နှစ် ၅၀၀ ပြည့်အပြီး ဖိလစ်ပိုင် ကက်သလစ်များ ယုံကြည်ခြင်း ဆက်လက်သယ်ဆောင်

နှစ် ၅၀၀ ပြည့်အပြီး ဖိလစ်ပိုင် ကက်သလစ်များ ယုံကြည်ခြင်း ဆက်လက်သယ်ဆောင်

နှစ် ၅၀၀ ပြည့်အပြီး ဖိလစ်ပိုင် ကက်သလစ်များ ယုံကြည်ခြင်း ဆက်လက်သယ်ဆောင်

စပိန်သာသနာပြုများဟာ ၁၅၂၁ ခုနှစ် ဖိလစ်ပိုင် ကျွန်းပေါ်ရောက်ရှိခဲ့ပြီး အခုဆိုရင် ယုံကြည်ခြင်းမျိုးစေ့တည်ခဲ့တာဟာ နှစ်၅၀၀ ပြည့်ပါပြီ။

ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲမှ ခရစ်ယာန်အများဆုံးရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ကက်သလစ် ဘာသာဝင်ဉီးရေ ၈၄ သန်း နဲ့ ကက်သလစ်အ များဆုံးနိုင်ငံတွေထဲမှာ တတိ ယ လိုက်ပါတယ်။

"ဖိလစ်ပိုင်ကက်သလစ်များရဲ့ ယုံကြည်ခြင်းဟာ ကြီးမားပါတယ်။ ၈၅ ရာခိုင်နှုန်း ကက်သ လစ် ဉီးရေနဲ့ လူမှုအဖွဲ့အစည်း ခိုင်ခိုင်မာမာရှိနေတာပါ။ ရုံး၊ ကျောင်း၊ စတိုးဆိုင် နေရာတိုင်းလိုလိုမှာလည်း မယ်တော်မာရီယားရဲ့ ပုံတော်တွေကို တွေ့မြင်ရပါလိမ့်မယ်" လို့ ရောမမြို့ အခြေစိုက် ပုပ်ရဟန်းမင်းကြီးအတည်ပြု ဖိလစ်ပိုင်လူမျိုးများရဲ့ ကောလိပ် ဒါရိုက်တာ ဘုန်းတော်ကြီး Fr.Gregory Ramon Gaston က ပြောကြားခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ပုပ်ဖရန် စစ်ဟာ ဖိလစ်ပိုင် သို့ ခရစ် ယာန်မျိုးစေ့ ကျခဲ့သည့် နှစ် ၅၀၀ အတွက် မစ္ဆားပူဇော်ပေးခဲ့ပါတယ်။

"ကျွန်ုပ်ဖိလစ်ပိုင်လူမျိုးတွေကို ရောမမြို့ နေရာအနှံ့မှာတွေ့ရတယ် ။ သူတို့တွေဟာ ယုံ ကြည်ခြင်းမျိုးစေ့ကို သူတို့သွားလေရာမှာသယ်ဆောင် ကြဲချသူတွေဖြစ်တယ်" လို့လည်း အရှင်သူမြတ်က မှတ်ချက်ပြုခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ ပုပ်ပေါလ် (၆) ဟာ ပထမဆုံး ဖိလစ်ပိုင်ကို အလည်အပတ်ကြွတဲ့ ပုပ်ဖြစ်ခဲ့ပါတယ်။ ပုပ်ဂျွန်ပေါလ် (၂) ကတော့ ၁၉၉၅ ခူနှစ်မှာ ကမ္ဘာ့လူငယ်များနေ့ကို ဖိလစ်ပိုင်မှာ ကြွရောက် ကျင်းပခဲ့တာဖြစ်ပြီး ပုပ်ဖရန်စစ် အရှင်သူမြတ်ဟာ ၂၀၁၅ ခုနှစ်မှာ ကြွရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: The Dominican Friars

https://bit.ly/2Slaejr

Add new comment

4 + 0 =