နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့နှလုံးသားထဲမှာ အမြဲထွေးပွေ့ထားကြဘို့ ဗုဒ္ဓဟူးနေ့ဘုရားဖူးဧည့်သည်တော်များအား ပုပ်ဖရန်စစ် မြွက်ကြား

နူးညံ့သိမ်မွေ့ခြင်းကို ကျွန်ုပ်တို့နှလုံးသားထဲမှာ အမြဲထွေးပွေ့ထားကြဘို့ ဗုဒ္ဓဟူးနေ့ဘုရားဖူးဧည့်သည်တော်များအား ပုပ်ဖရန်စစ် မြွက်ကြား

မင်္ဂလာတရား ၈ ပါးမှ တတိယ မင်္ဂလာတရားကိုထောက်ရှုကာ နူးညံ့သိမ်မွေ့ခြင်းက ကျွန်ုပ်တို့ကို စည်းလုံးစေပြီး စိတ်တိုခြင်းက ကျွန်ုပ်တို့ကို ဝေးကွာစေကြောင်းနှင့်ခရစ်ယာန်များသည် သနားကြင်နာခြင်းနှင့် မျှော်လင့်ခြင်းပေးသူများဖြစ်ကြရမည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ ဘုရားဖူး ပရိတ်သတ်အားတိုက်တွန်းမြွက်ကြားခဲ့ပါသည်။

နူးညံ့သိမ်မွေ့ခြင်းနဲ့ သနားကြင်နာခြင်းက ကြီးစိုးနေသည့်အတွက် သိမ်မွေ့သူဟာ အကြမ်းဖက်မှုတွေနဲ့ စိတ်ဆိုးခြင်းတွေကို ရှောင်ကျဉ်ကြောင်း

သခင်ခရစ်တော်ဟာ နူးညံ့သိမ်မွေ့ခြင်းရဲ့ စံထားရမည့်သူဖြစ်ပါတယ် အထူးသဖြင့်ဒါကို ၄င်း၏ ဒုက္ခစရိယာ ခံထမ်းခြင်းမှာတွေ့နိုင်ကြောင်း

စိတ်ဆိုးစိတ်တို ခြင်းတွေက နူးညံ့သိမ်မွေ့ခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး မထိန်းချုပ်နိုင်တဲ့အခါတွေမှာ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ပြီး အရေးကြီးတဲ့အရာတွေ ပျက်စီးသွားကြောင်း
နူးညံ့သိမ်မွေ့သူဟာ တပါးသူရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ပြီး ခင်မင်မှုကိုလည်းထိန်းသိမ်းထားနိုင်ကြောင်း

နူးညံ့သိမ်မွေ့ခြင်းက ကျွန်ုပ်တို့ကို စည်းလုံးစေပြီး စိတ်တိုခြင်းက ကျွန်ုပ်တို့ကို ဝေးကွာစေ​သည်ဟု အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ပါသည်။

By Sr.Lucia Thandar Aung,SJA
News source: VaticanNews

 

https://www.vaticannews.va/en/pope/news/2020-02/pope-francis-audience-blessed-meek-versus-anger.html

 

Add new comment

8 + 1 =