နှုတ်ကပတ်တော်ဆောင်သိက္ခာ၊ ယဇ်ပလ္လင်အမှုဆောင်သိက္ခာငယ်ခံယူခြင်း

နှုတ်ကပတ်တော်ဆောင်သိက္ခာ၊ ယဇ်ပလ္လင်အမှုဆောင်သိက္ခာငယ် ခံယူခြင်း

နှုတ်ကပတ်တော်ဆောင်သိက္ခာ၊ ယဇ်ပလ္လင်အမှုဆောင်သိက္ခာငယ် ခံယူခြင်းမစ္ဆားတရား  မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ်၊ ရန်ကုန်၌ (၂၀.၉.၂၀၁၉) ညနေ (၅းဝဝ)နာရီက ကျင်းပခဲ့ပါသည်။

မစ္ဆားတရားတော်များအား ဘားအံ ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်မှ ဦးဆောင်ခဲ့ပါသည်။

နှုတ်ကပတ်တော်ဆောင်သိက္ခာခံယူသူ (၂၅) ပါး၊ယဇ်ပလ္လင်အမှုဆောင်သိက္ခာခံယူသူ(၂၅)ပါး တို့အား ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်မှ သိက္ခာအသီးသီးအားပေးအပ်ခဲ့ပါသည်။

နှုတ်ကပတ်တော်ဆောင်သိက္ခာကို ခံယူခဲ့သည့် ကိုရင်များသည် ၀တ်ပြုကိုးကွယ်ခြင်းအမှု၌ နှုတ်ကပတ်တော်ကျမ်းစာကိုဖတ်ကြားခြင်း၊ ၀မ်းမြောက်ဖွယ်ရာသတင်းများကိုဟောကြားခြင်းနှင့် ယုံကြည်ခြင်း၌ သွန်သင်နှိုးဆော်ခြင်း စသည့် တာဝန်များကို ထမ်းဆောင်ကြရပါသည်။

ယဇ်ပလ္လင်အမှုတော်ဆောင်သိက္ခာကို ခံယူကြသည့် ကိုရင်များသည် ၀တ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ၊ အထူးသဖြင့် မစ္ဆားယဇ်ပူဇော်ခြင်းအမှုတို့၌ ဦးပဥ္စင်းနှင့် ရဟန်းတို့အားကူညီပေးခြင်း၊ လိုအပ်သလို ကို်ယ်တော်မြတ်ပေးဝေခြင်း၊ဘာသာတူများ ကိုယ်တော်မြတ်ကို ဖူးမျှော်နိုင်ရန် ကိုယ်တော်မြတ် ဗိမာန်တော်မှာ ပင့်ဆောင်ပေးခြင်းနှင့် ပြန်လည်ပို့ဆောင်ပေးခြင်း၊၀တ်ပြုကိုးကွယ်ခြင်းအခမ်းအနားများအတွက် တရားထောက်များအား လေ့ကျင့်သင်ကြားပေးခြင်း၊နှင့် ဆင်းရဲသားများ၊ မကျန်းမာသော ဘာသာဝင်များအား ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်ပေးခြင်း၊ စသည့်တာဝန်များကိုဆောင်ရွက်ကြပါရပါသည်။

 

 

 

Zawgyi

ႏႈတ္ကပတ္ေတာ္ေဆာင္သိကၡာ၊ ယဇ္ပလႅင္အမႈေဆာင္သိကၡာငယ္ ခံယူျခင္း

ႏႈတ္ကပတ္ေတာ္ေဆာင္သိကၡာ၊ ယဇ္ပလႅင္အမႈေဆာင္သိကၡာငယ္ ခံယူျခင္းမစာၦးတရား  ျမန္မာႏုိင္ငံလံုးဆုိင္ရာ ရဟန္းျဖစ္တကၠသိုလ္၊ ရန္ကုန္၌ (၂၀.၉.၂၀၁၉) ညေန (၅း၀၀)နာရီက က်င္းပခဲ့ပါသည္။

မစာၦးတရားေတာ္မ်ားအား ဘားအံ ဂုိဏ္းအုပ္သာသနာမွ ဆရာေတာ္ႀကီး ဂ်က္စတင္းေစာမင္းသိုက္မွ ဦးေဆာင္ခဲ့ပါသည္။

ႏႈတ္ကပတ္ေတာ္ေဆာင္သိကၡာခံယူသူ (၂၅) ပါး၊ယဇ္ပလႅင္အမႈေဆာင္သိကၡာခံယူသူ(၂၅)ပါး တုိ႔အား ဆရာေတာ္ႀကီး ဂ်က္စတင္းေစာမင္းသိုက္မွ သိကၡာအသီးသီးအားေပးအပ္ခဲ့ပါသည္။

ႏႈတ္ကပတ္ေတာ္ေဆာင္သိကၡာကို ခံယူခဲ့သည့္ ကိုရင္မ်ားသည္ ၀တ္ျပဳကိုးကြယ္ျခင္းအမႈ၌ ႏႈတ္ကပတ္ေတာ္က်မ္းစာကိုဖတ္ၾကားျခင္း၊ ၀မ္းေျမာက္ဖြယ္ရာသတင္းမ်ားကိုေဟာျကားျခင္းႏွင့္ ယုံၾကည္ျခင္း၌ သြန္သင္ႏႈိးေဆာ္ျခင္း စသည့္ တာ၀န္မ်ားကို ထမ္းေဆာင္ၾကရပါသည္။

ယဇ္ပလႅင္အမႈေတာ္ေဆာင္သိကၡာကို ခံယူၾကသည့္ ကိုရင္မ်ားသည္ ၀တ္ျပဳကိုးကြယ္ျခင္း အခမ္းအနားမ်ား၊ အထူးသျဖင့္ မစာၦးယဇ္ပူေဇာ္ျခင္းအမႈတုိ႔၌ ဦးပဥၥင္းႏွင့္ ရဟန္းတို႔အားကူညီေပးျခင္း၊ လိုအပ္သလို ကို္ယ္ေတာ္ျမတ္ေပးေ၀ျခင္း၊ဘာသာတူမ်ား ကိုယ္ေတာ္ျမတ္ကို ဖူးေမွ်ာ္ႏုိင္ရန္ ကိုယ္ေတာ္ျမတ္ ဗိမာန္ေတာ္မွာ ပင့္ေဆာင္ေပးျခင္းႏွင့္ ျပန္လည္ပို႔ေဆာင္ေပးျခင္း၊၀တ္ျပဳကိုးကြယ္ျခင္းအခမ္းအနားမ်ားအတြက္ တရားေထာက္မ်ားအား ေလ့က်င့္သင္ၾကားေပးျခင္း၊ႏွင့္ ဆင္းရဲသားမ်ား၊ မက်န္းမာေသာ ဘာသာ၀င္မ်ားအား ခ်စ္ျခင္းေမတၱာျဖင့္ ေစာင့္ေရွာက္ေပးျခင္း၊ စသည့္တာ၀န္မ်ားကိုေဆာင္ရြက္ၾကပါရပါသည္။

Add new comment

3 + 5 =