ပထမကိုယ်တော်မြတ်ခံယူခြင်းနှင့်ခရစ္စမားအာပေးခြင်းစက္ကရမင်တူးခံယူရာနေ့မြတ်

ပထမကိုယ်တော်ြမတ်ခံယူခြင်းနှင့်ခရစ္စမားအာပေးခြင်းစက္ကရမင်တူးခံယူရာနေ့မြတ်

 

 မေလ ၂၉ ရက်နေ့ ၊ သခင်ယေဇူးမိုးကောင်းကင်သို့ တက်ကြွတော်မူသော ပွဲ့နေ့ ၌ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်းတွင် နံနက် (၈း၀၀) နာရီ က ပထမကိုယ်တော်ြမတ်နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူးပေး အပ်ခြင်း မစ္ဆားတရားကို ဂိုဏ်းချုပ်ဆရာတော်ကြီး မာတုတင်ဝင်းဦး ဆောင်ကာ ကျင်းပပူဇော်ခဲ့ပါသည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှပထမကိုယ်တော်ြမတ်ခံ ယူမည့်ကလေးများနှင့်အပြန်အလှန်အမေးအဖြေလုပ်ရင်းကိုယ်တော်ြမတ်ပင့်ယူမည့်သူများအနေဖြင့် ကိုယ်တော်ြမတ်ကို ထိုက်တန်စွာပင့်ယူတတ်စေရန်အတွက် မိမိကိုယ်ကိုပြင်ဆင်ရမည့်အရာများကို ယခုလိုတိုက်တွန်းပြောကြားခဲ့ပါသည်။

‘’ ငါ၏အသားသည်စားစရာြဖစ်၏လို့ လူတစ်ယောက်ပြောတယ် အဲ့ဒါဘယ်သူလဲ။ဟုကလေးများကို မေးမြန်းရာ ကလေးများက သခင်ယေဇူးဟူ၍ ပြန်လည်ဖြေကြားခဲ့ကြ၏။တဖန်ထပ်၍ သခင်ယေဇူးရဲ့ အသားက စားစရာြဖစ်တယ်ဆိုတာ ယုံကြလားဟု ထပ်မံမေးမြန်းခဲ့ရာ ကလေးများက ယုံပါတယ် ဟု ပြန်လည်ဖြေကြားကြ၏။

ဆက်လက်၍ ဆရာတော်က ပထမကိုယ်တော်မြတ်ခံယူမည့်သူများနှင့်တကွ ဘာသာတူများအားလုံးအား ကိုယ်တော်မြတ်ကိုရိုသေလေးစားစွာြဖင့် ပင့်ယူတက်ရန်အတွက် ‘’ နားထောင်ကြပါ။ ကိုယ်တော်ြမတ်ကိုပင့်ယူချင်လွန်းလို့ ဘုရားကိုပင့်ချင်လွန်းလို့စိတ်ထဲမှာ ဘာမှမရှိအောင် အာပတ်ဖြေရမယ်။အပြစ်တွေရှိရင်လည်း နာကြင်ခြင်းစွဲ စင်ကြယ်အောင်လုပ် ခန္ဓာကိုယ်ကိုစင်ကြယ်ဖို့၊ ဝိညာဉ်ကိုစင်ကြယ်အောင်လုပ်၊ဒါတင်အားမရသေးဘူး သခင်ယေဇူးကိုပင့်ချင်တဲ့စိတ် များလွန်းလို့ ကိုယ်တော်မြတ်မပင့်ခင်တစ်နာရီ အကြာ ဘာမှမစားဘူး။ “ ဟု ဆိုကာ သခင်ယေဇူးကို ထိုက်တန်စွာ ပင့်ယူတတ်ကြရန် အတွက် မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ သခင်ယေဇူးကို ပင့်ယူပြီးသည့်နောက်တွင်လည်း နေထိုင်ရမည့်အရာများကို “ သခင်ယေဇူးကိုပင့်ပြီးပြီဆိုလည်း နေရာရောက်ရင်စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နဲ့သခင်ယေဇူးကို ကိုယ်တော် တပည့်တော်တို့ကိုချစ်တာကျေးဇူးတင်တယ်။သခင်ယေဇူးကိုပြောချင်တာ တောင်းချင်တာတွေကို သခင်ယေဇူးကိုယ့်ထဲရှိနေတုန်းတောင်းပါ။အင်မတန်အရေးကြီးပြီး တန်ဖိုးရှိတဲ့အချိန်ဖြစ်တယ်။” ဟုဆိုကာ ကိုယ်တော်ြမတ်ပင့်ယူပြီးသည့်နောက် နေထိုင်ရမည့်အရများကို ကလေးများ နားလည်သဘောပေါက်လွယ်ရန် မိန့်ကြားတော်မူခဲ့ပါသည်။

ဆက်လက်၍ ခရစ္စမားအားပေးခြင်း ခံယူမည့်သူများအတွက်ဩဒါဝတရားရေအေး တိုက်ကျွေးရာ၌ သမ္မာကျမ်းစာထဲမှ တရားတော်ကို သက်သေခံခဲ့ကြသော တပည့်တော်ကြီးများ၏ယုံကြည်ခြင်းခိုင်မာပုံနှင့် အကျင့်သီလပြောင်းလဲခဲ့ပုံများကို ဥပမာပေး၍ ဩဝါဒတရားရေအေးကို တိုက်ကျွေးခဲ့ပါသည်။ ဆရာတော်က ‘’ ခရစ္စမားခံမည့်သူများကို ခေါင်းပေါ်တွင် လက်တင်ဆုတောင်ပေးရခြင်းနှင့်ပတ်သက်ပြီးမိန့်ကြားရာတွင် ‘’ ကက်သလစ်သာသနာရဲ့လက်တင်ခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုပေးပါ။ ဤလူငယ်များသည် ကျွန်ုပ်တို့အားလုံးခရစ္စမားခံပြီးပြီဖြစ်တဲ့အတွက် ဤပုဂ္ဂိုလ်များအားလုံးကို ကျွန်ုပ်တို့ကို သင်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရရှိပြီး ဉာဏ်ပညာကိုပေးပါ။ဘယ်ဟာမှန်တယ်၊ ဘယ်ဟာ မှားတယ် ခွဲခြားတတ်ပြီး မှန်တာကို လုပ်ရဲရမယ်။မှန်တာကိုလုပ်ရင်လဲ မှန်တာကိုလုပ်တဲ့တာဝန်ရှိတယ်။ မှားတာကို လုပ်ခဲ့ရင်လည်း မှားတာကို ဝန်ခံကိုတာဝန်ရှိတယ်။တာဝန်ရှိတဲ့အတိုင်း ကိုယ်ခံယူရဲရမယ်။ကိုယ့်အပြစ်ကိုယ်ခံယူရဲရမယ်။ဒီနေ့ကနေစပြီးသန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်အားဖြင့် လုပ်ဆောင်ကြရမယ်။ ဒီနေ့ကနေကနေစပြီး မိဘဆရာသမား၊ဘုန်းကြီး ၊ သီလရှင်တွေ တွေပြောတဲ့စကားကို နားထောင်တတ်ရမယ်။ခရစ္စမားအားပေးခြင်းခံယူတဲ့နေ့ကနေစပြီး ဘုရားတရားအကြောင်း ပိုပြီး ယုံကြည် လာရမယ်။ပိုပြီးနားထောင်တတ်တဲ့လူငယ်တွေဖြစ်လာမယ်။ကိုယ့်ရဲ့ယုံကြည်ခြင်းအတိုင်း အသက်ရှင်ဖို့ လိုတယ်။အပြစ်ကိုရှောင်နိုင်ပြီးကောင်းတာတွေကိုလုပ်ဖို့ ခွန်အားသတ္တိပေးပါလို့ တောင်းတတ်ဖို့ လိုတယ်။ဘုရားတရားကိုသိမြင်တတ်ခြင်း၊ကြည်ညိုတတ်ခြင်း၊တွေရှိဖို့လိုတယ်။အဲ့ဒါတွေအတွက် ဆရာတော်က လက်တင်ပြီး သန့်ရှင်သောဝိညာဉ်တော်ဘုရားကိုဖိတ်ခေါ်ပေးမှာဖြစ်တယ်။ သားတို့သမီးတို့က လက်ခံရမှာဖြစ်တယ်။” ဟုဆိုကာ ခရစ္စမားအားပေးခြင်းခံယူလိုက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်ြမတ်၏ တန်ခိုးကျေးဇူးတော်ြဖင့် အမှန်တရားအတွက်သက်သေခံနိုင်သော သူများ ဖြစ်လာကြမည့်အကြောင်းများကို မိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။

အဲ့ဒီနောက် ခရစ္စမားအားပေးခြင်းစက္ကရမင်တူးပေးအပ်ခြင်း အခမ်းအနားကိုပြုလုပ်ခဲ့ပါသည်။ ခရစ္စမားအားပေးခြင်း စက္ကရမင်တူးခံယူခဲ့သော Emily က “ ခရစ္စမားအားပေးခြင်းဆိုတာက ဆေးကြောခြင်းကိုပိုပြီးပြည့်စုံစေတာ။ စစ်မှန်တဲ့ခရစ်ယာန်အသက်တာကိုရတာ၊ခရစ္စမားအားပေးခြင်းဆိုတာက ကိုယ်ကိုယ်တိုင်ရွေးချယ်ပြီးမှ ခရစ္စမားယူရတဲ့အတွက်ကြောင့်မို့လို့ ဆေးကြောခြင်းခံတုန်းက ကိုယ်ကငယ်ငယ်လေးပဲရှိနေသေးတော့ မိဘတွေရဲ့အလိုအလျောက်ဆေးကြောခြင်းခံယူခဲ့တာ ၊ အခု ခရစ္စမားအားပေးခြင်းဆိုတာက ကိုယ်တိုင် ကိုယ့်ရဲ့စိတ်နှလုံးထဲကနေပြီးမှဘုရားသခင်ကို  ရွေးချယ်ခဲ့တဲ့အတွက်ကြောင့် ပျော်တယ် “ ဟုဆိုတာကာ  ခရစ္စမာအားပေးခြင်းစက္ကရမင်တူးခံယူခဲ့ခြင်းနှင့်ပတ်သက်ပြီး  မိမိရဲ့ ကိုယ်ပိုင်ဆန္ဒအလျှောက် လက်ခံ ခံယူတာဖြစ်တဲ့အတွက် ပျော်ရွှင်သည့်အကြောင်းကို RVA ကို ပြောပြခဲ့ပါသည်။

ပထမကိုယ်တော်ြမတ်ခံယူခဲ့သော Henry Ambrose ကလည်း သခင်ယေဇူးရဲ့ အသွေးအတော်နှင့်အသားတော်ကိုပထမဉီးဆုံအကြိမ်ပင့်ယူခဲ့ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့ရသည်ဟု ပြောပြခဲ့ပါသည်။

‘’ ပထမကိုယ်တော်ြမတ်ယူခဲ့တာပေါ့။ပျော်လည်း ပျော်တယ်။စိတ်လည်းလှုပ်ရှားတယ်။သခင်ယေဇူးရဲ့အသွေးအသားကိုပင့်ယူတာ။ကိုယ်တော်မြတ်ဆိုတာက အသွေးအသားဝိညာဉ် ဘုရားအမှန်တည်ရှိတဲ့ဟာ ကို ကိုယ်တော်မြတ်လို့သိတယ်။ Sunday School တက်တုန်းက မဖန်ဆင်းရသေးတဲ့ကိုယ်တော်မြတ်ကိုကျွေးတာ။ အဲ့မှာကောင်းတယ်ဆိုတာကိုသိသွားတာ။အရင်ကဟာက မဖန်ဆင်းရသေးတဲ့ကိုယ်တော်ြမတ် ဆိုတော့ ဒီတိုင်းရိုးရိုးစားတာပဲရှိတာ။အခုကတော့ ဖန်ဆင်းပြီးသားကိုယ်တော်ြမတ်ကို ပင့်ယူရတာဆိုတော့ ဘုရားသခင်ကို စိတ်နှလုံးထဲမှာပင့်ယူတယ်ဆိုပြီး ခံစားချက်က ပြောင်းသွားတာ” ဟုဆိုကာ ပထမဆုံးအကြိမ် ကိုယ်တော်ြမတ်ကိုပင့်ယူခဲ့ပြီး ဘုရားသခင်စိတ်နှလုံးထဲမှာ အမှန်တကယ်ရှိနေတဲ့ဟု ခံစားရကြောင်းကို RVA ကိုပြောပြခဲ့ပါသည်။

ဆက်လက်ပြီး ပထမကိုယ်တော်မြတ်ခံယူခဲ့သော Teresa ကလည်း ကိုယ်တော်မြတ်ကိုပင့်ယူခဲ့ပြီးနောက် ဘုရားသခင်ဟာ မိမိကိုယ်ထဲကို ကြွဝင်လာတယ်လို့ ခံစားရတဲ့အတွက် အတိုင်းမသိပျော်ရွှင်ရသည်ဟုပြောပြခဲ့ပါသည်။

‘’ ပထမကိုယ်တော်မြတ်ခံယူတာပေါ့။ ကိုယ်တော်ြမတ်ဆိုတာက ဘုရားသခင်ကိုယ်တော်တိုင်ပါဝင်နေတဲ့ စက္ကရမင်တူးခုနှစ်ပါးလုံးရဲ့ အလယ်ဗဟိုဖြစ်တယ်။လူကြီးတွေပင့်ပင့်နေတာကိုမြင်ရတဲ့ကိုယ်တော်မြတ်ကို ကိုယ်တိုင်ပင့်ရလို့ပျော်တယ်။ဘုရားသခင်ကိုယ်တိုင်ပါဝင်နေတဲ့စက္ကရမင်တူးကို ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို ပင့်ယူရတဲ့အခါ ပျော်တယ်။ကိုယ်တော်ြမတ်ပင့်ပြီးသွားလို့ရှိရင်လည်း ကိုယ့်ထဲကိုရောက်လာတဲ့ဘုရားသခင်ကို စိတ်ငြိမ်စွာနဲ့ ဧည့်ခံရမယ်။ကြိုဆိုရမယ်။ ပျော်တာကပေါ့ ဘယ်တုန်းကမှ ဒီလိုမပျော်ဖူးဘူး။ဘာလို့လဲဆိုတော့ ဘုရားသခင်က ကိုယ့်ထဲကို ကြွလာသလိုခံစားရလို့ ပျော်တယ်။ “ ဟုဆိုကာ ပထမကိုယ်တော်ြမတ်ကိုပင့်ယူခဲ့ခြင်းအားဖြင့် ပျော်ရွှင်ရသည့်အကြောင်းကို RVA ကိုပြောပြခဲ့ပါသည်။  

 

ပထမကိုယ်တော်မြတ်ခံယူသူ ၂၁ဦး၊ခရစ္စမားအားပေးခြင်း စက္ကရမင်တူးခံယူသူ၁၃ ဦးနှင့် ၊ ပထမကိုယ်တော်မြတ်နှင့် ခရစ္စမားအားပေးခြင်း တစ်ပြိုင်တည်းခံယူသူ ၁၃ ဦး ၊ စုစုပေါင်း ၄၇ ဦးရှိပါသည်။ ပထမကိုယ်တော်မြတ်နှင့်ခရစ္စမားအားပေးခြင်းခံယူရန်အတွက်ကလေးများကို တစ်ပတ်လျှင်ငါးရက် နံနက်ကိုးနာရီမှာ ၁၂ နာရီအထိ စိန့်ဂျိုးဇက်သီလရှင်များနှင့် ကိုလန်ဘမ်သီလရှင်များက ဘုရားစကားများသင်ကြားပေးခဲ့ပါသည်။ ဘုရားစကားသင်ကြားချိန်မှာ တစ်လခွဲကြာမြင့်ခဲ့ပြီး သမ္မာကျမ်းစာဝေမျှခြင်း ၊ ပန်းချီခြယ်သခြင်း စသည့်အကြောင်းအရာများလည်း ပါဝင်ခဲ့ပါသည်။ ဘုရားစကားလာရောက်သင်ကြားခဲ့သော ကလေးများကိုလည်း ဘုရားစကားသင်ကြားပြီးလျှင် ကလေးများအားကားဖြင့် အိမ်တိုင်ရာရောက် အကြိုအပို့အစီအစဉ်ပြုလုပ်ပေးခြင်းဖြင့် ကလေးများကို ဘုရားစကားသင်ကြားပေးခဲ့ပါသည်။၂၀၁၉ ခုနှစ် နွေရာသီမှ စတင်ကာ ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ဘုရားစကားသင်ခြင်းကို ရပ်နားထားခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီလလယ်မှစတင်ကာ ကလေးများကို ဘုရားကျောင်းတွင်စုဝေး၍ ဘုရားစကားသင်ကြားခြင်းကို ပြန်လည်အစပျိုးသင်ကြားခဲ့ရခြင်းလည်းဖြစ်ပါသည်။ News By - Pinky

#rvamyanmar #rvapastoralcare #LocalNews #rvamyanmarlocalchurchnews #Firstcommunion #ConfirmationDay

 

Add new comment

15 + 1 =