နောင်တော်ဆုံးရှုံးရသည့်အတွက် ၄င်းအနေနဲ့ စိတ်နှလုံးခြင်း နီးကပ်လျက်ရှိကာ ဆုတောင်းပေးကြောင်း ပုပ်ဖရန်စစ်မှ ပုပ်ဘယ်နဒစ်အားဆို

အနားယူသွားပြီးဖြစ်တဲ့ ၁၆ ဆက်မြောက်ပုပ်ဘယ်နဒစ် အရှင်သူမြတ်၏ အရိုက်အရာကို ဆက်ခံခဲ့သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ပါပါးဘဲန်၏ နောင်တော် မွန်ဆီညော် ဂျော့ချ်ရာဇင်ဂါ ပျံလွန်သွားခြင်းအတွက် ဆုတောင်းခြင်းအားဖြင့် ထပ်တူရှိနေပါကြောင် ၀မ်းနည်းကြောင်း သဝဏ်လွှာကို ကြာသပတေးနေ့က ရေးသားပေးပို့ခဲ့ပါတယ်။

သက်တော် ၉၆ နှစ် ရှိပြီဖြစ်တဲ့ ပါပါးဘဲန်၏ နောင်တော်ဟာ ဂျာမနီနိုင်ငံ Regensburg ဆေးရုံမှာ ဗုဒ္ဓဟူးနေ့က ပျံလွန်သွားခဲ့တာပါ။

ပါပါးဖရန်စစ်၏သဝဏ်လွှာတွင်ရေးထားသည်မှာ-
ရိုသေလေးစားအပ်ပါသော ပါပါးဘယ်နဒစ်၊

သင်၏ချစ်လှစွာသောနောင်တော် ပျံလွန်သည့်သတင်းကို သတိတယနဲ့ ကျွန်ုပ်ဆီ အရင်ဆုံးသတင်းပေးခဲ့တယ်။ ယခုလိုစိတ်ထိခိုက်ဖွယ်ရာ အချိန်မှာသင်နှင့်အတူ ဆုတောင်းခြင်းအားဖြင့်နီးကပ်လျှက် အတူရှိနေပါတယ်။ ကျွန်ုပ်ရင်ထဲကလာတဲ့ ထပ်တူ၀မ်းနည်းခြင်းကို ဖော်ပြလိုပါတယ်။

သစ္စာရှိသောငယ်သားကောင်းဖြစ်တဲ့ နောင်တော် ဂျော့ချ်၏ဝိညာဉ်သည် သနားကြင်နာတော်မူသော အဖမှ ကြိုဆိုလက်ခံခြင်းခံရပြီး ထာဝရသုခချမ်းသာဆုလာဒ်ကိုပေးတော်မူပါစေ။

လေးစားအပ်ပါသောပါပါးဘဲန် အတွက်လည်းကျွန်ုပ်ဆုတောင်းပေးနေပါတယ်။ မျှော်လင့်ခြင်းနှင့်ငြိမ်းချမ်းခြင်း၏ မူလရင်းဖြစ်သော ရှင်ပြန်သောယေဇူးသခင်၌ အမြဲအတူပေါင်းစပ်လျှက်

လေးစားရိုသေချစ်ခင်ခြင်းတို့ဖြင့်

ဖရန်စစ်
ဂျူလိုင် ၂၊ ၂၀၂၀ ဗာတီကန်

ဟုရေးသားခဲ့ပါကြောင်းဗာတီကန်သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2NNcHxk

Add new comment

1 + 3 =