နှလုံးဖောင်ဒေးရှင်း ၏ လုပ်ဆောင်နေမှုများကို Fr. Augustine နှင့် တွေ့ဆုံမေးမြန်းခြင်း။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာတွင်းရှိ ကျန်းမာရေးကော်မရှင် လက်အောက်တွင် ဖွဲ့စည်းထားသော နှလုံးဖောင်ဒေးရှင်း ၏ လုပ်ဆောင်နေမှုများကို ကျန်းမာရေးကော်မရှင် ဒါရိုက်တာ Fr. Augustine Win Myint နှင့် တွေ့ဆုံမေးမြန်းခြင်း။ နှလုံးဖောင်ဒေးကို စတင်ဖွဲ့စည်းခဲ့သူမှာ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ဇိန်ထုန်းဂရောင်မှ မတည်ငွေထည့်၍ စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိရပါသည် ။ နှလုံးဖောင်ဒေးရှင်းအနေဖြင့် နှလုံးရောဂါခံစားနေရသူများအား ဆေးဝါးများကို ပံ့ပိုးပေးခြင်း ၊ အကြီးစားခွဲစိပ်မှုများပြုလုပ်ရန် လိုအပ်ပါကလည်း တက်အားသရွေ့ကူညီပေးခြင်းများကို လုပ်ဆောင်ပေးတယ်လို့သိရှိရပါသည် ။ ၎င်းတို့၏ နှလုံးရောဂါနှင့်ပတ်သက်၍ ဝေဒနာရှင်များအပေါ် မည်ကဲ့သို့ ပံ့ပိုးကူညီပေးနေကြောင်းကို ကျန်းမာရေးကော်မရှင်တာဝန်ခံ Fr.Win Myint ကို မေးမြန်းကြည့်ရာ Fr.က အခုလိုပြောပြခဲ့ပါတယ် ။ နှလုံးဖောင်ဒေးရှင်းအနေဖြင့် လက်ရှိတွင် မန္တလေး ဂိုဏ်းချုပ်သာသနာအတွင်းရှိ အခက်အခဲရှိသော နှလုံးရောဂါသည် (၁၃) ဉီးအား ၎င်းတို့သောက်နေရသည့် သောက်ဆေးများ လစဉ်ပံ့ပိုးပေးနေကြောင်း ၊ အကြီးစားခွဲစိပ်မှုတစ်ခုကိုလည်း ငွေကျပ် (၁၅) သိန်း ပါဝင်ထောက်ပံ့ပေးဖူးကြောင်း များကိုသိရှိရပါသည်။ နှလုံးဖောင်ဒေးရှင်း၏ ရံပုံငွေကို ကဒ်စနစ်ဖြင့် လုပ်ဆောင်ထားကြောင်း ၊ အဓိက ဝင်ငွေမှာလည်း ၎င်းတစ်ခုတည်းသာြဖစ်ကြောင်း ၊ ကဒ်စနစ်တွင် တစ်ဦးလျှင် တစ်လ (၁၀၀၀) ကျပ် ပါဝင်ထည့်ဝင်ရကြောင်း ၊ စိတ်ဝင်စားသည့်မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်းသိရှိရပါသည် ။

Add new comment

4 + 1 =