နွမ်းပါးသူများအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ ဂျေဆွိဘုန်းတော်ကြီး ပျံလွန်

နွမ်းပါးသူများအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ ဂျေဆွိဇ်ဘုန်းတော်ကြီး ပျံလွန်

နွမ်းပါးသူများအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့သူ ဂျေဆွိဇ်ဘုန်းတော်ကြီး ပျံလွန်

 

အိန္ဒိယနိုင်ငံမှ လူ့အသိုင်းအဝိုင်းမှာ အနွမ်းပါးဆုံးသူများအား ကူညီပေးသူ ဂျေဆွိဇ် ဘုန်းတော်ကြီး ဖာသာရ်စတဲန်ဆွာမိဟာ ဂျုလိုင်လ ၅ ရက်နေ့မှာ ပျံလွန်သွားပြီဖြစ်ပါတယ်။ သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဖာသရ်ဆွာမိဟာ အများအတွက် ကြိုးပမ်း လုပ်ဆောင်ရင်း ၈ လကြာအကျဉ်းထောင်ထဲံ၌ နေခဲ့ရသူဖြစ်ပါတယ်။

Fr. Stanislaus Lourduswamy သို့မဟုတ် Fr. Stan Swamy ဟာ တရားရုံမှာ ၎င်းအားရုံးထုတ်မည့် ကြေငြာထားသည့်ရက်မတိုင်ခင်မှာပျံလွန်သွားခြင်းဖြစ်ကြောင်းနဲ့ ကျန်းမာရေးအခြေအနေကြောင့် ရုံးထုတ်ရက်ကိုလည်း ဆိုင်းငံ့ထားခဲ့တယ်လို့ဆိုပါတယ်၊

ဖာသာရ်ဟာ ယခင်အခေါ် ဘုံဘေ၊ ယခု မွန်ဘိုင်း Holy Family ဆေးရုံမှာ ကိုဗစ်ရောဂါနဲ့ ပျံလွန်သွားတာပါ။ နွမ်းပါးသူများအတွက် နဲ့ ၎င်းတို့ရဲ့ ဂုဏ်သိက္ခာအတွက်ကို တစိုက်မတ်မတ်ကြိုးပမ်းပေးခဲ့တဲ့ ဖာသာရ်ဆွာမိ ပျံလွန်ကြောင်းကို ၎င်းရဲ့အသင်းဂိုဏ်း၊ နယ်စည်းဘုန်းတော်ကြီး မှ အတည်ပြုကြေငြာခဲ့ပါတယ်။

ဖာသာရ်ဆွာမိ ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး  ကမ္ဘာတဝှမ်းမှ ဂျေဆွိဇ်အသင်းသားများနဲ့ ကမ္ဘာ့ခေါင်းဆောင်များက ၎င်းအားလွှတ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။

မေလ ၂၉ ရက်နေ့မှာ ဖာသာရ်ဆီမှာ ကိုဗစ်ပိုးရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့တာပါ။ ဖာသာရ်ဆွာမိဟာ အိန္ဒိယတောင်ပိုင်း Tamil Nadu ပြည်နယ် က လယ်သမားမိသားစုလေးက မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၂၀ မှာ ဂျေဆွိဇ် အသင်းဂိုဏ်းကိူဝင်ရောက်ခဲ့သူဖြစ်ကာ ရဟန်းဘဝနဲ့ နစ် ၅၀ ကျော် ပေးဆပ်အမှုတော်ထမ်းကာ သက်တော် ၈၄ နှစ်မှာ ပျံလွန်သွားတာဖြစ်ပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of CNA

https://bit.ly/3xpUxY0

Add new comment

1 + 0 =