နေရပ်စွန့်ခွာထွက်ပြေးသွားသောအီရတ်နိုင်ငံမှခရစ်ယာန်များကိုနေရပ်သို့ပြန်လာကြရန်ဖိတ်ခေါ်

နေရပ်စွန့်ခွာထွက်ပြေးသွားသောအီရတ်နိုင်ငံမှခရစ်ယာန်များကိုနေရပ်သို့ပြန်လာကြရန်ဖိတ်ခေါ်

နေရပ်စွန့်ခွာထွက်ပြေးသွားသောအီရတ်နိုင်ငံမှခရစ်ယာန်များကိုနေရပ်သို့ပြန်လာကြရန်ဖိတ်ခေါ်

အီရတ်၀န်ကြီး Mustafa Al-Kazemi သည်အီစ္စလာမ်နိုင်ငံထူးထောင်ရေးကြွေးကြော်ခဲ့သောအစွန်းရောက်များ၏ရန်ကြောင့် အရပ်ရပ်သို့ထွက်ပြေးတိမ်းရှောင်သွားသောအီရတ်နိုင်ငံမှခရစ်ယာန်များကို မိမိတို့နေရပ်သို့ပြန်လာကြရန်ဖိတ် ခေါ်ကြောင်း၊ ပြည်တော် ပြန်လာမည့်ခရစ်ယာန်မိသားစု များ၏လိုအပ်ချက်များကိုကူညီရန်၊ သူတို့၏ပြဿနာများကို၀င်ရောက်ဖြေရှင်းပေးမည့်အနေအထားဖြင့်အလေးအနက်ထားပြန်လည်ဖိတ်ခေါ်ခြင်းဖြစ်ဟန်ရှိကြောင်းအီရတ်နိုင်ငံသည် လူတိုင်းအတွက်ဖြစ် ကြောင်း၊ ခရစ်ယာန်များသည်လည်းအီရတ်မြေ၏ရင်သွေးများဖြစ်ကြောင်း၊ ပြည်တော်ပြန်မည့် အီရတ်နိုင်ငံသားခရစ်ယာန်များအတွက်၀မ်းသာကြိုဆိုပါကြောင်း၊ ဗုံးဆံများကြောင့်ပျက်စီးသွားသောအိုးအိမ်များပြန်လည် တည်ဆောက်ရာတွင်လည်းကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အီရတ်နိုင်ငံအတွင်းရှိသက်၀င်ယုံကြည်မှုမတူသောဘာ သာ၀င်အသီးသီးတို့သည်အကြမ်း ဖက်လုပ်ရပ်မှန်သမျှဆန့်ကျင့်ပြီး၊ ငြိမ်းချမ်းသောအီရတ်နိုင်ငံသစ်ကိုတည်ထောင်ရန်ဆန္ဒ ပြင်းပြနေကြကြောင်းဖြင့် အဆီးရီးယန်းနိုင်ငံ တကာသတင်းဌာနကထုတ်လွှင့်သွားခဲ့သည်။

၀န်ကြီးချုပ်သည်ပြီးခဲ့သောတနင်္ဂနွေနေ့က Chaldean ကက်သလစ်ကာဒီနယ် Louis Raphael I Sako နှင့်တွေ့ဆုံခဲ့ သည်။ ကာဒီနယ်အနေဖြင့်အီရတ်အစိုးရအားပြည်သူတို့၏လိုလားချက်များစွာကိုလည်းဖြည့်ဆည်းပေးရန်နှင့်နိုင်ငံကကြုံ တွေ့နေရသောစိန်ခေါ်မူများကိုလည်းကိုင်တွယ်ဖြေရှင်ပေးရန်ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်တော်ကို အခြေအနေအမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသောအီရတ်နိုင်ငံသားခရစ်ယာန်များစွာတို့သည်ပြန်လည်ရန်ဆန္ဒ ပြင်းပြနေကြကြောင်း၊ သာသနာတော်ကြီးအနေဖြင့်အီရတ်နိုင်ငံအတွင်းငြိမ်းချမ်းရေးရရှိရေးအ တွက်အစိုးရ၏ဖော်ဆောင် မှု၌ တက်ကြွစွာလက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်း၊ အီရတ်နိုင်ငံသားခရစ်ယာန်များသည်အီရတ်နိုင်ငံ သားဖြစ်ရ သည်ကိုအလွန်ဂုဏ်ယူလျှက်ရှိကြောင်း၊ Al-Kazemi ၏အစိုးရလက်ထက်၌ခရစ်ယာန်များအရေးနှင့်ပတ်သက်၍ပိုမိုလုံခြုံ မှုရှိသောအကာအကွယ်ရမည်ဟုလည်းမျှော်လင့်နေကြကြောင်းထိုတွေ့ဆုံမှု၌ကာဒီနယ်ကပြောကြားခဲ့သည်။

သာသနာများ၌လိုအပ်သည်များကိုကူညီပံ့ပိုးပေးနေသောဘာသာရေးအဖွဲ့ (Aid to the Church in Need) ကလည်း (၂၀၁၄) ခုနှစ်က အီရတ်နိုင်ငံမှထွက်ပြေးတိမ်းရှောင်သွားသောအီရတ်ခရစ်ယာန်များ သည်ပြည်တော်သို့ပြန်လည်လာနေကြပါသည်။ သို့ သော်လည်းမလုံခြုံမှုနှင့်ကြား၀င်ဖြန်ဖြေပေးမူကိုထိ ရောက်စွာကိုင်တွယ်ဖြေရှင်းပေးမည့်အဖွဲ့အစည်းများအားနည်းနေ သောကြောင့်အခက်အခဲများစွာကြုံတွေ့နေရဆဲရှိကြောင်းပြောကြားထားသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iPL2cR

Add new comment

1 + 2 =