နီဂွာရာဂွာအစိုးရ ဗာတီကန်သံအမတ်အားနိုင်ငံအတွင်းမှနှင်ထုတ်လိုက်

နီဂွာရာဂွာအစိုးရ ဗာတီကန်သံအမတ်အားနိုင်ငံအတွင်းမှနှင်ထုတ်လိုက်

နီဂွာရာဂွာအစိုးရ ဗာတီကန်သံအမတ်အားနိုင်ငံအတွင်းမှနှင်ထုတ်လိုက်

            နီဂွာရာဂွာအစိုးရသည် ဗာတီကန်နှင့်သံခင်းတမန်ခင်းကိုအဆုံးသတ်ပြီး ဗာတီကန်သံ အမတ်ကိုလည်း နိုင်ငံအ တွင်းမှချက်ချင်းထွက်ခွာရန်အမိန့်ထုတ်ထားကြောင်း ဗာတီကန်ရုံးတော်မှ စနေနေ့ကထုတ်ပြန်ခဲ့သည်။

မတ်လ (၁၂) ရက်နေ့ ထုတ်ပြန်ချက်၌ ဗာတီကန်အနေဖြင့် မျှော်လင့်မထားဘဲ အလွန်စိတ် မကောင်းဖြစ် ဖြစ်စေသော နီဂွာရာဂွာ အစိုးရ၏ ဗာတီကန်သံအမတ် H.E. Mons. Waldemar Stanislaw Sommertag အားသံတမန်အဆက်အသွယ်ဖြတ် တောက်မှုသတင်းကိုလက်ခံရရှိခဲ့ကြောင်း၊

အဆိုပါဗာတီကန်သံအမတ်ကို (၂၀၁၈) ခုနှစ်က အသိအမှတ်ပြုလက်ခံထား ခြင်းဖြစ်ကြောင်း၊ ယခုသံ အမတ်သည် သက်တော် (၅၄) နှစ်ရှိပြီး ပိုလန်လူမျိုးဖြစ်သည်။ သူသည် သံအမတ်အဖြစ် (၂၀၀၀) ခုနှစ်မှစတင်အမှုတော်ထမ်းခဲ့သည်။ သူသည် နီဂါရာဂွာမှ မတ်လ (၆) ရက်နေ့က ထွက်ခွာ လာပြီ ဖြစ်သည်ဟုဆိုသည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3I8hun4

Add new comment

11 + 5 =