နောင်တစ်ချိန်တွင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့် ရသေ့တစ်ပါး က တည်ထားခဲ့သော (Basilica) ဘုရားကျောင်းတော်ကြီးသို့ ဘုရားဖူးအလည်တစ်ခေါက်

နောင်တစ်ချိန်တွင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့် ရသေ့တစ်ပါး က တည်ထားခဲ့သော (Basilica) ဘုရားကျောင်းတော်ကြီးသို့ ဘုရားဖူးအလည်တစ်ခေါက်

Collemaggio တောင်ကုန်းမှ Santa Maria ဘုရားကျောင်းတော်ကြီးကိုပဉ္စမမြောက် ပုပ်ရဟန်းမင်းကြီး စီလက်စတင်း (Celestine) က တည်ထားခဲ့သည်။ရဟန်းမင်းကြီးသည် သူ၏ “ခွင့်လွှတ်ခြင်းတရား” စာချွန်တော် (Papal Bull ofForgiveness) အတွက် အောက်မေ့သတိရစေခြင်းနှင့် ပုပ်ရဟန်းမင်းကြီးဆိုင်ရာထီးနန်းစွန့်သော ဝိနည်းများကို စတင်တည်ထောင်ခြင်းအတွက်ဘုရားကျောင်းတော်ကြီးကို တည်ထားခဲ့သည်။

အီတလီနိုင်ငံ အလယ်ပိုင်း Abruzzo ဒေသတွင် တည်ရှိသော L’Aquila မြို့သည်၂၀၀၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ငလျင်တချို့ကြောင့်  ပျက်စီးသွားခဲ့သည်။ထိုငလျင်ဒဏ်ကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ကြရုံသာမက တရားသူကြီးကခန့်မှန်းရန်ပျက်ကွက်ခဲ့သော ငလျင်ပညာရှင် အချို့ကိုလည်း ထောင်ချခဲ့သည်။

L’Aquila မြို့လေးသည် ငလျင်များဖြစ်ပေါ်ရာဒေသ ဟူ၍ လူသိများသော်လည်းပုပ်ရဟန်းမင်းကြီးအရိုက်အရာ စွန့်လွှတ်ခြင်းအတွက် သမိုင်းတွင်နေရာဖြစ်သော Santa Maria di Collemaggio Basilica (ဘုရားကျောင်းတော်ကြီး) အဖြစ် ပို၍ ထင်ရှားကျော်ကြားသည်။

Pietro အမည်ရှိ ရသေ့တစ်ပါးသည် ပုပ်ရဟန်းမင်းကြီးဖြစ်လာသည်

၁၂၇၄ ခုနှစ်တွင် Morrene မြို့မှ ရသေ့ Pietro (စီလက်စတင်း ရသေ့ဂိုဏ်းကိုတည်ထောင်သူ) သည် လိုင်ယွန်မြို့တွင်ကျင်းပသော သာသနာ့ညီလာခံအစည်းအဝေးကြီးကို ပါဝင်တက်ရောက်ရန်အတွက် L’Aquila မြို့ကို ဖြတ်၍ပြင်သစ်မြို့သို့ သွားရောက်ခဲ့သည်။ အစဉ်အလာအရ အပျိုစင်ကညာ မာရိယားသည်သူမကို သဒ္ဓါကြည်ညိုစေရန်အတွက် ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ပေးရန်
ရသေ့ Pietro အား အိပ်မက်ပေး တောင်းဆို ခဲ့ကြောင်း သိရသည်။ ၁၂၈၇ခုနှစ်တွင် စီလက်စတင်း ရသေ့ဂိုဏ်းအသင်းဝင်များသည် L’Aquila မြို့စွန်ရှိတောင်ကုန်းလေးတစ်ခုကို ဝယ်ယူပြီး ဆောက်လုပ်ရေးကို စတင်ခဲ့သည်။

စတုတ္ထမြောက် ပုပ်ရဟန်းမင်းကြီး နီကောလာ့စ် ပျံလွန်ပြီးနောက်တွင်ရဟန်းမင်းကြီး အသစ်တစ်ပါး ရွေးချယ်တင်မြှောက်နိုင်ရန်အတွက်ညီလာခံအခမ်းအနားကို (၂) နှစ်ကြာအောင် ကျင်းပခဲ့ရသည်။ ၁၂၉၄ ခုနှစ်၊ဇူလိုင်လ ၅ ရက်နေ့တွင် သက်တော် ၈၀ ပြည့်ပြီဖြစ်သော Morrone မြို့မှ ရသေ့Pietro သည် ရဟန်းမင်းကြီး၏ ပလ္လင်တော်ကို ဆက်ခံရန် ‌ရွေးချယ်ခံရသည်။အစပိုင်းတွင် ရိုးစင်းသော သက်ကြီးရသေ့တစ်ဦး ဖြစ်သည်နှင့်အညီရဟန်းမင်းကြီး ရာထူးကို လက်ခံရန်ငြင်းဆန်ခဲ့သေးသည်။ သို့သော်နာခံကတိသစ္စာအားဖြင့် သူ လက်ခံခဲ့သည်။

ရသေ့ Pietro သည် သူကိုယ်တိုင် တည်ထားခဲ့သော L’Aquila မြို့ရှိ SantaMaria di Collemaggio Basilica (ဘုရားကျောင်းတော်ကြီး) ၌ ရဟန်းမင်းကြီးအဆောင်အယောင်များ လက်ခံပြီး ပဉ္စမမြောက် Celestine အမည်ဖြင့်ရဟန်းမင်းကြီးတစ်ပါး ဖြစ်လာခဲ့သည်။

နှစ်စဉ် အင်ဒူဂျင်းရှာ ရရှိရန်အတွက် ဘုရားကျောင်းတော်ကြီးဆီသို့ ဘုရားဖူးသွားခြင်း

သူ၏ ရဟန်းမင်းကြီး သက်တမ်းသည် လွန်စွာတိုတောင်းသော်ငြားလည်း သူ၏ပထမဦးဆုံးလုပ်ဆောင်ခဲ့သော အရာများထဲမှ တစ်ခုဖြစ်သော “ခွင့်လွှတ်ခြင်းစာချွန်တော်” (Papal Bull of Perdonanza or Forgiveness) ကိုထုတ်ပြန်ခဲ့သည်။ ၎င်းစာချွန်တော်တွင် ဩဂုတ်လ ၂၈ ရက် (သို့) ၂၉ ရက်နေ့ရောက်တိုင်း L’Aquila မြို့ရှိ Santa Maria di Collemaggio Basilica
(ဘုရားကျောင်းတော်ကြီး) သို့ ဘုရားဖူးသွားကာ အာပတ်ဖြေ၊ကိုယ်တော်မြတ်ပင့်ယူသူတိုင်းသည် နှစ်စဉ် အင်ဒူဂျင်းရှာ(အပြစ်ခွင့်လွှတ်ခြင်း အထူးကျေးဇူးတော်) ရရှိမည်ဖြစ်ကြောင်းဖော်ပြထားသည်။

သူ၏အရိုက်အရာကို ဆက်ခံသူ ရဟန်းမင်းကြီး ‌Boniface သည် အေဒီ ၁၃၀၀ပြည့် တရားဝင်ဂျူဗလီနှစ်၏ ရှေ့ပြေးနမူနာအဖြစ် ရောမမြို့သို့ဘုရားဖူးလာသူများအား အင်ဒူဂျင်းရှာ ကျေးဇူးတော် ရရှိရန်ဤဘုရားဖူးခရီးစဉ်ကို  ပြဌာန်းအတည်ပြုခဲ့သည်။

ရဟန်းမင်းကြီးအရိုက်အရာ စွန့်လွှတ်ရန်အတွက် လမ်းခင်းပေးခြင်း

ပုပ်ရဟန်းမင်းကြီး Celestine သည် သန့်ရှင်းပြီးဘုရားတရားကိုင်းရှိုင်းသော်လည်း သာသနာတော်ကြီး၏အတွင်း၊အပြင်ရေးရာကိစ္စများ၊ နိုင်ငံ့ရေးရာနှင့်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့်သော်လည်းကောင်းသက်တော်ကြီးရင့်လာသောကြောင့် ရဟန်းမင်းကြီးတစ်ပါးအဖြစ် အစေခံရန်မစွမ်းဆောင်နိုင်တော့ကြောင်း ထင်မြင်ယူဆပြီး လေးလအကြာ အစေခံပြီးနောက်သာသနာ့ဥသျှောင်အဖြစ်မှ အနားယူလိုက်သည်။

သို့သော်လည်း ရဟန်းမင်းကြီး အရိုက်အရာကို မစွန့်လွှတ်မှီ ရဟန်းမင်းကြီးCelestine သည် ဝိနည်းတစ်ခုကို တရားဝင်အောင် လုပ်ဆောင်ခဲ့သည်။ သူ၏နောင်တော် ရဟန်းမင်းကြီးများသည် ထိုကဲ့သို့သော မည်သည့် ဝိနည်းမျှမလုပ်ဆောင်ခဲ့ဘဲ ထီးနန်းစွန့်ခဲ့ကြသောကြောင့် သူ စတင်ခဲ့သော ဝိနည်းသည်ရဟန်းမင်းကြီးသမိုင်းတွင် ပထမဦးဆုံး ဖြစ်လာခဲ့သည်။

Basilica (ဘုရားကျောင်းတော်ကြီး) သို့ အလည်တစ်ခေါက်

L’Aquila မြို့ရှိ Basilica(ဘုရားကျောင်းတော်ကြီး) သည် သေးငယ်သောBasilica အမျိုးအစားထဲတွင် ပါဝင်နေပြီး ၁၃၂၇ခုနှစ်တွင် ရဟန်းမင်းကြီးCelestine ကို မြှပ်နှံသင်္ဂြိုလ်ထားရာ နေရာလည်းဖြစ်သည်။ ၎င်းသည် Abruzzoမြို့ ဗိသုကာလက်ရာသမိုင်းတွင် အခမ်းနားဆုံးလည်း ဖြစ်သည်။
ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လိုက်ပြီဆိုပါက ၎င်း၏ခန့်ညားကျယ်ပြန့်သော ဝတ်ပြုဆုတောင်းသူတို့ နေရာများ၊ ရိုးရှင်းပြီးခန့်ညားလှပနေသော ဗိသုကာလက်ယာများကို တအံ့တဩ တွေ့မြင်ရပေမည်။

ဩဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ရောက်တိုင်း Celestinian Perdonanza ဟု
လူသိများသော နှစ်စဉ်နှစ်တိုင်း ဂျူဗလီပွဲတော်ကြီးကို ကျင်းပနေသည်။ထို့ကြောင့် ဘုရားကျောင်းတော်ကြီး၏ သန့်ရှင်းသော တံခါးမတော်ကြီးကို ၁၄ရာစုတွင် သန့်ရှင်းသော နှစ်များအတွင်းတွင် ရောမမြို့တော်ကြီး၏မြောက်ဘက်တံခါးတော်အဖြစ် သတ်မှတ် ဂုဏ်ပြုခံရသည်။

၁၃၁၃ ခုနှစ်တွင် ပဉ္စမမြောက် ပုပ်ရဟန်းမင်းကြီး ကလေးမင်းက သူ့ကိုရဟန္တာသူတော်စင်အဖြစ် တင်မြောက်ပေးခဲ့ပြီး  သန့်ရှင်းမြင့်မြတ်သောရဟန်းမင်းကြီး၏ ထင်ရှားကျော်ကြားမှု အထူးသဖြင့် ရဟန်းမင်းကြီးထီးနန်းစွန့်ချိန် သူ၏ ကြီးမြတ်သော ငြင်းဆန်မှု ပြုလုပ်ခြင်းနှင့်L’Aquila မြို့ ဂျူဗလီပွဲတော်တို့ကြောင့် ဘုရားကျောင်းတော်ကြီးသည်လည်ပတ်သူများနှင့် စည်ကားလျက် ရှိသည်။

၂၀၀၉ခုနှစ် ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ၂၀၁၇ခုနှစ်တွင် ၎င်းသည်ပြုပြင်မွမ်းမံခံရသည်။ ထို့နောက် ဥရောပသမဂ္ဂယဉ်ကျေးမှုဌာန၏သမိုင်းဝင်အမွေအနှစ်ဆုကို လက်ခံရရှိခဲ့ပြီး ကုလသမဂ္ဂ ယူနက်စကိုမှလူသားများအတွက် အဖိုးတန် ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည်။

(၁၆)ပါးမြောက် ပုပ်ရဟန်းမင်းကြီး Benedict သည် ၂၀၀၉ ခုနှစ် ဧပြီလ တွင်လှုပ်ခတ်ခဲ့သော ငလျင်ပြီးနောက် L’Aquila မြို့ ဒေသခံများကိုရင်းနှီးပျူငှာစွာ အားပေးပြောဆို ခဲ့သည်။ ရဟန်းမင်းကြီးသည် သူ၏ရဟန်းမင်းကြီး စလွယ်(Pallium) ကို Santa Maria di Collemaggioဘုရားရှိခိုးကျောင်းအတွင်းရှိ ရဟန်းမင်းကြီး Celestine ၏ အုတ်ဂူပေါ်တွင်တင်ထားခဲ့ကြောင်း လူအများက ယုံကြည်ကြသည်။

လေးနှစ်အကြာတွင် ပုပ်ရဟန်းမင်းကြီး Benedict သည်ပုပ်ရဟန်းမင်းကြီးအဖြစ်မှ အနားယူသွားခဲ့ခြင်းသည် Basilica အတွင်းပြုမူခဲ့သော ရဟန်းမင်းကြီး၏ ရှေ့ပြေးနိမိတ်အဖြစ် လူအများကပုံဖော်ခဲ့ကြသည်။ အမှန်မှာ ပုပ်ရဟန်းမင်းကြီးသည် Benedict သည်
ပုပ်ရဟန်းမင်းကြီး Celestine က လုပ်ဆောင်ခဲ့သော လုပ်ထုံးလုပ်နည်းများကို
အတုယူ လုပ်ဆောင်သွားခဲ့ခြင်းပင် ဖြစ်သည်။

https://bit.ly/2XVbb4Z
ဘာသာပြန်ဆိုသူ - ဘာရာသာရ်နီကိုလပ်စ် နီကိုရှင်း (ကျိုင်းတုံ)

Add new comment

1 + 14 =