ပထမဦးဆုံးစုံတွဲရဟန္တာတို့၏ ‘ဓာတ်’ တော်ကို စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ပူဇော်ခံထားရှိမည်

ပထမဦးဆုံးစုံတွဲရဟန္တာတို့၏ ‘ဓာတ်’ တော်ကို စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ပူဇော်ခံထားရှိမည်

(၁၀) ကြိမ်မြောက် ကမ္ဘာ့မိသားစုအစည်းအ‌ဝေးကြီးကျင်းပခဲ့သော ဗာတီကန်၌ အမိသာသနာတော်ကြီး၏ ပထမဦးဆုံးအဖြစ် သမိုင်းသွင်ရစ်မည့် ရဟန္တာစုံတွဲတို့၏ ‘ဓာတ်’ တော်ကို စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ ပူဇော်ခံ ထားရှိသည်။ ဤ ‘ဓာတ်’ တော်များမှာ သူတော်မြတ် Luigi နှင့် Maria Beltrame Quattrocchi ဇနီးမောင်နှံတို့၏ ‘ဓာတ်’ တော်များဖြစ်ကြသည်။ အစည်းအ‌ဝေးသို့တက်ရောက်လာခဲ့ကြသော ကိုယ်စားလှယ်များက ထိုဓာတ်တော်ကိုကြည်ညိုခဲ့ကြသည်။

၄င်းတို့ဇနီးမောင်နှံသည် (၄၅) နှစ်ကြပေါင်းသင်းပြီး ရောမ၌နေထိုင်ခဲ့ကြသည်။ ဇနီးဖြစ်သူသည် ပညာတတ်တစ် ဦးဖြစ်ပြီး၊ ပညာရေး၀န်ထမ်းတစ်ဦးလည်းဖြစ်သည်။ သူသည် ကက်သလစ်အသင်းအဖွဲ့များစွာနှင့်လက်တွဲအလုပ် လုပ်ခဲ့ သည်။ ကြက်ခြေနီအဖွဲ့အစည်းနှင့်လည်းအလုပ်လုပ်ခဲ့သည်။ သူသည် (၁၉၆၅) ခုနှစ်ကဆုံးပါးသွားခဲ့သည်။ သူ၏ခင်ပွန်း မှာ ရှေ့နေတစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး အီတလီနိုင်ငံကိုပြန်လည်တည်ထောင်ရန် မနားမနေအလုပ်ကြိုးစား လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် သူ၏ဇနီးထက်ပင်စော၍ (၁၉၅၁) တွင်ကွယ်လွန်သွားခဲ့သည်။ ၄င်းတို့နှစ်ဦးလုံးသည် လောက၌သက်ရှိထင်ရှားရှိစဉ်က မိမိတို့၏ပတ်၀န်ကျင်ရှိသူများအား စံပြုထိုက်သောကက်သလစ်အသက်တာကိုလည်း ကောင်း၊ ယုံကြည်ခြင်းအသက်တာကိုလည်းကောင်း ရှင်သန်နိုင်ခဲ့သည်။

၄င်းတို့၏စတုတ္ထသားသည် သာသနာအတွင်းလိုအပ်သည့်မည်သည့်နေရာ၌မဆို အသုံးတော်ခံရန်အသင့်ရှိနေခဲ့ သူဖြစ်သည်။ အကြီးဆုံးသားမှာ ‘ဘက်နက်ဒစ်တင်း’ ရသေ့ဖြစ်ပြီး၊ အငယ်ဆုံးမှာလည်း ‘ထရားပစ်’ ရသေ့ဖြစ်သည်။ သားသုံးယောက်အပြင် သမီးနှစ်ဦးလည်းထွန်းကားခဲ့ရာ သမီးတစ်ဦးမှာ ‘ဘေနေဒစ်တင်း’ ရသေ့သီလရှင်ဖြစ်သည်။ ကျန် သမီးတစ်ဦးမှာ သာမန်ခရစ်ယာန်တစ်ဦးအဖြစ် ကတိသစ္စာခံယူဆက်ကပ်သောအသက်တာကိုခံယူသူဖြစ်လာခဲ့ပါသည်။ ၄င်းတို့၏ဒုတိယသမီးသည်လည်း သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရန် စတင်နေပြီဖြစ်သည်။ အဆိုပါဇနီးမောင်နှံကို သူတော်မြတ်များအဖြစ် စိန့်ဂျွန်ပေါလ် (၂) က (၂၀၀၁၊ အောက်တိုဘာလ ၂၁) ရက်နေ့က ကြောညာတင်မြောက်ပေးခဲ့ သည်။

ပုံမှန်အားဖြင့် သူတော်မြတ် (သို့) ရဟန္တာတို့၏ပွဲနေ့ကို ၄င်းတို့၏လောကအသက်တာကုန်ဆုံးသောနေ့၌သတ် မှတ်ကျင်းပကြသော်လည်း ယခုရဟန္တာဇနီးမောင်နှံတို့မှာ ပျံလွန်သည့်ခုနှစ်မတူသောကြောင့် ၄င်းတို့ပျံလွန်သည့်နေ့များ ကိုရွေးမည့်အစား ၄င်းတို့လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးကိုခံယူခဲ့သောနေ့ကို ၄င်းတို့၏ပွဲနေ့အဖြစ်သတ်မှတ် ကျင်းပစေခဲ့သည်။ ၄င်းတို့သည် (၁၉၀၅) ခုနှစ်၌လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးကိုခံယူခဲ့သည်။

ဤရဟန္တာစုံတွဲ သည် လောကအသက်တာ၌အမှန်တကယ်ပင် စံပြုထိုက်သောကက်သလစ်ခရစ်ယာန်အသက်တာကိုရှင်သန်ကျင့်ကြံနိုင် ခဲ့ခြင်း၊ သားသမီးများအားလည်း ယုံကြည်ခြင်း၌ခိုင်မြဲအောင်နည်းလမ်းမှန်ကန်စွာသင်ကြားပေးနိုင်ခဲ့သောကြောင့်လည်း ကောင်း၊ ရဟန္တာဖြစ်ရန်မှာ ဘာသာရေးအမှုထမ်းများသာမဟုတ်။ သာမန်ကက်သလစ်ဘာသာ၀င်များ၊ အိမ်ထောင်သည် များပင်ကြိုးစားဆောက်တည်လျှင်ဖြစ်နိုင်ကြောင်း အားပေးလို၍လည်းယခုကဲ့သို့ဖော်ထုတ်တင်မြောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3yrGnY7

Add new comment

6 + 1 =