နံနက် ၄း၀၀ နာရီ ကိုယ်တော်မြတ်ဖူးရန်နိုးထလေ့ရှိတဲ့ နိုင်ဂျီးရီးယားဆရာတော်ကြီး သက်တော် ၁၀၁ ပြည့်ပြီ

နံနက် ၄း၀၀ နာရီ ကိုယ်တော်မြတ်ဖူးရန်နိုးထလေ့ရှိတဲ့ နိုင်ဂျီးရီးယားဆရာတော်ကြီး သက်တော် ၁၀၁ ပြည့်ပြီ

နံနက် ၄း၀၀ နာရီ ကိုယ်တော်မြတ်ဖူးရန်နိုးထလေ့ရှိတဲ့ နိုင်ဂျီးရီးယားဆရာတော်ကြီး သက်တော် ၁၀၁ ပြည့်ပြီ

 

 နိုင်ဂျီးရီးယားနိုင်ငံ၊ Edo ပြည်နယ်၊ Auchi သာသနာမှ ကက်သလစ်ဘာသာတူများသည် ယမန်နေ့၊ ဖေဖော်၀ါရီလ (၁၂) ရက်နေ့က ဆရာ တော် (ငြိမ်း) Thomas Oleghe ၏နှစ် (၁၀၁) ပြည့်မွေးနေ့ပွဲကိုကျင်းပခဲ့ကြသည်။

 ဆရာတော်သည် နိုင်ဂျီးရီးယားနိုင်ငံ တစ်၀န်း၌ သက်တော်အကြီး ဆုံးဘုရားအမှုတော်ဆောင်ဖြစ်ပြီး၊ သူသည် ၀ိညာဉ်ရေးရာများ၌ တက်ကြွဆဲရှိသေးကြောင်း၊ ဆရာတော်အနေဖြင့် ဘုရားသခင်၏အမှုတော်ကို ရက်ရောစွာဆက်ကပ်ခဲ့သည့်အတွက်ချီးမွမ်းဂုဏ်ပြုသင့်ကြောင်းရဟန်းတော်များကပြောဆိုခဲ့ကြသည်။

ဆရာတော်သည် ယခုအသက်အရွယ်၌ပင် နံနက် (၄) နာရီတွင်အိပ်ယာထပြီး၊ သူ၏ဆုတောင်းမေတ္တာများ၊ မစ္ဆားပူဇော်ခြင်းများဖြည့်ဆည်းကိုပြုသကဲ့သို့ ညနေပိုင်း (၄) နာရီအချိန်၌လည်း စိတ်ပုတီး (၄) ကုံးစိတ်လေ့ရှိကြောင်း၊ အလွန်ကြည်ညိုဖွယ်ရာဖြစ်ကြောင်း၊ ယခုကဲ့သို့သက်တော်ရှည်ခြင်းသည် ဘုရားသခင်၏ကတိတော်ဖြစ် သော သမ္မာတရားနှင့်၀ိညာဉ်တော်၌ သူ့အားအစေခံသောသူသည် အသက်ရှည်ခြင်းနှင့်ကျန်းမာခြင်းကောင်းကြီးကိုခံစားရခြင်းဖြစ်ကြောင်း။ ဘုရားသခင်၏နှိမ့်ချသောအစေခံဖြစ်ခြင်း အတွက်ဂုဏ်ယူကြောင်းဖြင့် ဂုဏ်ပြုဆုတောင်းပေးထားကြပါသည်။ 

 

အာဗီအေဘာသာပြန်- ဖာသာကလဲမင့်အားတယ်

https://bit.ly/3gEZ4it

Add new comment

2 + 1 =