နှလုံးခွဲစိတ်ရမည့် (၈) လသားကလေး၏ခွဲစိပ်စရိတ်အတွက် တိုကျိုအိုလံပစ်မှရရှိခဲ့သောငွေတံဆိပ်ကိုလေလံပစ်၍ ရောင်းချလှူဒါန်းခဲ့သူ

နှလုံးခွဲစိတ်ရမည့် (၈) လသားကလေး၏ခွဲစိပ်စရိတ်အတွက် တိုကျိုအိုလံပစ်မှရရှိခဲ့သောငွေတံဆိပ်ကိုလေလံပစ်၍ ရောင်းချလှူဒါန်းခဲ့သူ

နှလုံးခွဲစိတ်ရမည့် (၈) လသားကလေး၏ခွဲစိပ်စရိတ်အတွက် တိုကျိုအိုလံပစ်မှရရှိခဲ့သောငွေတံဆိပ်ကိုလေလံပစ်၍ ရောင်းချလှူဒါန်းခဲ့သူ

(၂၀၂၁) တိုကျို အိုလံပစ်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆွတ်ခူးခဲ့သူမှာ ပိုလန်နိုင်ငံသူ အားကစားမယ် Maria Andrejczyk ဖြစ်သည်။ သူသည် ‘လှံ’ ပစ်ပြိုင်ပွဲ၌ငွေတံဆိပ်ကိုဆွတ်ခူးခြံသည်။ ဤဆုတံဆိပ်သည် သူ၏ဘ၀တစ်ခု လုံးအတွက် ကမ္ဘာ့စာမျက်နှာ၌ နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။ သို့သော် (၈) လခ လေး၏ နှလုံးခွဲစိပ်မူအတွက်လိုအပ်နေသော ကုန်ကျစရိတ်အတွက် ထိုဆုတံဆိပ်ကိုလေလံတင်ရောင်းချပြီး လှူ ဒါန်းရန်ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဤသို့ဆုံးဖြတ်ချက်ချခဲ့သနည်းဟုမူငွေတံဆိပ်ဆုရှင်ကိုယ်တိုင်သည်လည်း လွန်ခဲ့သောနှစ်များ၌ အရိုးကင်ဆာ‌ေ၀ဒနာကိုခံစားနေခဲ့သူဖြစ်ပြီး၊ ကုသမူကိုခံယူခဲ့ရသူဖြစ်ခဲ့သည်။ ဤရောဂါကို တိုက်ခိုက်အောင်မြင်နိုင်ရန်အတွက် ‘ခြသ်ေ့’ တစ်ကောင်နှယ်ရုန်းကန်ခဲ့ရကြောင်း၊ နာကျင်မူလည်းပြင်းထန်လှသ ကဲ့သို့၊ စိတ်ဓာတ်လည်းအခါခါကျခဲ့ရကြောင်း၊ ထို့ကြောင့် ဤကလေး၏‌ေ၀ ဒနာကိုကောင်းစွာနားလည်သကဲ့သို့ မွေးကင်းစဖြင့် နှလုံးရောဂါကိုခံစားနေရသော Miłoszek Małysa ၏မိသားစု ခံစားချက်ကိုလည်းနားလည်ကြောင်း တွေ့ဆုံမေးမြန်းမူတစ်ခု၌ဖြေဆိုခဲ့သည်။

ငွေတံဆိပ်ကိုလေလံတင်ရာ၌ အမေရိကန်ဒေါ်လာ (၁၂၅၀၀၀) ရရှိလိုက်သည့်အတွက် ထိုကလေး၏ခွဲစိပ်ကုသစရိတ်အတွက်ပေးလှူမည်ဖြစ်ကြောင်း၊ ဤငွေသားဆုတံဆိပ်ကို ဂုဏ်ယူ၀င့်ကြွားစွာဖြင့်လွှဲပေးခဲ့သည်။ ဤဆု တံဆိပ်သည် သူ့အတွက်မှာမူ အောင်မြင်မူအထွတ်အထိပ်သို့ရောက်ရှိခြင်းမျိုးထက် ယုံကြည်ခြင်း၏သင်ကေတတစ် ခုအဖြစ်ခံယူထားပြီး၊ အခက်အခဲများကြားမှရုန်းကန်ရယူထားခြင်းဖြစ်ကြောင်းဖြင့် အသက် (၂၅) နှစ်ရှိ အိုလံပစ် ငွေတံဆုရှင်က သူ၏လူမူကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ဆုတံဆိပ်၏တန်ဖိုးအမှန်ကား နှလုံးသား၌ထဲ ၌အစဉ်ကျန်ရစ်နေမည်။ ဆုတံဆိပ်သည် အရာ၀တ္ထုတစ်ခုမျှသာဖြစ်သည်။ သို့သော် ဤ၀တ္ထုသည် အခြားသူတစ်ဦး အတွက် အလွန်အကျိုးကြီးမားပေမည်။ ဤငွေတံဆိပ်သည် လူ့အသက်ကိုကယ်တင်နိုင်သည်။ ထို့ကြောင့် ရှိုးကေ့စ် ထဲ၌ထား၍ဖုံအလိမ့်လိမ့်တက်စေမည့်အစား ပေးလှူလိုက်လျှင်ပို၍မြတ်သည်။ ထို့ကြောင့်သူသည် ဤသို့လှူဒါန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Eurosport Polska သတင်းဌာန၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

ထိုဆုတံဆိပ်ကို အားကစားမယ်မှ လေလံအောင်သွားသူအားလွှဲပေးလိုက်ပြီးနောက် ထင်မှတ်မထားသော လုပ်ရပ်တစ်ခုသည် ထိုအခမ်းအနားကိုကြည့်ရူနေသူအားလုံးကိုမှင်သက်သွားစေခဲ့၊ ကြည်နူးမျက်ရည်လည်စေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် လေလံအောင်သူ Żabka ကငွေပေးချေပြီးနောက် ထိုဆုတံဆိပ်ကို အိုလံပစ်ငွေတံ ဆိပ်ရှင်အားပြန်လည်ပေးအပ်ခဲ့သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဤသို့ပြုလုပ်ခဲ့ရသနည်းဟုမူ နိုင်ငံ့ဂုဏ် ဆောင်သောအိုလံပစ်ငွေတံဆတ်ဆုရှင်၏ အလွန်လှပပြီး၊ လေးစားအားကျဖွယ်ကောင်းသောစိတ်ထားသည် ၄င်းတို့ အားလုံးကို ကြည်နူးလေးစားသွားစေခဲ့သည်။ ထို့ကြောင့် နှလုံးခွဲစိတ်မူခံယူမည့် (၈) လကလေးအားကူညီရန် ရံပုံငွေ စတင်စုဆောင်းခဲ့ကြောင်း၊ ထို့အတူ ငွေတံဆိပ်ကိုလည်း အားကစားသမားထံပြန်လည်အပ်နှံရန်ဆုံးဖြတ်ခဲ့ကြောင်း ကိုလူမူကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားထားခဲ့သည်။

ထို့ကြောင့် (၈) လသားကလေးသည် ခွဲစိတ်မူစရိတ်ကိုခွဲစိတ်သည့်အချိန်၌ရရှိမည်ဖြစ်သည်။ ကလေးသည် လက်ရှိ၌ ပိုလန်နိုင်ငံတွင်ရှိနေပြီး၊ အထူးကြပ်မတ်စောင့်ရှောက်ပေးနေရကြောင်း၊ သူ၏သွေးမှာပုံမှန်ထက်များစွာတိုး နေကြောင်း၊ ထို့ကြောင့်သွေးကြောများပေါက်ထွက်နိုင်ပြီး၊ နှလုံး၊ အဆုတ်များကိုပါအန္တရာယ်ပေးနိုင်ကြောင်းဆိုပါ သည်။

(၂၀၂၁) တိုကျိုအိုလံပစ်ပြိုင်ပွဲပြီးဆုံးသွားခဲ့သည်မှာမကြာလှသေးပေ။ အားကစားသမားများသည် အခါအား လျော်စွာ ၄င်းတို့၏အားကစားစွမ်းရည်ဖြင့်သာ ပရိသတ်များကိုအံ့အားသင့်စေရုံမျှမက ၄င်းတို့၏အလွန်မွန်မြတ် သောစိတ်ထားများသည်လည်း ကျွန်ုပ်တို့ကိုလေးစားအားကျဂုဏ်ယူရသည်။ အိုလံပစ် ငွေဆုတံဆပ်ရှင်သည် တိုကျို အိုလံပစ်ပြိုင်ပွဲသို့မသွားမီက Onet.Sport သတင်းဌာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် သူ၏ဘာသာရေးယုံကြည်မူသည် အလွန်အခရာကျကြောင်း၊ သူ၏မိဘများသည် သူတို့မောင်နှမများအား ကက်သလစ်ဘာသာ၀င်အဖြစ် ပြုစုပျိုး ထောင်ပေးခဲ့ကြောင်း၊ သူ၏အော်မြင်မူများအားလုံးသည် ဘုရားသခင်၏အစီအမံများကြောင့်သာဖြစ်ကြောင်း၊ ဘုရား သခင်သည် သူ၏နောက်၌စောင့်ရှောက်အားပေးလျှက်ရှိကြောင်း၊ သူ့ဘ၀၌ဖြစ်ပျက်လာသမျှသည် ဘုရားသခင်၏အ လိုတော်ကြောင့်ဖြစ်ကြောင်းလက်ခံထားကြောင်း၊ မည်သည့်ပြိုင်ပွဲ၌မဆို ပြို်ငပွဲမစမီအမြဲဆုတောင်းလေ့ရှိကြောင်း ဖြေကြားခဲ့သည်။ ထို့အတူကျွန်ုပ်တို့ ဤဆောင်းပါးကိုဖတ်ရူနေသူများအနေဖြင့်လည်း နှလုံးခွဲစိတ်ရန်ရှိသော (၈) လသားလေး၏ခွဲစိတ်မူအောင်မြင်ပြီး၊ ပုံမှန်ဖွံ့ဖြိုးကြီးထွားလာကာ သူ၏အသက်ကိုကယ်ပေးခဲ့သော အိုလံပစ်အား ကစားဆုတံဆိပ်ရှင်နှင့်ဆုံတွေ့နိုင်ပါစေဟုဆုတောင်းပေးကြပါစို့။
Ref: Aleteia.org
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#RVAMyanmar #RVAPastoralcare #RVANews

Add new comment

1 + 10 =