ပညာရေးတွင် လိင်ခွဲခြားဆက်ဆံမူမရှိရေး ကင်ညာဆရာတော်ကြီး အိုဘာနီ တိုက်တွန်း

အမျိုးသမီးငယ်များ ပညာရေးအတွက် အဓိကထား ဖွင့်လှစ်သော စိန့် ဂါဘရီအဲလ် ဘော်ဒါဆောင် ဖွင့်ပွဲ

ပညာရေးတွင် လိင်ခွဲခြားဆက်ဆံမူမရှိရေး ကင်ညာဆရာတော်ကြီး အိုဘာနီ တိုက်တွန်း
ဇူလိုင် ၃၀၊ ၂၀၁၉

ကင်ညာ နိုင်ငံ စီရင်ဘာရှိ ဘန်ဂိုမာ ကက်သလစ် တိုက်နယ် တွင် ဈေးသက်သက်သာသာဖြင့် အမျိုးသမီးငယ်များ ပညာရေးအတွက် အဓိကထား ဖွင့်လှစ်သော စိန့် ဂါဘရီအဲလ် ဘော်ဒါဆောင် ဖွင့်ပွဲတွင် ကာကာမီဂါ ဆရာတော် ဂျိုးဇက် အိုဘာနီမှ ကင်ညာနိုင်ငံအတွင်းရှိ ယောက်ျားလေး၊ မိန်ကလေး ခွဲခြားမူမရှိပဲ တန်တူပညာရေးမြှင့်တင်ပေးကြဖို့ လူမူ့အဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပါသည်။

ကင်ညာနိုင်ငံသည် ယခင်က ယောက်ျား မိန်မ တန်းတူပညားသင်းကြားရေးရှိခဲ့သော နိုင်ငံဖြစ်ကြောင်း ထို့အတွက်ကြောင့် ဆရာတော်ကြီးမှ မိမိယုံကြည်ကိုးကွယ်သောဘာသာတရားကြောင့် ပညာရေးတွင် ခွဲခြား ဆက်ဆံခံရမူမျိုး မရိုစေရန် နှင့် ကလေးငယ်များ အနာဂတ်လှပရေးအတွက် ပညာရေးမြှင့်တင်ပေးကြဖို့ သတိပေးပြေားကြားခဲ့ပါသည်။

ကင်ညာနိုင်ငံပညာရေးလောကတွင် လူငယ်များအတွက် ကိုယ်ကျင်တရားပိုင်ဆိုင်ရာ တန်ဖိုးများ ထည့်သွင်းသင်ကြားပေးဖို့ ဆက်လက်ပြီး ပညာရေးလောက တိုးတက်လာရန် ထောက်ပံကူညီပေးကြသော ပြည်တွင်းပြည်ပ စေတနာရှင်များကို ကျေးဇူးတင်ကြောင်း အဆောင်တာဝန်ခံမှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2KhziS0

Add new comment

1 + 0 =