နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေကြရန် ကက်သလစ်သတင်းထောက်များကို ပုပ်ဖရန်စစ်တိုက်တွန်း

နှလုံးသားဖြင့်သတင်းကောင်းဖြန့်ဝေကြရန် ကက်သလစ်သတင်းထောက်များကို ပုပ်ဖရန်စစ်တိုက်တွန်း

သောကြာနေ့က ရောမမြို့တွင် ပြင်သစ်နိုင်ငံမှ ကက်သလစ်သတင်းသမားများသည် ပုပ်ရဟန်းမင်း​ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့ကြသည်။အဆိုပါသတင်းထောက်များသည် သူတို့၏လေးရက်တာ ဝိညာဥ်ရေးဆန်းစစ်ထောက်ရှုမှုများကို ပြီးမြောက်ခဲ့ကြပြီဖြစ်သည်။

ပြင်သစ်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့လက်အောက်ရှိဆက်သွယ်ရေးကောင်စီမှ ထိုကက်သလစ်သတင်းထောက်များသည် ပြင်သစ်နိုင်ငံရှိ ကက်သလစ်သာသနာများ၊သူတော်စင်အဖွဲ့အစည်းများနှင့် ကက်သလစ်လူဝတ်ကြောင်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည်။၂၀၂၅ခုှုစ်တွင် ကျရောက်မည့် မျှော်လင့်ခြင်းဂျူဗလီနှစ်အတွက် ဝိညာဥ်ရေးမွမ်းမံမှုများပြုလုပ်ရန် ဗာတီကန်သို့လာရောက်စုရုံးကြခြင်းဖြစ်သည်။

အဆိုပါသတင်းထောက်များသည် ဗာတီကန်ရှိ တာဝန်ရှိပုဂ္ဂိုလ်တစ်ချို့ဖြစ်သော သတင်းကောင်းပြန့်ပွားရေးရုံးတော်မှ ဂိုဏ်းချုပ်ဆရာတော် Rino Fisichellaနှင့် ဆရာတော်များညီလာခံ၏အတွင်းရေးမှူးရုံးမှ Sister Natalieတို့နှင့်လည်း တွေ့ဆုံခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် လေပြွန်ရောင်သောဝေဒနါကြောင့် ကောင်းမွန်ပီသစွာမပြောနိုင်သည့်အတွက်လည်း ဦးစွာတောင်းပန်ခဲ့သည်။

 

 

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39TmA

Add new comment

2 + 0 =