ပထမအကြိမ် ကမ္ဘာ့အဖိုးအဖွားများနေ့ မစ္ဆားကို ပါပါးဖရန်စစ်ဟောကြားမည်မဟုတ်တော့

ပထမအကြိမ် ကမ္ဘာ့အဖိုးအဖွားများနေ့ မစ္ဆားကို ပါပါးဖရန်စစ်ဟောကြားမည်မဟုတ်တော့

ပထမအကြိမ် ကမ္ဘာ့အဖိုးအဖွားများနေ့ မစ္ဆားကို ပါပါးဖရန်စစ်ဟောကြားမည်မဟုတ်တော့

လာမည့်ဂျူလိုင်လ ၂၅ ရက်နေ့ဟာ ပါပါးဖရန်စစ်သတ်မှတ်ကြေငြာခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်မယ့် အဖိုးအဖွားများရဲ့ နေ့ သို့မဟုတ်သက်ကြီးရွယ်အိုများကို ဂုဏ်ပြုရမယ့်နေ့ဖြစ်ပါတယ်။

ပါပါးဖရန်စစ်ဟာ မကြာသေးမှီက ခွဲစိပ်ကုသမှုခံယူခဲ့တာဖြစ်ပြီး ဆက်လက်အနားယူနေရဆဲဖြစ်တာမို့ အထက်ပါ အဖိုးအဖွားများနေ့ အထိမ်းအမှတ်မစ္ဆားတရားကို ဉီးဆောင်ဟောကြားနိုင်အုံးမှာမဟုတ်ပါဘူး ဒါပေမယ့် ပါပါးဖရန်စစ်ကိုယ်စား ဂိုဏ်းချုပ်ဆရာတော်ကြီး ရီးနို ဖီစီချဲလာ က စိန့်ပီတာဘာစီးလိကား ကျောင်းတော်ကြီးမှာ လူပေါင်း ၂၀၀၀ လောက်နဲ့ မစ္ဆားဟောကြားပေးသွားမှာဖြစ်တဲ့အကြောင်းကို  ဗာတီကန်ကထုတ်ပြန်ပါတယ်။

အထက်ပါ မစ္ဆားတရားတော်မှာ ဖိုးဖိုးဖွားဖွားများနဲ့ ၎င်းတို့ရဲ့မိသားစုဝင်အချို့က နေရာယူတရားနာကြမှာဖြစ်ကြောင်း ၊ တက်ရောက်ကြမည့်သူအများစုဟာ လွန်ခဲ့တဲ့ ၁၆ လအတွင်းမှာ အထီးကျန်စွာနေထိုင်ခဲ့ကြသူများဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အပြင်ကို ထွက်လာသူများဖြစ်ကြပါလိမ့်မယ်လို့ လူဝတ်ကြောင်၊ မိသားစု နဲ့ အသက်တာ ဆိုင်ရာပုပ်ရဟန်းမင်းကြီးရုံတော်ကောင်စီမှ VITTORIO SCELZO ကပြောကြားခဲ့ပါတယ်။

ပါပါးဖရန်စစ်ဟာ နှစ်စဉ်ကျင်းပသွားနိုင်မယ့် ယခုလို ဖိုးဖိုးဖွားဖွားများ၊ သက်ကြီးရွယ်အိုများနေ့ အဖြစ် သတ်မှတ်ရခြင်းကတော့ ၎င်းတို့ကို သေချာတိကျတဲ့သိုးထိန်းစောင့်ရှောက်မှုမျိုးပေးနိုင်ဘို့ဖြစ်တယ်လို့ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Arkansas Catholic/Google images

https://bit.ly/3kNVYvR

Add new comment

11 + 8 =