နှစ်ပေါင်း တစ်ထောင်နီးပါး ကြာပြီးမှ ပုပ်ရဟန်းမင်း၏ နေအိမ်ကို အများပြည်သူလေ့လာနိုင်အတွက် ဖွင့်လှစ်ခဲ့ခြင်း

နှစ်ပေါင်း တစ်ထောင်နီးပါး ကြာပြီးမှ ပုပ်ရဟန်းမင်း၏ နေအိမ်ကို အများပြည်သူလေ့လာနိုင်အတွက် ဖွင့်လှစ်ခဲ့ခြင်း

နှစ်ပေါင်း တစ်ထောင်နီးပါး ကြာပြီးမှ ပုပ်ရဟန်းမင်း၏ နေအိမ်ကို အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ခြင်း

 

ဗာတီကန်သည် ကက်သလစ်ဘုရားကျောင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ နေအိမ်ဖြစ်ခြင်းကြောင့် အထင်ကရ နေရာ ဖြစ်သည်။ သို့သော် ရောမမြို့ရှိ ဆရာတော်ဘုရားကျောင်းတိုက် စိန့်ဂျွန် Basilica ၏ ဘုရားကျောင်းနှင့် ချိတ်ဆက်ထားသော Lateran Apostolic နန်းတော်တွင် ပုပ်ရဟန်းမင်းကြီးများသည် နှစ်ပေါင်း တစ်ထောင်နီးပါး နေထိုင်ခဲ့သည်။ ၁၆ ရာစုတွင်   Pope Sixtus V လက်ထက်တွင် ပြန်လည်မွမ်းမံခဲ့ပြီး ယနေ့တွင် ရောမမြို့၏ ဂိုဏ်းချုပ်ရုံးများကို ထားရှိကာ ၎င်း၏အတွင်းပိုင်းအား Missionaries of Divine Revelation သူတော်စင်ဂိုဏ်းမှ စီစဉ်သော လမ်းညွှန်ဧည့်ခံများမှတစ်ဆင့် အများပြည်သူအတွက်သာ ဖွင့်လှစ်ထားသည်။

သို့သော်ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် Vicar ထံ စာတစ်စောင် ရေးခဲ့ပြီး အထူးသဖြင့် မျိုးဆက်သစ်တွေ ဒီနေရာတွေမှာ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို လေ့လာနိုင်အောင် Lateran Apostolic နန်းတော်ကို အများပြည်သူအတွက် ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့သလို အရှင်သူမြတ်၏ အလိုဆန္ဒ လည်းဖြစ်တယ်။ အသင်းတော်၏သမိုင်းသာမက ရောမမြို့၏သမိုင်းကြောင်းလည်းဖြစ်တယ်လို့ Missionaries of Divine Revelationအသင်းဂိုဏ်း Sr Agnese Scavetta ကဆိုပါတယ်။

အသင်းတော်သည် လောကီရေးရာ တန်ခိုးအာဏာ ကို ဆုံးရှုံးသွားသည့် သိသာထင်ရှားသည့်အခိုက်အတန့်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအား အီတလီနိုင်ငံတော်၏ အကျဥ်းသားအဖြစ် သတ်မှတ်ခြင်းခံရသော ရောမမေးခွန်းများကို ပဋိညာဥ် စာချုပ်ချုပ်ဆိုခြင်းအားဖြင့် အဆုံးသတ်ခဲ့ကြောင်း အဲ့ဒါကြောင့် ပဋိညာဥ် စာချုပ်အားဖြင့်အသင်းတော်ကလွတ်လပ်ပြီး အချုပ်အခြာအာဏာ အပြည့်အဝရရှိပြီး အသိအမှတ်ပြုခြင်းခံရသည်။ ပုပ်ရဟန်းမင်းကြီး၏ တိုက်ခန်းများသည် တခြား နန်းတော်၏ အခန်းများလိုပဲ ရိုးရှင်းပြီး ကျက်သရေရှိသည့် ပုံစံမျိူးဖြစ်သည်။ နောက်ဆုံး၌ ရိုးရှင်းတဲ့ ပုပ်ရဟန်းမင်းကြီး၏ သီးသန့်ဘုရားရှိခိုးခန်းရှိတယ်။ ထိုဘုရားရှိခိုးခန်းဟာ ဘုရားသခင်ကို မှီခိုအားထားနေရသော ဆင်းရဲတဲ့ ရဟန်းဘဝအသက်တာကို ဖော်ကျူးတဲ့ အနေနဲ့ ရိုးရိုးရှင်းရှင်းသဘာဝအတိုင်း ပြုလုပ်ထားတယ်။ ဒီခန်းမကြီးများကို ကျော်ဖြတ်သွားရင် ပုပ်ရဟန်းမင်းကြီးရဲ့ ရောမမြို့၏ဆရာတော်ဖြစ်ကြောင်း၊ခရစ်တော်သခင်၏ ကိုယ်စားလှယ်ဖြစ်ကြောင်း၊ အသင်းတော်ရဲ့ သိုးထိန်းဖြစ်ကြောင်း၊ ပေတရု၏ အရိုက်အရာကို ဆက်ခံသူဖြစ်ကြောင်းကို အောက်မေ့သတိရစေပါတယ်လို့  Sr Agnese က ဆိုပါသည်။

 

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3tjwJpo

 

Add new comment

4 + 4 =