နေရောင်ခြည်ထုတ်စွမ်းအင်သုံးစွဲခြင်းစနစ်ကိုပထမဦးဆုံးအသုံးပြုသည့်အတွက်ဖိလစ်ပိုင်သာသနာကိုဗာ တီကန်ကချီးမွှမ်း

နေရောင်ခြည်ထုတ်စွမ်းအင်သုံးစွဲခြင်းစနစ်ကိုပထမဦးဆုံးအသုံးပြုသည့်အတွက်ဖိလစ်ပိုင်သာသနာကိုဗာ တီကန်ကချီးမွှမ်း

နေရောင်ခြည်ထုတ်စွမ်းအင်သုံးစွဲခြင်းစနစ်ကိုပထမဦးဆုံးအသုံးပြုသည့်အတွက်ဖိလစ်ပိုင်သာသနာကိုဗာ တီကန်ကချီးမွှမ်း

ဖိလစ်ပိုင်နိုင်ငံ၏သာသနာတစ်ခုသည်ကက်သလစ်သာသနာကြီးတစ်ခုလုံး၌ နေစွမ်းအင်ကိုအ သုံးပြုသည့်စနစ်ကိုပထမဦးဆုံး အသုံး ပြုသောသာသနာအဖြစ်ဗာတီကန်၏ ထုတ်ဖော်ချီးကျူးခြင်းကိုခံ ထားရသည်။ ထိုသာသနာကား ‘Maasin’ သာသနာဟုခေါ်ပြီး၊ သာသနာအုပ် စု တိုင်း၌နေစွမ်းအင်ကိုအ သုံးပြုတပ်ဆင်ထားကြသည်။ အဘယ်ကြောင့်ဆိုသော်ပြီးခဲ့သောအပတ်၌ရဟန်းမင်းကြီးဖရန်စစ်၏ ‘Laudato si’ စာချွန် တော်ထုတ်ဝေခဲ့သည့် (၅) နှစ်ပြည့်နှစ်ပတ် လည်ဖြစ်၍ထိုစာချွန်တော်၏ညွှန် ကြားချက်နှင့်အညီလုပ်ဆောင်ဖြစ် သည်။

ထိုသာသနာတော်သည်ဇွန်လ (၁၈) ရက်နေ့က ‘Laudato si စာချွန်တော်ထုတ်ဝေဖြန့်ချီအပြီး၊ ငါးနှစ်အလွန် - ဘုံအိမ်ဖြစ်သောသ ဘာ၀ပတ်၀န်းကျင်ကိုစောင့်ရှောက်ခြင်းခြေလှမ်းဆီသို့’ ဟူသောစာ တစ်စောင့်ကိုထုတ်ဝေခဲ့သည်။ ထိုစာစောင်သည်ထောက်ရှုချက်များ ကိုသာ ရေးသားတင်ပြထားခြင်းမ ဟုတ်။ စာချွန်တော်၏လမ်းညွှန်ချက်အတိုင်းဖန်ဆင်းခြင်းနှင့်သဟဇာတဖြစ်အောင်အဘယ်သို့ထိန်း သိမ်းရမည်ကို လမ်းညွှန်ပေးထားသည်။ ထိုစာချွန်တော်၌အခြားသောလုပ်ဆောင်နည်းများနှင့်ကောင်း သောလက်တွေ့လုပ်ဆောင်မူများသည် ကက်သလစ် သာသနာတော်ကြီးအတွင်း၌စတင်လုပ် ဆောင် နေ ပြီဖြစ်သည်။

Leyte ပြည်နယ်ရှိ Maasin သာသနာသည် ကမ္ဘာ့ရာသီဥတုပူနွေးလာမူနှင့်သဘာ၀ပတ်၀န်းကျင် ကိုအလွဲသုံးစွဲမူများကိုလျော့ချ ရန်ရည်ရွယ်၍နေစွမ်းအင်ထုတ်ပေးသောသတ္တုပြားကိုသာသနာအတွင်း ရှိဘုရားကျောင်း (၄၂) ကျောင်းသို့တပ်ဆင်ထားသည်။ ဤသို့လုပ် ဆောင်သည် ကိုဗာတီကန်က ‘WeGen Laudato Si’ (WGLS) ကိုကိုးကား၍ဤသို့လုပ်ဆောင်ရန်အတွက်ဖိလစ်ပိုင်လူမျိုးတစ်ဦးသည်ဤအ တွေးအကြံကိုရရှိ ခဲ့သည်။ ထိုကုမ္မဏီသည် Maasin သာသနာနှင့်ပူးပေါင်း၍အလွန်ကျယ်ပြောသောနည်း လမ်းကိုအသုံးပြုသွားမည်ဖြစ်သည်။

ရဟန်းမင်းကြီး၏ သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက် သည့်စာချွန်တော်ကိုလိုက်နာ၍ကျွန်ုပ်တို့၏မိခင် ကမ္ဘာမြေအားထိန်းသိမ်းကာကွယ် ရန်မဆိုစ လောက် လုပ်ဆောင်ခြင်းကိုယခုကဲ့သို့ထူးခြားစွာအသိအမှတ်ပြုခံရ၍အလွန်အံ့အားသင့်ခဲ့ကြောင်း၊ ကျွန်ုပ်တို့ ၏ပတ်၀န်းကျင်ကိုယခုထက်မက ပို၍အဓိပ္ပါယ်ရှိသောပြန်လည်တည်ဆောက်ခြင်း၊ ထိန်း သိမ်းကာကွယ် ခြင်းများကိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်မျှော်လင့်ကြောင်း၊ ယခုဖော်ဆောင် သောစီမံကိန်းကို (၂၀၁၇) ခု နှစ်ကစ၍ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ယခုနှစ်သည် Maasin သာသနာ တည်ထောင် ခြင်း (၇၅) နှစ်ပြည့်သောနှစ်လည်းဖြစ်ကြောင်း၊ ယခုဖော်ဆောင်ခြင်းမျိုးကိုသာသနာပိုင်အ ဆောက်အအုံပေါင်း (၅၀) ခန့်နှင့်သာသနာအတွင်း ရှိသာသနာအုပ်စု (၄၀) ခုအထိတိုးမြှင့်လုပ်ဆောင် ရန်လျာထားကြောင်း၊ ထို့အတူဘာသာတူအယောက် (၅၀) ခန့်ကလည်း၄င်းတို့၏အိုး ပိုင်အိမ် ပိုင်၊ ရုံးများ၌လည်းတပ်ဆင်အသုံးပြုရန်တောင်းခံထားကြောင်း၊ ယခုကဲ့သို့နေစွမ်းအင်သုံးစွဲခြင်းကြောင့်သာ သနာတော်ကြီးအားအမေရိကန် ဒေါ်လာ (၂၀၀၀) အထိလျှပ်စစ်မီးအတွက်ကုန်ကျစရိတ်ကိုသက်သာ စေကြောင်း၊

ဤနေရောင်ခြည်ပြန် လည်ထုတ်လွှတ်ပေးသော သတ္တုပြား ၏သက်တမ်းမှာ (၂၅) နှစ်ဖြစ် ကြောင်း၊ ယခုတပ်ဆင်ခဲ့သောကုန်ကျစရိတ်ကိုသာသနာတော်ကြီးအနေဖြင့် (၇) နှစ်အတွင်းပြန်လည် ကာမိနိုင် ကြောင်း၊ ထို့အတူထို (၂၅) နှစ်အတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန်ပေါင်း (၁၈၇၅) ကို လည်းလျော့ချပစ်နိုင်ကြောင်းဖြင့် Maasin သာသနာ ပိုင်ဆရာတော် Precioso Cantillas မှရှင်းပြခဲ့သည်။ ထို့အတူဖိလစ်ပိုင်ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်လက်အောက်ရှိသာမန်ဘာသာ တူများအဖွဲ့အားလည်းသာသနာပိုင်အဆောက်အအုံများ၌နေစွမ်းအင်ကိုအသုံးပြုခြင်းကိုမြှင့်တင်ကြရန် တိုက် တွန်းထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YxHYuu

Add new comment

10 + 1 =