နှစ်ပေါင်း (၆၀၀) သက်တမ်းရှိ ပိုလန်မှမယ်တော်၏ပုံတော်ကိုရဟန်းမင်းကြီး ဖရန်စစ်ထံမှလက်ဆောင်ရ

နှစ်ပေါင်း (၆၀၀) သက်တမ်းရှိ ပိုလန်မှမယ်တော်၏ပုံတော်ကိုရဟန်းမင်းကြီး ဖရန်စစ်ထံမှလက်ဆောင်ရ

            ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့ကမွန်းတည့်ဆုတောင်းမေတ္တာဆုတောင်းအပြီး၌ဘုရား ဖူးများထံမှ ထူးခြားသော ဘာသာရေး၀တ္ထုများကိုကောင်းကြီးပေးခဲ့သည်။ ထိုထူးခြားသော၀တ္ထုမှာ
‘ရွှေရောင်နှင်းဆီပွင့်’ တစ်ပွင့်ဖြစ်ပါသည်။ ဤရွှေနှင်း ဆီးပွင့်သည် ပိုလန်နိုင်ငံရှိ Skalmierzyce မယ်တော်ထံကပ်လှူထားပြီး၊ ဤ၀တ္ထုသည် (၁၅) ရာစုကလက်ရာဖြစ်သည်။ ထို့ ကြောင့်ဤ၀တ္ထုသည် နှစ်ပေါင်း (၆၀၀) ကျော်သက်တန်းရှိပြီး၊ ပိုလန်ကာဒီနယ် Wyszyński ၏ခွင့်ပြုချက်ဖြင့်ပြန်လည်မွမ်းမံ ရေးချယ်ခဲ့သည်မှာ (၅၅) နှစ်သာရှိသေးကြောင်း၊ (၁၉၆၆) ခုနှစ်၌ ကာဒီနယ် Stefan Wyszyński မှ မယ်တော်အားသရဖူဆောင်း ပေးခဲ့သည်။ ထိုသရဖူကို ရဟန်းမင်းကြီးပေါလ် (၆) မှကောင်းကြီးပေးခဲ့ သည်။

ထိုမယ်တော်အားယနေ့ရဟန်းမင်းကြီးထံမှကောင်းကြီးခံယူခဲ့သောရွှေရောင်နှင်းဆီပွင့် ကိုကပ် လှူပူဇော်ထားမည်ဖြစ်သည်။ ကောင်းကြီးခံယူရန်အတွက် ဖာသာရ် Swavek က ရဟန်းမင်း ကြီးထံပင့် ဆောင်ကောင်းကြီးခံယူခဲ့သည်။ ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် Swavek အတွက်ထူးခြားသကဲ့သို့၊ နိုင်ငံအ တွက်၊မယ်တော်စံပယ်ရာဒေသရှိပြည်သူများအတွက်အလွန်အရေးကြီးသောလုပ်ရပ်ဖြစ်သည်။
ဤလက်ဆောင်ဖြစ်လာစေရန် အားလုံးမှထည့်၀င်လှူဒါန်းခဲ့ကြသည်။
ယခုရဟန်းမင်းကြီးထံမှကောင်းကြီးခံယူခဲ့ကြပြီးဖြစ်၍ ပိုလန်နိုင်ငံသို့ပြန်လည်ပင့်ဆောင် ၍ရဟန် မင်းကြီးမှကောင်းကြီးပေးထားသော ဒုတိယလက်ဆောင်ကို Skalmierzyce မယ်တော်အားကပ် လှူကြတော့မည်။

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်  

 

https://youtu.be/eG9sAP5zonk

Add new comment

1 + 0 =