နှိမ့်ချခြင်းသည် ကောင်းကင်သို့ပို့ဆောင်သောလမ်းဖြစ်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

နှိမ့်ချခြင်းသည် ကောင်းကင်သို့ပို့ဆောင်သောလမ်းဖြစ်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

နှိမ့်ချခြင်းသည် ကောင်းကင်သို့ပို့ဆောင်သောလမ်းဖြစ်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

ယနေ့အမိမယ်တော်ကောင်းကင်ဘုံ သို့ပင့်ဆောင်ခံရသည်ကိုမျှော်ငေးကြည့်ရင်း တိကျပြတ်သားစွာပြောနိုင်သည်ကား ‘နှိမ့်ချခြင်းသည် ကောင်းကင်သို့ပို့သောလမ်းဖြစ်သည်’ ဟုဖြစ်သည်။ ဘုရားသခင်သည် နှိမ့်ချသူတို့ကိုချီးမြှောက်သည်။ ယေဇူး သခင်သည်လည်း ‘မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းခံရလိမ့်မည်’ ဟုမိန့်ကြားထားသည်။ (သံလုကာ ၁၄း၁၁) ဘုရားသခင်သည် ကျွန်ုပ်တို့၏ထက်မြတ်သောအစွမ်းအစ၊ ဥစ္စာများ၊ အဘယ်မျှစွမ်းဆောင်အောင်မြင်ခဲ့သည်ကိုထောက်၍ မြှောက်စားလိမ့်မည်မဟုတ်။ ကျွန်ုပ်တို့၏နှိမ့်ချခြင်းကြောင့်သာမြှောက်စားလိမ့်မည်။

မိမိကိုယ်ကို လောကအရာများနှင့်ဖြည့်ဆည်းထားသူများသည် ဘုရားသခင်အတွက်နေရာမရှိတော့ပေ။ ဆင်းရဲသော သူတို့သာလျှင် ဘုရားသခင်ကိုလိုလားကြသူများဖြစ်သည်။ ဤကျင့်စဉ်သည် ခရစ်ယာန်ကောင်းတစ်ဦးအတွက် အခြေခံလိုအပ် ချက်ဖြစ်သည်။ အခါအားလျှော်စွာကျွန်ုပ်တို့သည် မိမိတို့၏အရေးကိစ္စများဖြင့်ပြည့်နေတတ်သည်။ ထို့ကြောင့်ဘုရားသခင်အ တွက်နေရာ၊ အချိန်မပေးနိုင်ကြ။ နှိမ့်ချသောသူများကသာ ဘုရားသခင်၏ကြီးမြတ်သောစီမံမှုကိုခံယူရကြသည်။ မိမိတို့ကိုယ်ကို ဆန်းစစ်ကြည့်ပါ။ ဆင်ခြင်ပါ။ ကျွန်ုပ်၏နှိမ့်ချခြင်းသည် အဘယ်သို့ဖြစ်သနည်း။ တစ်ခုခုလုပ်လျှင် အခြားသူများ၏အသိအမှတ်ပြု ခြင်းကိုခံချင်နေသလော။ ချီးမွှမ်းခံလိုသလော။ အလုပ်အကျွေးပြုနေသည့်အသိရှိသလော။ အခြားသူများစကားပြောသည်ကိုနား ထောင်တတ်သလော။ သို့မဟုတ် မိမိကသာတစ်ဖက်သတ်ပြော၍ သူတစ်ပါး၏အထင်ကြီးလေးစားမှုကိုရှာကြံလေ့ရှိသလော။ အမိမယ်တော်ကဲ့သို့ တိတ်ဆိတ်စွာနေတတ်သလော။ နေတတ်ရန်ကြိုးစားသလော။ သို့မဟုတ် အချိန်ပြည့်တစ်တွတ်တွတ် စကားပြောနေတတ်သလော။ နောက်ခြေတစ်လှမ်းပြန်ဆုတ်ပြီး၊ အချင်းများစရာ၊ အငြင်းပွားစရာကိုဆဲသွားအောင် ထိန်းချုပ် တတ်ပါသလော။ သူများထက်သာလွန်ချင်စိတ်ရှိသလော။ ကျွန်ုပ်တို့တစ်ဦးစီ ဤမေးခွန်းများကိုပြန်လည်ဆန်းစစ်ကြည့်ကြပါစို့။

လူတို့၏အကြည့်သည် မိမိအား‌ေ၀၀ါးဆန်းပြားစေသောအရာများ၌သာ မျက်စိကျနေစေတတ်သည်။ သို့သော်ဘုရား သခင်သည် အပေါ်အပြင်ရုပ်ဟန်ကိုမကြည့်။ ဘုရားသခင်သည် အတွင်းစိတ်ကိုသာကြည့်သည်။ နှိမ့်ချခြင်းဖြင့်ထွေးပွေ့ထား သောနှလုံးသားကိုသာကြည့်သည်။ အမိမယ်တော်၏လျို၀ှက်ချက်သည် နှိမ့်ချခြင်းဖြစ်သည်။ ကဗျာဆရာ Dante က မယ် တော်ကို အခြားသတ္တ၀ါအားလုံးထက်နှိမ့်ချသကဲ့သို့ မြင့်မားသောဖန်ဆင်းခံဖြစ်သည်ဟုဆိုရေးစပ်သီကုံးထားသည်။ ဖန်ဆင်း ခံများ၏သမိုင်း၌ အမိမယ်တော်သည် အနှိမ့်ချဆုံးနှင့်အမြင့်ဆုံးချီးမြှင့်ခံရသူ၊ ကောင်းကင်ဘုံသို့ကိုယ်၊ စိတ်၊ နှလုံးပါးဖြင့်ပင် ဆောင်ခြင်းကိုခံယူသော ပထမဦးဆုံးရခဲ့ သောဖန်ဆင်းခံလည်းဖြစ်သည်။ အမိမယ်တော်၏အသက်တာတစ်လျှောက်သည် အိမ် ရှင်မအဖြစ်အိမ်တွင်း၌သာဖြတ်သန်းကုန်ဆုံးခဲ့သည်။ သာမန်အသက်တာဖြင့်ရှင်သန်ခဲ့သည်။ နှိမ့်ချစွာရှင်သန်ခဲ့သည်။

အန်ဂျေလူးမေတ္တာဆိုပြီးနောက် ရဟန်းမင်းကြီးက အဖကန်နီစတန်နိုင်ငံအတွက်ဆုတောင်းပေးရန်၊ အဘယ်ကြောင့်ဆို သော် တာလီဘန်သူပုန်တို့၏သိမ်းပိုက်ခြင်းကိုခံထားရကြောင်း၊ ဤအခြေအနေသည် အမေရိကန်စစ်တပ်များနိုင်ငံအတွင်းမှပြန် လည်ရုတ်သိမ်းသွားပြီးနောက်ဖြစ်လာခဲ့သည်။
Ref: CNA
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #PopeFrancis #rvanews

Add new comment

2 + 8 =