နေရပ်စွန့်ခွာခိုလုံနေရသော ဒုက္ခသည်စခန်းအား ပစ်ခတ် တိုက်ခိုက်ခြင်းအား ပုပ်ဖရန်စစ်ရှုံ့ချ

နေရပ်စွန့်ခွာခိုလုံနေရသော ဒုက္ခသည်စခန်းအား ပစ်ခတ် တိုက်ခိုက်ခြင်းအား ပုပ်ဖရန်စစ်ရှုံ့ချ

နေရပ်စွန့်ခွာခိုလုံနေရသော ဒုက္ခသည်စခန်းအား ပစ်ခတ် တိုက်ခိုက်ခြင်းအား ပုပ်ဖရန်စစ်ရှုံ့ချ

ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ကွန်ဂိုသမ္မတနိုင်ငံ၏ သမ္မတထံသို့ ၀မ်းနည်းကြောင်း သံကြိုးစာပေးပို့ခဲ့သည်။ ဖေဖော်၀ါရီလ (၁) ရက်နေ့၌ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြည်တွင်း၌ နေရပ်စွန့်ခွာခိုလုံနေရသော ဒုက္ခသည်စခန်းတစ်ခုအား ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ဒုက္ခသည် (၆၀) ဦးခန့်အသက်ဆုံးရှုံးခဲ့ရပြီး၊ ၄င်းတို့အနက် ကလေး (၁၂) ဦးခန့်လည်းပါသွားသည်။ ထိခိုက်ဒဏ်ရာရသူများမှာလည်း (၄၀) ဦးခန့်ရှိသည်။     

ဤလုပ်ရပ်သည် လူမဆန်ဘဲ အရိုင်းအစိုင်းဆန်သောလုပ်ရပ်ဖြစ်ကြောင်း၊ ကွယ်လွန်သွားကြသော သူတို့အားလည်း သနားကရုဏာအရှင်က သူ၏ငြိမ်သက်ခြင်းနှင့်ထာ၀ရအလင်းတော်၌ သူတို့ကို လှိုက်လှဲနွေးထွေးစွာကြိုဆိုရန်၊ ကွယ်လွန်သွားသူများအတွက် ကြေကွဲခံ စားနေရသောမိသား စု၀င်များဘုရားသခင်ထံမှ နှစ်သိမ့်ခြင်းနှင့်စိတ်ဒဏ်ရာအားကုသမှုများခံစားရပါစေကြောင်း ၊ ရဟန်းမင်း ကြီးသည် ‌ဝေဒနာခံစားနေရသောသူတို့အားလုံးနှင့်ထပ် တူခံစားရကြောင်း၊ ဘုရားသခင်သည် အသက်ရှင်ကျန်ရစ်သူများ၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၌ ပါ၀င်နေကြသူအားလုံးအားလည်း သတ္တိနှင့်အင် အားများပေးသနားရန်ဆုတောင်းပေးထားသည်။ 

လူမှုကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေသော ကုလနှင့်သူ၏မိတ်ဖက် အဖွဲ့အစည်း များက လည်းဤလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့သည်။ ယခုအခင်းဖြစ်ပွားသောနေရာသည် ကုလနှင့် ကက်သလစ်သာသနာ၏ ကရုဏာရေးလုပ်ငန်းအဖွဲ့အစည်းများပူးပေါင်း၍ ဒုက္ခသည် စုစု ပေါင်း (၂၀၀၀၀) ကျော်ကိုလက်ခံစောင့်ရှောက်ထားသည့်နေရာဖြစ်သည်။ ၄င်းတို့အနက် ကလေး (၁၃၀၀၀) ရှိသည်။ ယခုအဖြစ်အပျက်ကဲ့သို့ပင် လွန်ခဲ့သော (၃) လခန့်ကလည်း ဤဒေသ၌လူပေါင်း (၄၄) ဦးသေစေခဲ့သောတိုက်ခိုက်မှုကြီးတစ်ရပ်လည်းဖြစ်ပွားခဲ့သည်။ ဒုက္ခသည် (၂၃၀၀၀၀) ခန့်သည် ဒုက္ခ သည်စခန်း (၆၀) ခု၌မျှထားထားရသည်။ အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့သည် နိုင်ငံတော် အားထောက်ပံ့ပေး၍ စီမံကွပ်ကွဲစေသည့်အဖွဲ့များဖြစ်ကြသည်။   

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uDlAAn

Add new comment

18 + 2 =