နွမ်းပါးသည့်မိသားစု များအတွက် ကက်သလစ်ရဟန်းတပါးမှ ကိုယ်တိုင် ပေါင်မုန့်များဖုတ် ၍ဝေပေးခြင်း

နွမ်းပါးသည့်မိသားစု များအတွက် ကက်သလစ်ရဟန်းတပါးမှ ကိုယ်တိုင် ပေါင်မုန့်များဖုတ် ၍ဝေပေးခြင်း

နွမ်းပါးသည့်မိသားစု များအတွက် ကက်သလစ်ရဟန်းတပါးမှ ကိုယ်တိုင် ပေါင်မုန့်များဖုတ် ၍ဝေပေးခြင်း

အမေရိကား Costa Rica မှ ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် Geison Ortiz Marin ဟာ ကိုဗစ် အချိန်အတွင်း နွမ်းပါးသည့် မိသားစုများအတွက် ကိုယ်တိုင် ပေါင်မုန့်များဖုတ်ဝေခဲ့ပါသည်။

၄င်းသည် အသက် ၁၅ နှစ် ကပင် မိသားစုကို ကူညီရန်အတွက် ကျောင်းထွက်ကာ အသက်မွေး၀မ်းကျောင်းနှင့် စား၀တ်နေရေးအတွက် ရုန်းကန်ခဲ့ရသူတဉီးဖြစ်ခဲ့​ကာ ကြီးမားသည့် မိသားစု စီးပွားရေး အကြပ်အတည်းများကို ကြုံတွေ့ ခဲ့ဖူးသူဖြစ်ပါသည်။ ကျောင်းထွက်ပြီး အနီးနားမှ မုန့်ဖုတ်လုပ်ငန်း တခုတွင် ၅ နှစ်တာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း

ဘ၀မှာ တကယ်လိုအပ်တဲ့ အသက်မွေးအတတ်ပညာတခု ကို ကျနော် သင်ယူမိလိုက်ပါပြီလို့ ၄င်းက ဆိုပါတယ်။

ဖာသာရ် ဟာ မုန့်ဖုတ်အတတ်ပညာကို ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်​ကြောင်း၊ အသက် ၂၁ နှစ်တွင် ရဟန်းဖြစ်သင်ကျောင်းသို့၀င်ခဲ့ကာ ယခုတွင်တော့ ရဟန်းဝါတော် ၁၀ နှစ် ရှိပြီဖြစ်ပါသည်။

ကိုဗစ် ၁၉ ကြောင့် ဒုက္ခသည် အများပိုင်းဟာ ဆာလောင်နေကြပြီး ကျောင်းတံခါး ကိုလာခေါက်နေကြကြောင်း

ဒီအချိန်ဟာ ကျနော့ ဘဝအရင်းအမြစ် ကို ပြန်သွားရမဲ့ ဘုရားခွင့်ပြုထားတဲ့ အချိန်ဖြစ်တယ်လို့ ကျနော်ယုံကြည်လက်ခံထားပါတယ်။ ဒီအချိန်မှာ လိုအပ်နေတဲ့ ညီအကိုမောင်နှမများနဲ့ တစိတ်တ၀မ်းတည်းရှိကာ ထူးခြားနည်းလမ်းတွေနဲ့ သူတို့ဆီအရောက်သွားနိုင်ဘို့ အဓိက အချိန်ဖြစ်ပါတယ် လို့ ဖာသာရ် Ortiz က CNA ကိုပြောကြားခဲ့ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2WuSCjy

Add new comment

13 + 6 =