နေရပ်စွန့်သွားသူများနှင့်ဒုက္ခသည်များနေ့အတွက် ပုပ်ရဟန်းမင်းကြီး သွန်သင်ချက်ထုတ်ပြန်

နေရပ်စွန့်သွားသူများနှင့်ဒုက္ခသည်များနေ့အတွက် ပုပ်ရဟန်းမင်းကြီး သွန်သင်ချက်ထုတ်ပြန်

နေရပ်စွန့်သွားသူများနှင့်ဒုက္ခသည်များနေ့အတွက် ပုပ်ရဟန်းမင်းကြီး သွန်သင်ချက်ထုတ်ပြန်

 

            ပြီးခဲ့သည့်သောကြာနေ့က ရဟန်းမင်းကြီးဖရန်စစ်သည်  ‘နေရပ်စွန့်သွားကြသူများနှင့်ဒုက္ခသည်များနေ့’ အတွက်၏သွန်သင် ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုသွန်သင်ချက်မှာ ‘ပို၍ကျယ်ပြောသော  ‘ကျွန်ုပ်တို့’ ဆီသို့ဦးတည်စို့’  ဖြစ်သည်။  ဤ ကဏ္ဍ သည်လည်း ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာဌာနတစ်ခုဖြစ်သည်။  (၁၀၇) ကြိမ်မြောက်ဖြစ်မည့် ဤ အစီအစဉ်ကို လာမည့်စက်တင်ဘာလ (၂၆) ရက်နေ့၊ တနဂ်နွေနေ့ ၌ခေါင်းစဉ်ခွဲ (၆) ခုဖြင့်ကျင်းပသွားမည်ဖြစ်သည်။

            ပုပ်ရဟန်းမင်းကြီး၏သတင်းစကားသည် လူသားမိသားစုတစ်ရပ်လုံးအားပါ၀င်လာစေရန် သာသနာအနေဖြင့်အသွင်မတူသော ချဉ်းကပ်မူများဖြင့်အားလုံးပါ၀င်နိုင်အောင်ဆောင်ရွက်ရေးကိုအဓိကမီးမောင်းထိုးပြထားသည်။ ဤသို့အားဖြင့်ဘုံအကျိုးကိုလည်းတိုး စေမည်ဖြစ်သည်။ ဘုံအကျိုးကိုအာရုံထားလုပ်ဆောင်ခြင်းသည် ဘုံမိသားစုကိုပျိုးထောင်ခြင်းဖြစ်ပြီး၊ ဘုံအကျိုးကိုပျိုးထောင်ခြင်း သည် ‘ကျွန်ုပ်’ ဆိုသည့်အားလုံးပါ၀င်သောအကျိုးကိုကိုမျှော်ကိုးလုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် လူသားမိသားစုများသည် သီးသန့်ဖြစ်မနေတော့ဘဲပိုမိုပွင့်လင်းလာ၊ ပိုမိုရင်းနှီးလာကြမည်ဖြစ်သည်။    

            ဤအစီအစဉ်ကို အားလုံးပါ၀င်ပြီး၊ လက်တွေ့ကျကာထိရောက်စွာပါ၀င်နိုင်ရန် လှုပ်ရှားမူများပြုလုပ်မည်ဖြစ်သည်။ ဤလှုပ်ရှားမူ၌ ရဟန်းမင်းကြီး၏လမ်းညွှန်ချက်များနှင့်စပ်လျင်း၍ ‘မီဒီယာ၏အကူအညီများဖြင့်လစဉ်လူများပိုမိုသိအောင်ပညာပေးခြင်း၊  သတင်းအချက်အလက်များကိုဖြန့်‌ဝေပေးခြင်း၊ တတ်သိပညာရှင်များကိုဖိတ်၍ အကြောင်းအရာများကိုပိုမိုလေးနက်စွာပိုချ၊ ဟောပြော စေခြင်းတို့ကိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။   

            (၁၀၇) ကြိမ်တိုင်ပြီဖြစ်သော ဤနေ့၏အစကား (၁၉၁၄) ခုနှစ်က အမိကက်သလစ်သာသနာတော်ကြီးမှ ကမကထပြု၍စ တင်လှုပ်ဆော်ခဲ့ခြင်းဖြစ်သည်။ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မိမိတို့ဇာတိချက်ကြွေမွေးရပ်မြေမှ အ‌ကြောင်းအမျိုးမျိုး (အတင်းအဓမ္မ၊ စစ်မက်ကြောင့်၊ ရေကြည်ရာမျက်နုရာ) ကြောင့်စွန်ခွာခဲ့ရသူများအားအလေးထားသည့်အနေဖြင့်သော်လည်းကောင်း၊ ဤအခြေ အနေမျိုးဆက်လက်မဖြစ်သို့တွန်းပို့သောမည်သည့်ဖိအားမျိုးမဆိုဆက်လက်မကျူးလွန်စေရန်လည်းကောင်းဟန့်တားသည့်သဘော ဖြင့်ပညာပေးတိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။  ထို့ကြောင့်ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်ဘာသာ၀င်များအနေဖြင့်ဘုရားသခင်၏ရွှေပုံ သဏ္ဍာန်ကိုခံယူထားသောလူသားတိုင်း၌ရှိဂုဏ်သိက္ခာကိုထိခိုက်ခြင်း၊ ပွန်းပဲ့ခြင်း၊ ပျက်စီးခြင်းများမဖြစ်စေရန် နေရပ်စွန့် ခွာထွက်ပြေးရသူများရန်နှင့်အခြေအနေအမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောဒုက္ခသည်များအတွက်အထူးဆုတောင်းပေးရန်ပန်ကြားတိုက်တွန်းလိုက်ပါသည်။ 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
 
 
 

Add new comment

6 + 9 =