နီပေါနိုင်ငံမှာ ကိုးရီးယား စစ္စတာရ် (၂)ပါး ဖမ်းဆီးခံရ

နီပေါနိုင်ငံမှာ ကိုးရီးယား စစ္စတာရ် (၂)ပါး ဖမ်းဆီးခံရ

နီပေါနိုင်ငံမှာ သာသနာပြုနေတဲ့ တောင်ကိုးရီးယား စစ္စတာရ် (၂)ပါးကို ထိန်းသိမ်းထားတာ (၁)လကျော် ပြီဖြစ်ပါသည်။

ထိုကက်သလစ် စစ္စတာရ် (၂)ပါးသည် "Happy House" ဟု အမည်ပေးထားသော ဂေဟာလေး တစ်ခုကို ဖွင့်ထားပေးပြီး ဆင်းရဲသားများကို အစားစာဝေငှပေးခြင်း၊ နေရာထိုင်ခင်းပေးခြင်း၊ လိုအပ်သော ဆေးဝါးများပေးခြင်းနှင့် ကလေးသူငယ်များကို ပညာသင်ပေးနေကြသော သူများလည်းဖြစ်သည်။ သူတို့သည် ကိုဗစ်ကာလတွင် မရှိဆင်းရဲသားများကို တစိုက်မတ်မတ်ကူညီခဲ့ကြသော စစ္စတာများလည်းဖြစ်ကြသည်။

ဖမ်းဆီးရခြင်းအကြောင်းမှာ အဆင့်မမီသော စားနပ်ရိက္ခာများထောက်ပံ့ပြီး ဘာသာရေး သွတ်သွင်းနေကြောင်း၊ ဟိန္ဒိူများကို ဘာသာသွင်းနေကြောင်း၊ ဆွဲဆောင်နေကြာင်း စွပ်စွဲထားသည်။ စစ္စတာများ ဖွင့်ထားသော နေရာများတွင် နေထိုင်ကြသူများနှင့် အနီးအနား ပတ်ဝန်းကျင်များက ဤသတင်းအပေါ် များစွာအံ့ဩကြောင်း သိရသည်။

"ဒါကတော့ မတရားဘူး အခြေအမြစ်လည်း လုံးဝမရှိဘူး" ဟု ပတ်ဝန်းကျင်က ‌ပြောဆိုနေကြသည်။

"စစ္စတာရ် (၂)ပါးကတော့ တည်တည်ငြိမ်ငြိမ်လေးပါပဲ။ ဒါပေမဲ့ အသက်လည်း နည်းနည်းကြီးတော့ ကျန်းမာရေးနည်းနည်းတော့ စိုးရိမ်ရပါတယ်. .." ဗာတီကန် ကိုယ်စားလှယ်က ဆိုသည်။

သူက ဆက်လက်၍

"ကက်သလစ်သာသနာ အနေနဲ့ကတော့ ဒါသည် လူနည်းစုတွေကို သက်သက် အနိုင်ကျင့်တယ်လို့ မြင်ပါတယ်.. ကက်သလစ် သာသနာရဲ့ လူများမရွေး ဘာသာမရွေး ကူညီစောင့်ရှောက်နေတဲ့ စေတနာကို စော်ကားတာဖြစ်တယ်" ဟုဆိုသည်။

Crd to #1001News

https://bit.ly/3Bqfbbn 

Add new comment

1 + 9 =