုဆွတ်ခူးနိုင်တော့မည်ဟုဆို
ပရဟိတ္တလုပ်ရင်း ကက်သလစ်လူငယ်တစ်ဦးရွှေဆုကိုဆွတ်ခူးနိုင်တော့မည်ဟုဆို
အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်မှကက်သလစ်လူငယ်တစ်ဦးသည် ရွှေဆုကိုလက်ခံရရှိမည်ဖြစ်သည်။ သူသည်လူငယ်အမျိုးသမီးလေးဖြစ်သည်။ သူသည် ကင်းထောက်တစ်ဦးဖြစ်သည်။ ယခုလက်ခံရရှိသောဆုသည် ကင်း ထောက်အမျိုးသမီးတစ်ဦးအတွက်ပေးအပ်သော အမြင့်ဆုံးဆုဖြစ်သည်။ ဤဆုကိုလက်ခံရရှိခဲ့ခြင်းမှာ သဘောထားမ တိုက်ဆိုင်၍သော်လည်းကောင်း၊ တာ၀န်မယူသောကြောင့်လည်းကောင်း ရင်သွေးများအား မိခင်တစ်ဦးတည်းက သာရုန်းကန်ကျွေးမွေးရသောမိခင်များအားကူညီခြင်းကြောင့်ရခဲ့ခြင်းဖြစ်သည်။
သူ၏အမည်မှာ Ciara Marie Leal ဖြစ်သည်။ ထိုအခက်အခဲမျိုးကြုံနေသောအမျိုးသမီးများကိုစောင့်ရှောက် ထားသောအိမ်ကို ‘မေရီ၏မျှော်လင့်ခြင်းအိမ်တော်’ ဟုအမည်ပေးထားသည်။ ဤအိမ်တော်ကို (၂၀၁၉) ခုနှစ်မှစ၍စတင် ခဲ့သည်။ ပြည်အတွင်းရှိအိမ်ထောင်များအနက် (၆) ရာခိုင်နှုန်းခန့်သည် မိခင်တစ်ဦးတည်းသာဦးဆောင်ရုန်းကန်နေရပြီး၊ အသက်အရွယ်အားဖြင့် (၁၈) နှစ်သာရှိသေးသည်။ သူ၏စိတ်ကူးအိမ်မက်သည် အဖွဲ့အစည်းမှစီစဉ်ခြင်းမဟုတ်။ သူကိုယ် တိုင်စတင်ခဲ့ခြင်းဖြစ်သည်။ သူ၏ညီမကိုယ်တိုင်သည်လည်း သားသမီးနှစ်ယောက်အား မိခင်တစ်ဦးတည်းကသာတာ၀န် ယူပျိုးထောင်နေရသည်။ ညီမဖြစ်သူနှင့်အိမ်ထောင်မကျခင်အထိ အလွန်ချစ်ခင်ခဲ့သည်။ အိမ်ထောင်ကျသွားသောအခါအ လှမ်းေ၀းသွားခဲ့ပြီး၊ ၂၀၁၉) နှစ်၌တစ်ဖတ်ညီမဖြစ်သူနှင့်ပြန်လည်ပတ်သက်ရန်အကြောင်းဖန်လာပြန်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်မိသားစုအတွက်ရုန်းကန်နေရသည်ကိုသတိထားမိလိုက်သည်။ သူသည်ကလေးဖခင်ထံမှလည်း ကောင်း၊ အဘယ်သူထံမှအကူအညီမရပေ။
Leal သည် ယခုကဲ့သို့မစတင်မီကလည်း Denver ရှိ Marisol Homes နှင့် Gabriel House ကရုဏာရေး ဗဟို၌လည်းကက်သလစ်လူငယ်တစ်ဦးအဖြစ်လုပ်အားပေးခဲ့ဖူးသည်။ ဤလုပ်ငန်းကြောင့်ပင် အမေရိကန်ကင်းထောက် အမျိုးသမီးတစ်ဦးအနေဖြင့် ရင်သွေးများကိုမိခင်တစ်ဦးတည်းရုန်းကန်နေရသောအမျိုးသမီးများနှင့်အသက်ငယ်ရွယ်စဉ် ၌ပင်အိမ်ထောင်ရက်သားကျ၍ မိသားစုတာ၀န်များကိုမနိုင်မနင်းထမ်းနေရသောအမျိုးသမီးငယ်များအားကူညီရာမှ ဤ ‘ရွှေတံဆိပ်’ ဆုကိုချီးမြှင့်ခြင်းခံလိုက်ရခြင်းဖြစ်သည်။ သူသည် Mary’s Homes of Hope (မေရီ၏မျှော်လင့်ချက်အိမ် တော်) အကြောင်းကို Lynn Reid, OFS ထံမှကြားသိခဲ့သည်။ Lynn Reid, OFS သည်လည်းအစောပိုင်းက Marisol Homes နှင့် Gabriel House ၌အလုပ်လုပ်ခဲ့ဖူးသူဖြစ်သည်။ Leal သည် သတင်းသမားများစွာနှင့်တွေ့ဆုံ မေးမြန်းမူများကိုပြုလုပ်ခဲ့ပြီး၊ အလှူများရရှိရန်ကြိုးစားခဲ့သည်။ သူ၏အားထုတ်မူသည် (၂၀၁၉) နှောင်းပိုင်းမှစ၍ (၂၀၂၀) အစောပိုင်း၌အလှူငွေများစတင်လက်ခံရရှိခဲ့သည်။ သို့သော် များမကြမီ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကြောင့် အလှူငွေများရပ်တန့်သွားခဲ့ရသည်။ သို့သော် သူ၏စိတ်ကူးအိမ်မက်ကိုပုံဖော်ရန်အခြားသောနည်းလမ်းကိုတဖန်ပြန်စဉ်း စားခဲ့ရသည်။ ‘မေရီ၏မျှော်လင့်ချက်အိမ်တော်’ စိတ်ကူးအိမ်မက်ကိုပြန်လည်အကောင်အထည်ဖော်ရာမှ သူ၏ကက်သ လစ်ယုံကြည်ခြင်းသည်လည်းပြန်လည်ရှ၍်သန်မှန်ကန်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်အထက်တန်း ကျောင်းသူဘ၀သို့ရောက်သွားသောအခါ ဘာသာရေးယုံကြည်မူကိုသူ၏ဘ၀ထဲမှချန်လှပ်စွန့်ထားခဲ့သည်။ သူ၏ယုံ ကြည်ခြင်းအသက်တာသို့ပြန်လှည့်လာရန် သူ၌ပေါင်းကူးတံတားလိုအပ်နေခဲ့သည်။ ထိုပေါင်းကူးတံတားကား ‘ရွှေတံ ဆိပ်’ ဆုကိုလက်ခံရရှိလိုက်ခြင်းပင်ဖြစ်သည်။ ဤလုပ်ငန်းစဉ်ကြောင့်လည်း သူ၏အစ်မဖြစ်သူနှင့်လည်းပို၍နီးနီးကပ် ကပ်ရှိလာခဲ့သည်။ ဤလုပ်ငန်းစဉ်ကြောင့်လည်း ပျော်ရွှင်မူများကိုခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်က Leal ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့်အဖြစ်သနစ်မျိုးကို အခြားသောငယ်ရွယ်စဉ်အိမ်ထောင်ကျသွားသောအိမ်ထောင် ရှင်မများ၊ အိမ်ထောင်ကွဲသွား၍သော်လည်းကောင်း၊ အမျိုးသားများကတာ၀န်မယူ၍ ရင်သွေးကိုမိခင်တစ်ဦးတည်းသာ တာ၀န်ယူမွေးဖွားပြုစုပေးနေရမူမျိုးကိုကြုံတွေ့နေရသောအမျိုးသမီးမျိုးမရှိစေလိုတော့ကြောင်းအစ်မဖြစ်သူအားရင်ဖွင့် ပြောပြရှာသည်။
Leal သည် ‘ရွှေတံဆိပ်ဆု’ အတွက် လာမည့်ဇူလိုင်၌ သူ၏အစီရင်ခံစာကိုအပြီးသတ်တင်သွင်းရမည်ဖြစ်သည်။ သူသည်ယခုအခါ ရာသက်ပန်ကင်းထောက်အမျိုးသမီးအသင်း၀င်ဖြစ်သည်။ ထို့ကြောင့်အခြားမည်သည့်ဆုတံဆိပ်အ တွက်၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိတော့မည်မဟုတ်ပေ။ သို့သော် (၁၃) နှစ်ကြာအမျိုးသမီးကင်းထောက်အဖြစ်ဖြတ်သန်းခွင့် ရခဲ့သည့်အတွက်ကျေးဇူးတင်နေမိသည်။ ဤသို့ဖြတ်သန်းခဲ့သည့်အတွက် ထိုအတွေ့အကြုံကသူ့အား များစွာသင်ယူခွင့်ရ စေခဲ့သည်။ ၄င်းတို့မှာ မိမိတို့၏ရည်မှန်းချက်ကိုပြတ်သားစွာချမှတ်နိုင်ရန်၊ အတွက်အချက်နှင့်ငွေကြေးစီမံခန့်ခွဲမူ၊ စီးပွား ရေး၊ လူမူကျင့်၀တ်၊ လူတို့၏အစွမ်းအစ၊ ဘ၀၏အခြေခံလိုအပ်ချက်များဖြစ်ကြသည်။ ဤအရာများအားလုံးသည် လူတစ် ဦး၏ဖွံ့ဖြိုးပြောင်းလဲမူနှင့်ကြီးထွားလာမူအတွက်အလွန်အရေးကြီးသည်။ သူ့အားအခွင့်အရေးကောင်းများစွာကိုပေးခဲ့၍ ကျေးဇူးတင်မဆုံးကြောင်းပြောကြားခဲ့သည်။ သူသည် သူ၏စိတ်ကူးအိမ်မက်ကိုအကောင်အထည်ဖော်ရန်အတွက်လိုအပ် သောရံပုံငွေများရရှိရန် လုပ်ငန်းများအကြောင်းကို ၀က်ဆိုက်တွင်ရေးတင်ကာ အားလုံး၀င်ရောက်ဖတ်ရူစေခဲ့သည်။ အ လှူငွေများထည့်၀င်လိုပါကလည်းထည့်၀င်နိုင်ရန် အလှူလည်းခံထားသည်။ သူ၏လုပ်ငန်းစဉ်ကို၀င်ရောက်ကြည့်ရူလိုပါ ဤဝဘ်ဆိုက်လင့်ခ် (https://bit.ly/3w7BJLH) တွင်၀င်ရောက်ကြည့်ရူနိုင်ပါသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment