ပင်တေကော့စ်ပွဲနေ့မစ္ဆားတရား တိုက်ခိုက်ခံရမှု လူ၅၀ ထက်မနည်းသေဆုံး

ပင်တေကော့စ်ပွဲနေ့မစ္ဆားတရား တိုက်ခိုက်ခံရမှု လူ၅၀ ထက်မနည်းသေဆုံး

ပင်တေကော့စ်ပွဲနေ့မစ္ဆားတရား တိုက်ခိုက်ခံရမှု လူ၅၀ ထက်မနည်းသေဆုံး

လွန်ခဲ့သော တနင်္ဂနွေနေ့ ပင်တေကော့စ်ပွဲနေ့တွင် နိုင်ဂျီးရီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို အမည်မသိသေနတ်သမားတစ်ယောက်က ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

Owo မြို့ရှိ စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်းတွင် ဝတ်ပြုနေသော ဘာသာတူအုပ်စုကို တိုက်ခိုက်ခဲ့သော သေနတ်သမားကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်းမြောက်များစွာ ဆေးရုံတင်ထားခဲ့ရသည်ဟု ဆရာဝန်တစ်ဦးက အတည်ပြုခဲ့သည်။

ထိုမြို့၏မြို့တော်ဝန်ဖြစ်သူကလည်း ကျန်ရစ်သူမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်တစ်ခုကို သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ရေးသားခဲ့ပြီး နစ်နာသူတို့အတွက်တရားမျှတမှုကို ရယူပေးရန် ပြောကြားထားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကလည်း ထိုအကြောင်းကိုကြားသည်နှင့်တပြိုင်နက် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး သေဆုံးသွားရသော အပြစ်မဲ့ဘာသာတူများ၊ကလေးငယ်နှင့်အမျိုးသမီးများအတွက်ဆုတောင်းပေးခဲ့သည်။ထို့အပြင် အမှုကိုစစ်ဆေးနေစဥ်ကာလအတွင်း နစ်နာသူများအတွက် ဝိုင်းဝန်းဆုတောင်းပေးကြရန်နှင့် သန့်ရှင်းသောဝိညာဥ်တော်၏နှစ်သိမ့်ခြင်းရစေမည့်အကြောင်း တောင်းလျှောက်ပေးကြရန်လည်း ထပ်လောင်းမေတ္တာရပ်ခံထားသည်။

နိုင်ဂျီးရီးယားသည် ကက်သလစ်ခရစ်ယာန် နှင့် ခရစ်ယာန်များအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်မှုခံနေရသောနိုင်ငံတစ်ခုဖြစ်ပြီး ယခုနှစ်များအတွင်း ထိုအကြမ်းဖက်မှုများ သိသိသာသာတိုးမြင့်လာနေပြီဖြစ်သည်ဟုဆိုသည်။

အာဗီအေ ဘာသာပြန်- Agnes Lawh Lun

Photo courtesy : Reuters
https://bit.ly/3tkv6Hi

Add new comment

4 + 3 =