နူကလီးယားလက်နက်စုံစမ်းရေးနှင့်စပ်လျင်း၍ပွင့်လင်းမြင်သာမှုရှိစေရန် ဖိလစ်ပိုင်ဆရာတော်ကြီးများကတောင်းဆို

နူကလီးယားလက်နက်စုံစမ်းရေးနှင့်စပ်လျင်း၍ပွင့်လင်းမြင်သာမှုရှိစေရန် ဖိလစ်ပိုင်ဆရာတော်ကြီးများကတောင်းဆို

နူကလီးယားလက်နက်စုံစမ်းရေးနှင့်စပ်လျင်း၍ပွင့်လင်းမြင်သာမှုရှိစေရန် ဖိလစ်ပိုင်ဆရာတော်ကြီးများကတောင်းဆို

ဖိလစ်ပိုင်နိုင်ငံ၊ ဘာလန်းဂါဂိုဏ်းအုပ်ဆရာတော် Ruperto Santos မှ အာဏာဆက်လက်ထိန်း သိမ်းထားနိုင်ရေးအတွက်နူးကလီးယားလက်နက်ကိုအသုံးပြုနိုင်ချေရှိမရှိကိုစုံစမ်းစစ်ဆေးခြင်ပြုရာတွင် ပွင့်လင်းမြင်သာမှုရှိရန်တောင်းဆိုလိုက်သည်။

ယခင်အပတ်က ဖိလစ်ပိုင်သမ္မတဒူတာဒေးက နူးကလီး ယားစွမ်းအင်ဆိုင်ရာမူ၀ါဒကိုလေ့လာစုံစမ်းသောကော်မတီတစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန် ကြေငြာခဲ့သည်။ ထိုကြေငြာချက်ကိုဗုဒ္ဓဟူးနေ့မှသာပြည်သူတို့အားထုတ်ပြန်ကြေငြာခဲ့သည်။ ဖိလစ်ပိုင် နိုင် ငံသည်အရှေ့ တောင်အာရှ၌ လျှပ်စစ်စွမ်းအင်ကုန်ကျမူအမြင့်ဆုံးဖြစ်နေသော် လည်း လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးမှုလည်းပုံမှန်မရှိဖြစ်နေသည်။

ထိုအခက်အခဲအကြပ်အတည်းကိုကျော်လွန်နိုင်ရန်အတွက် နူးကလီးယားစွမ်း အင်သည်အထောက်အကူတစ်ခုအဖြစ်ရွေးချယ်ရန်စဉ်းစားနေကြသည်။ သို့သော်သဘာဘေးဒဏ် မကြာခဏကျ ရောက်တတ်သောနိုင်ငံတစ်ခုအတွက်လုံခြုံမှုကိုလည်းထည့် သွင်းစဉ်းစားရန်လိုအပ်သည်။ ဖြစ်နိုင်ချေရှိ ခြင်းမရှိခြင်းကိုလေ့လာသုံးသပ်သောအဖွဲ့၏ရ
လာဒ်သည် ဘက်လိုက်ခြင်း၊ လစ်လျူရူခြင်းများမရှိဘဲ ပွင့် လင်းမြင်သာမူရှိလိမ့်မည်ဟုယုံကြည်ကြောင်း၊ လေ့လာသုံးသပ်ချက် သည်နိုင်ငံ ၏ လုံခြုံမှုကိုဦးစားပေး စဉ်းစားမည်ဖြစ်ကြောင်း၊ သို့ဖြင့်နိုင်ငံသည်နူးကလီးယာဓာတ်ပေါင်း ဖိုရှိတည်ဆောက်နိုင်ခြင်းရှိမရှိကို လည်းစဉ်းစားဆုံးဖြတ်မည်ဟုယုံကြည်ကြောင်းဆ ရာတော် Santos ကပြောကြာခဲ့သည်။

နိုင်ငံတော်၏ လျှပ်စစ်၀န်ကြီးပံ့ပိုးရေးတာ၀န်ခံ Alfonso Cusi ကမူဖိလစ်ပိုင်နိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်အတွက်အကောင်းဆုံးရွေး ချယ်မှုပင်ဖြစ်လိမ့်မည်ဟုရပ်တည်ပြောဆိုခဲ့သည်။

အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံတန်ဖိုးရှိ နူးကလီးယားစွမ်းအင်စခန်းကို (၁၉၇၀-၈၀) ၀န်းကျင်က ဖိလစ်ပိုင်မြို့တော်မနီလာနှင့် (၁၀၀) ကီလို မီ တာခန့်သာဝေးသော Bataan ၌တည်ဆောက်ခဲ့သည်။ သို့သော်လက်တွေ့အသုံးပြု ခြင်းမရှိခဲ့သေးပေ။ ယခုလေ့ လာစုံစမ်းတွေ့ရှိချက်အဖြေပေါ်မူတည်၍ အတည်ပြုခဲ့ပါလျှင်ထိုနူးကလီးယားစွမ်းအင်စခန်းကိုပြန်လည်အသုံးပြုလာနိုင်ခြေရှိသည်။ သို့မဟုတ် ထိုထက်ပို၍ခေတ်မှီပြီး၊ ခိုင်မာလုံခြုံ သောစခန်းတစ်ခုကိုထပ်မံတည်ဆောက်နိုင်ကြောင်းဖြင့်ပြောကြားခဲ့ပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: CBS news

https://bit.ly/3fmBhQY

Add new comment

2 + 0 =