နှစ်စဉ်ကျင်းပခဲ့သောကယ်တင်ရှင်ဘုရား၏ပွဲတော်အား ကိုဗစ် (၁၉) ကြောင့်မကျင်းပတော့ကြောင်း အဲလ်ဆာဗာဒေါ နိုင်ငံက ဖျက်သိမ်း

နှစ်စဉ်ကျင်းပခဲ့သောကယ်တင်ရှင်ဘုရား၏ပွဲတော်အား ကိုဗစ် (၁၉) ကြောင့်မကျင်းပတော့ကြောင်း အဲလ်ဆာဗာဒေါ နိုင်ငံက ဖျက်သိမ်း

နှစ်စဉ်ကျင်းပခဲ့သောကယ်တင်ရှင်ဘုရား၏ပွဲတော်အား ကိုဗစ် (၁၉) ကြောင့်မကျင်းပတော့ကြောင်း အဲလ်ဆာဗာဒေါ နိုင်ငံက ဖျက်သိမ်း

အဲလ်ဆာဗာဒေါ၏ဂိုဏ်းချုပ်ဆရာတော် Jose Luis Escoba Ala ကနှစ်စဉ်ကျင်းပလာခဲ့သောကယ်တင်ရှင်ဘုရား၏ပွဲ တော်ကိုကူးစက်ရောဂါဆိုးကြီးကြောင့်ယခုနှစ်၌မကျင်းပတော့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။

အဲလ်ဆာဗာဒေါ (El Salvador) ၏အနက်ကားစပိန်ဘာသာစကားအားဖြင့်ကယ်တင်ရှင်ယေဇူးခရစ္စတူးဟုအနက်ရသည်။ ယေဇူးခရစ္စတူးကိုနိုင်ငံအားမှိုင်းမကွယ် ကာရန်အပ်နှံထားသည်။ ဤပွဲကိုနှစ်စဉ်ဩဂုတ်လ (၅၊ ၆) ရက်နေ့များတွင်ကျင်းပခဲ့သည်။

ပွဲတော်၏နောက်ဆုံးနေ့၌ကယ် တင် ရှင်၏ဆင်းတုတော်ကိုပင့်ကြီစီတန်းလှည့်လည်လေ့ရှိခဲ့သည်။ အဲလ်ဆာဗာဒေါနိုင်ငံသည်လည်း ကိုဗစ် (၁၉) ၏သနားညှာတာမူကင်းမဲ့စွာတိုက်ခိုက်ခြင်းကိုအလူးအလဲခံခဲ့ရသည်။ ရောဂါသည်လျော့သွားသည်ဟုမတွေ့ရဘဲပိုမိုတိုးလာနေသည်။ ထို့အတူရောဂါကူးစက်ခံစားနေရသူများ၊ သေဆုံးသူဦးရေများတိုး လာနေသည်။ ဤရောဂါကြောင့်မိသားစုများစွာသည် တစ်ဦးမကရောဂါခံစားနေရသည်များ၊ ဖျားနာနေကြသူများလည်းရှိနေသည်။ တချို့သည်မိသားစုတစ်စုလုံးကူးစက်ခံရသည်များလည်းရှိသည်။ အချို့မိသားစုသည်ကွယ်သူများအတွက်ဖြေမဆည်နိုင်အောင်ခံ စားနေကြရသည်။

ဤအခြေအနေ၌လူအားဖြင့်ဘာမျှမတတ်နိုင်၍ အားလုံးစုံကိုတတ်နိုင်သောဘုရားသခင်ထံအသနားခံဆု တောင်းရန်သာရှိတော့၍ဆုတောင်းရန်ဘာသာတူများအားတိုက်တွန်းထားကြောင်း၊ ကယ်တင်ရှင်ကပိုမိုကောင်းမွန်သောအခြေအ နေတစ်ခုကိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်တစ်ကိုယ်ကောင်းစိတ်များကိုချန်ထား၍ မိမိတို့၏အကူအညီကိုအထူးလို အပ်နေသောအိမ်နီးနားချင်းများနှင့်ဤရောဂါခံစားနေသူများကိုကူညီပေးကြရန်၊ နှစ်စဉ်ကျင်းပသကဲ့သို့ခမ်းနားစွာမကျင်းပသော် လည်းအစဉ်အလာမပြတ်ကျင်းပမည်ဖြစ်ကြောင်း၊

ပွဲနေ့မစ္ဆားကိုရုပ်မြင်သံကြား၊ ရေဒီယိုနှင့်လူမူကွန်ရက်များမှထုတ်လွှင့်ပေးသွား မည်ကြောင်း၊ ယခုနှစ်သည်ယခင့်ယခင်နှစ်များကထက်ဘုရားသခင်၏သနားခြင်းနှင့်ဤရောဂါကပ်ဆိုးကြီးအမြန်ဆုံးကင်းပျောက်စေရန်တိုးလျှိုးတောင်းခံရန်တိုက်တွန်းထားကြောင်း၊ အဲလ်ဆာဗာဒေါအနေဖြင့်ပြီးခဲ့သောရက်တတ္တပတ်များကကူးစက်သူတိုးလာပြီး၊ အသေအပျောက်များလည်းအလွန်များလာသောကြောင့်မထိန်း သိမ်းနိုင်တော့သည့်အခြေအနေအဖြစ်လည်းသမ္မတ ကကြေငြာခဲ့ရ သည်။ ထို့ကြောင့်ဒုတိယအဆင့်အဖြစ်ကြေငြာရန်မှာမဖြစ်နိုင်သေးကြောင်း၊ ထို့ကြောင့်ဒုတိယအကြိမ်သက်တမ်းထပ်မံတိုးခဲ့ရာ အစိုးရ၏ ကိုင်တွယ်မူအားနည်းချက်ကိုပြည်သူများဆန္ဒပြခဲ့ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/33ax00z

Add new comment

5 + 8 =