နောက်ဆုံးညစာ စားပွဲမှာ သခင်ယေဇူး သုံးခဲ့တဲ့ စကားလုံးကို Burger King  မှ ကြော်ငြာအဖြစ် အသုံးပြုခဲ့သည့်အတွက် ပြန်ရုတ်သိမ်းဖို့ စပိန်ကက်သလစ်ဘာသာဝင်များလက်မှတ်ထိုးတောင်းဆို

နောက်ဆုံးညစာ စားပွဲမှာ သခင်ယေဇူး သုံးခဲ့တဲ့ စကားလုံးကို Burger King  မှ ကြော်ငြာအဖြစ် အသုံးပြုခဲ့သည့်အတွက် ပြန်ရုတ်သိမ်းဖို့ စပိန်ကက်သလစ်ဘာသာဝင်များလက်မှတ်ထိုးတောင်းဆို

နောက်ဆုံးညစာ စားပွဲမှာ သခင်ယေဇူး သုံးခဲ့တဲ့ စကားလုံးကို Burger King  မှ ကြော်ငြာအဖြစ် အသုံးပြုခဲ့သည့်အတွက် ပြန်ရုတ်သိမ်းဖို့ စပိန်ကက်သလစ်ဘာသာဝင်များလက်မှတ်ထိုးတောင်းဆို

 

Burger King ကုမ္ပဏီမှ သခင်ယေဇူး နောက်ဆုံးညစာ စားပွဲမှာမြွက်ဆိုခဲ့တဲ့ စကားစုကို ကြော်ငြာအဖြစ် အသုံးပြုပြီးခဲ့သည့်အတွက် စပိန်နိုင်ငံရှိ ကက်သလစ်ဘာသာဝင်များက ပြန်ရုတ်သိမ်းဖို့ တွန်းအား ပေးခဲ့ကြပါတယ်။

ကက်သလစ်ဘာသာဝင်အများစုရဲ့ အသားရှောင်၊ ဝါရှောင်နေ့ဖြစ်တဲ့ သန့်ရှင်းသော ရက်သတ္တပတ်အတွင်းမှာ  အဆိုပါ ကုမ္ပဏီက  သက်သတ်လွတ်ဘာဂါ အဖြစ် ကြော်ငြာခြင်းဖြစ်ပါတယ်။ သို့သော် စပိန်နိုင်ငံရှိ ရိုမန်ကက်သလစ်ဘာသာဝင်များ၏ တုံ့ပြန်မှုများကြားတွင် Burger King ကုမ္ပဏီ ကြီးမှ တောင်းပန်ခဲ့ပြီး ကြော်ငြာကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

သခင်ယေဇူးမြွက်ဆိုခဲ့တဲ့  “လာ၍စားကြလော့၊ ဤသည်ကား ငါ၏ ခန္တာကိုယ်ဖြစ်သတည်း” ဟူသော စကားလုံးအစား ကုမ္ပဏီက “အားလုံးလာ၍ သုံးဆောင်ကြပါ၊ ဤအရာ၌ အသားမပါပါ” လို့ ပြောင်းလဲခဲ့ သလို​ အဲဒီအထဲမှာ ဒါမှမဟုတ်သက်သက်လွတ်ဖြစ်တယ်ဆိုပြီး ကြေညာခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ဥပုဒ်ကာလအတွင်း အထူးသဖြင့် Good Friday တွင် အသားမစားတဲ့ သန်းပေါင်းများစွာသော ကက်သလစ်ဘာသာဝင်များကို ဆွဲဆောင်ဘို့ ဖြစ်ကြောင်း

စပိန်နိုင်ငံ၏ လူဦးရေ ရဲ့ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ရိုမန်ကက်သလစ်ဘာသာဝင်များဖြစ်တာကြောင့် စပိန်နိုင်ငံတစ်ဝှမ်း ဘတ်စ်ကားမှတ်တိုင်များမှာ အဆိုပါ ကြော်ငြာတွေကိုဖြန့်ကပ်ထားခဲ့ကြောင်း  Burger King ကုမ္ပဏီဟာဆိုရင် အမေရိကန်မှာ ဌာနချုပ်တည်ရှိပေမယ့်လည်း စပိန်နိုင်ငံမှာတော့ စားသောက်ဆိုင်ပေါင်း ၂၀၀ ကျော်ရှိတာလည်းဖြစ်ပါတယ်။

သခင်ခရစ်တော် နောက်ဆုံးအသက်တော်မစွန့်ခင် နောက်ဆုံးညစာ စားပွဲမှာ ကိုယ်တော်မြတ် စက္ကရမင်တူးကို တည်ထောင်ဖန်ဆင်းခဲ့တဲ့ "ယူ၍စားသုံးကြလော့ ဤသည်ကား အပ်နှံခြင်းခံရမည့် ငါ၏ ခန္တာကိုယ်ဖြစ်သည်” ဆိုတဲ့ ဒီစကားကိုရဟန်းက  ပြန်လည်ရွတ်ဆိုသော စကားဖြစ်ပါတယ်။

ကြော်ငြာစည်းရုံးရေး ဆောင်ပုဒ်ဟာ ထောင်နှင့်ချီသော ကက်သလစ်ဘာသာဝင်များနှင့် ဘုန်းတော်ကြီး များစွာတို့ကို ဒေါသထွက်စေခဲ့ကြောင်း

Orihuela-Alicante ရဲ့ ရိုမန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ မှ ဆရာတော် Jose Munilla က ဆိုရှယ်မီဒီယာမှာ ကန့်ကွက်ဆန္ဒပြရန် တွစ်တာတွင် ရေးသားခဲ့သလို  ကြော်ငြာအပေါ် တုံ့ပြန်မှုမှာ လည်း လူမှုကွန်ရက်ပေါ်မှာ တမဟုတ်ချင်း  ပျံ့နှံ့သွားခဲ့ကြောင်း

အီစတာတနင်္ဂနွေမှာတော့  Burger King España က Twitter မှာယခုလိုရေးတင်ခဲ့ပါတယ်။  “အီစတာမှာ  ကျွန်ုပ်တို့ရဲ့ သက်သက်လွတ် ပရောဂျက်များကို မြှင့်တင်ရန် ရည်ရွယ်သည့် လှုပ်ရှား မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသူများအားလုံးကို တောင်းပန်အပ်ပါသည်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ စော်ကားဖို့ ၊ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို ကြေညာချက် ကို ချက်ချင်း ရုပ်သိမ်းဖို့လည်း တောင်းဆိုထားပြီးဖြစ်ပါတယ်" လို့  ရေးသားခဲ့တာပါ။

သာမန် လူဝတ်ကြောင် ကက်သလစ်ဘာသာဝင်များကလည်း လှုပ်ရှားမှုတစ်ခုအနေနဲ့ အီစတာ တနဂ်နွေမှာ အံ့ ဩစရာကောင်းလောက်အောင် (မတ်လ ၁၉ ရက်အထိ လက်မှတ်ပေါင်း ၃၀၀၀၀ ကျော်) ရရှိထားတဲ့  အီစတာတနင်္ဂနွေနေ့တွင် ကန့်ကွက်သည့်စာတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထို ကန့်ကွက်သည့်စာတွင် Burger King ကုမ္ပဏီ သည် “ခရစ်ယာန်ဘာသာဝင်များအတွက် အထွန့်အမြတ်ထားတဲ့ ခရစ်တော်၏အသေခံခြင်း နဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးကို  ငွေကြေးရရှိရန် နဲ့ သန်းနှင့်ချီသောယုံကြည်သူများကို  သန့်ရှင်းသောရက်သတ္တပတ်အတွင်းမှာ အကျိုးကျေးဇူးကို ရယူခြင်း အတွက် ကုမ္ပဏီအား ရှုတ်ချကြောင်း ၊ ကက်သလစ်အဖွဲ့ Citizen Go သည် Burger King International အမှုဆောင်အရာရှိချုပ် Daniel Schwartz အား စပိန်နှင့်ပေါ်တူဂီရှိ Burger King ၏ အထွေထွေ မန်နေဂျာ Jorge Carvalho အား ကြော်ငြာ စည်းရုံးရေးကြောင့် အလုပ်မှထုတ်ပယ်ရန် တောင်းဆိုခဲ့​ပြီး ကန့်ကွက်စာက ကြေညာစည်းရုံးရေးကို “ခရစ်ယာန်များအား စော်ကားခြင်း” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

“အရာအားလုံးဟာ ရောင်းဖို့မကောင်းသလို ယေဇူးရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အထိမ်း အမှတ် အဖြစ် စျေးကွက်ရှာဖွေရေးကိရိယာအဖြစ် အသုံးပြုတာက လက်ခံနိုင်စရာမရှိဘူး” လို့ ကန့်ကွက်စာမှာ ဖော်ပြထားပါတယ်။ ကန့်ကွက်စာတွင် ပါဝင်သူများသည် Carvalho ကို ဖြုတ်ချရန်နဲ့  ၎င်းတို့၏ တောင်း ဆိုမှု ကို ကုမ္ပဏီမှ မလိုက်နာပါက Burger King နှင့် မည်သည့်အခါမျှ စီးပွားရေးလုပ်မည်မဟုတ်ကြောင်း ကန့်ကွက် စာတွင် ဖော်ပြထားတာလည်းဖြစ်ပါတယ်။

 

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3rJootq

Add new comment

2 + 9 =