နွေဉီးတော်လှန်ရေး၌ ကျဆုံးသော အာဇာနည်များအတွက် ကက်သလစ် ခရစ်ယာန် သီလရှင်များ ဆုတောင်းမေတ္တာပို့

နွေဉီးတော်လှန်ရေး၌ ကျဆုံးသော အာဇာနည်များအတွက် ကက်သလစ် ခရစ်ယာန် သီလရှင်များ ဆုတောင်းမေတ္တာပို့

နွေဉီးတော်လှန်ရေး၌ ကျဆုံးသော အာဇာနည်များအတွက် ကက်သလစ် ခရစ်ယာန် သီလရှင်များ ဆုတောင်းမေတ္တာပို့

မြန်မာနိုင်ငံမှာ၂၀၂၁ ဖေဖော် ဝါရီ ၁ ရက်နေ့ကထဲက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက် လက်ဖြစ်ပွားလျှက်ရှိကာ ထိုတိုက်ပွဲအတွင်း အသက်စတေးခဲ့ကြသူများ အတွက် မြန်မာပြည် မှာသာသနာပြုလျှက်ရှိကြတဲ့ ကက်သလစ်သီလရှင်များဟာ အထူးမေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ပေးခဲ့ကြပါတယ်။

မန္တလေးမြို့ ၈၂ လမ်း မှ စိန့်ဂျိုးဇက် ကက်သလစ်သီလရှင်များဟာ မတ်လ ၆ ရက်နေ့ညနေမှာ Rest In Peace (R.I.P) ဆိုတဲ့ စာလုံးကို ဖ ယောင်းတိုင်မီးများထွန်းကာ စာလုံးဖော်ခြင်းဖြင့်၎င်း၊ လွမ်းသူပန်းခွေ ချ၍ ၎င်း၊ ကွယ် လွန်သူများအတွက် ဆိုရတဲ့ ဓမ္မသီချင်းများ ကို၎င်း သီဆိုကာ ကွယ်လွန်သူအာဇာနည်များအား အလေးပြုရင်း ဆုတောင်းပေးခဲ့ကြပါတယ်။

"မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ ဝမ်း နည်းဖွယ်ရာ အနိဌာရုံများ၊ အများကောင်းကျိုးအတွက် အသက်ပေးသွားကြတဲ့ သားငယ် သမီးငယ် ညီအကိုမောင်နှမအားလုံးအတွက်၊ မိမိတို့ဘာသာတရား အသီးသီးရဲ့ ကောင်းရာနိဗာန်ဘုံရောက်ရှိနိုင်ကြစေဘို့ အတွက် ကျမတို့တတ်နိုင်တာလေးပြုလုပ်ပေးတာပါ။ သာသ နာပြုတပါးအနေနဲ့ တထူးတခြားမပါဝင်နိုင်ပေ

မယ့်လည်း အခုချိန်မှာ ဒီမိုကရေစီအတွက် ရှေ့ထွက်တိုက်ပွဲဝင်နေကြတဲ့ သားသမီးအား လုံး ဘေးကင်းကြဘို့၊ မြန်မာပြည်ငြိမ်းချမ်းပြီးစစ်မှန်တဲ့ဒီမိုကရေစီရဘို့ နေ့စဉ် အထူးဆုတောင်းပေးနေပါတယ်" လို့ စိန့်ဂျိုးဇက် သီလ ရှင်တပါးဖြစ်တဲ့ စစ္စတာရ် လူစီ က ပြောကြားခဲ့ပါတယ်။

သတင်းဓာတ်ပုံ

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

#BurmaSpringMovement

#peaceandjusticeformyanmar

#prayforthedead

Add new comment

7 + 3 =