နီဂါ နိုင်ငံ တွင် ကက်သလစ်သာသနာတိုက်နယ် တစ်ခု တိုက်ခိုက်ခံရ

အနောက် အာဖရိက နီဂါ နိုင်ငံ အတွင်းရှိ နီယာမီ (Niamey) သာသနာနယ်

နီဂါ နိုင်ငံ တွင် ကက်သလစ်သာသနာတိုက်နယ် တစ်ခု တိုက်ခိုက်ခံရ
မေလ ၁၄၊ ၂၀၁၉

အနောက် အာဖရိက နီဂါ နိုင်ငံ အတွင်းရှိ နီယာမီ (Niamey) သာသနာနယ်အတွင်း ဒေါဘယ် (Dolbel) တိုက်နယ် ကို သေခြာမသိရှိရသေးသော အဖွဲ့တစ်ခုမှ တနင်္လာနေက တိုက်ခိုက်ခံခဲ့ပြီး ဘုန်းတော်ကြီး နီကိုင်စီ အာဗိုလု (Nicaise Avlouke) ဒဏ်ရာရခဲ့ကြောင်း ယင်းဒေသရှိ ခရစ်ယာန်များအပေါ် အထူးသဖြင့် ကက်သလစ် သာသနာနှင့် ကက်သလစ်ဘုန်းတော်ကြီးများကို ပြစ်မှတ်ထား တိုက်ခိုက်မှုများ တိုးပွားလာနေကြောင်းကိုလည်း သာသနာပြုအဖွဲ့မှ ဖော်ပြထားပါသည်။

ယင်း နီဂါနိုင်ငံတွင် ၂၀၁၈ ခု စက်တင်ဘာလက ဖမ်းစီးခေါ်ဆောင်သွားခြင်းခံရသည့် သာသနာပြု ဘုန်းတော်ကြီး ပီရဲ လွီဂျီ မာကာလီ ၏ သတင်းမှာလည်း ယခုအချိန်ထိ ဘာမှမကြားသိရသေးကြောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ နီဂါနိုင်ငံ ရှိ နီယာမီ (Niamey)၊ ဇင်ဒါ (Zinder) နှင့် ဂေါရီ (Goure) သာသနာနယ်များ အတွင်ရှိ ဘုရားကျောင်း ၄၅ ကျောင်း၊ စာသင်ကျောင်းများ နှင့် မိဘမဲ့ ကျောင်းများကို တိုက်ခိုက် မီးရှို့ဖျက်စီခံခဲ့ရကြောင်း ဖော်ပြထားပါသည်။

ယင်းဒေသတွင် "မေရီ နှင့် အတူတကွ" ဟူသောခေါင်းစဉ်ဖြင့် ကက်သလစ်ခရစ်ယာန်များ၊ ခရစ်ယာန်ဂိုဏ်ခွဲးများ နှင့် အစ္စလာမ် ဘာသာဝင်များ အပါအဝင် ဘာသာတရားအချင်းချင်း နာလည်မှုရှိခြင်း၊ ဘာသာမတူသူများအကြား ညီကိုယ်မောင်နှမ စိတ်ဓာတ်ဖော်ဆောင်ခြင်းတို့ ကက်သလစ်သာသနာတော်မှ ဦးဆောင်ပြီး အစီစဉ် အတိုင်းပြုလုပ်နေသော ဒေသဖြစ်သော်လည်း။ ယင်းအတိုက်အခိုက်ခံနေရမှုမျာကြောင့် တစ်ဦးနှင့်တစ်ဦး မယုံကြည်မှုများသာ တိုးပွားလာနေကြောင်း အဖွဲ့အစည်း ခေါင်ဆောင်များမှ ပြောကြားခဲ့ပါသည်။ 

https://www.vaticannews.va/en/church/news/2019-05/niger-parish-catholic-priest-attack-niamey.html

#catholic, #attack, #niger, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =