Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နီဂါရာဂွာအစိုးရမှ ကက်သလစ်ဆရာတော်တစ်ပါးအားထောင်ဒဏ် (၂၆) ချမှတ်လိုက်သည့်အပေါ်ရဟန်းမင်းကြီးဖရန်စစ် အသနားခံလိုက်
နီဂါရာဂွာအစိုးရမှ ကက်သလစ်ဆရာတော်တစ်ပါးအားထောင်ဒဏ် (၂၆) ချမှတ်လိုက်သည့်အပေါ်ရဟန်းမင်းကြီးဖရန်စစ် အသနားခံလိုက်
ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သောတနဂ်နွေနေ့က နီဂါရာဂွာနိုင်ငံ၏နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံသားများအား ငြိမ်းချမ်းရေးကိုရှာဖွေရာ၌ ၄င်းတို့၏နှလုံးသားကိုဖွင့်ထားကြရန်၊ ငြိမ်းချမ်းရေးသည် အမှန်တရား၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ချစ်ခြင်းနှင့်စိတ်ရှည်လက်ရှည်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာရရှိနိုင်ကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့် နီဂါရာဂွာမှဆရာတော် Rolando José Álvarez Lagos ၏အမှုနှင့်စပ်လျင်း၍ မျက်ခြေမပြတ်စိုးရိမ်စွာ၊ စိတ်မကောင်းစွာဖြင့်နားစွင့် နေကြောင်းမွန်းတည့်အန်ဂျေလူးဆုတောင်းမေတ္တာဆိုချိန်၌ ကမ္ဘာ့ဘုရားဖူးများအားပန်ကြာလိုက်သည်။
ရဟန်းမင်းကြီးဤသို့ပန်ကြားရခြင်းမှာ နီဂါရာဂွာနိုင်ငံမှ ကက်သလစ်ဆရာတော် Rolando José Álvarez Lagos အားထောင်ဒဏ် (၂၆) နှစ်ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား (၂၂၂) တို့အား လည်းပြည်နင်ဒဏ်ပေးလိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ ဤသတင်းကြောင့်ရဟန်းမင်းကြီးအနေဖြင့် ဆရာတော်အ တွက်လည်းများစွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ ပြစ်ဒဏ်ကို ဖေဖော်၀ါရီလ (၁၅) ရက်နေ့ကမျှော်လင့်ခဲ့သော်လည်း ဆရာတော်သည်နိုင်ငံရေးအကျဉ်းသား (၂၂၂) ဦးနှင့်အမေရိကန်ပြည်ထောင်စုသို့ ပြည်နင်ဒဏ်ပေးခြင်းမခံရမည်တစ်ရက်အလို၌ယခုကဲ့သို့အပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အ နက် ကက်သလစ်ဘုန်းတော်ကြီး (၅) ပါး၊ ဦးပဥ္စင်းတစ်ပါး၊ ရဟန်းလောင်းကျောင်းသား (၂) ဦးတို့သည် ထောင်ဒဏ် (၁၀) နှစ်ဆီချမှတ်ခံခဲ့ရသည်။
ယခုကဲ့သို့ပြည်နင်ဒဏ်ပေးခံရသူများအား လက်ရှိနီဂါရာဂွာအစိုးရက ‘နိုင်ငံတော်သစ္စာဖောက်’ ဟုစွပ်စွဲထားသည်။ အမေရိကန်ပြည်ထောင်စု၌ခိုလှုံခွင့်ရရန်စောင့်ဆိုင်းနေကြသည်။ ဆရာတော်နှင့်ပြင် နင်ဒဏ်ခံရသောနိုင်ငံအကျဉ်းသားပြည်သူများသည် နိုင်ငံသားဖြစ်ခွင့်များကိုလည်းရုတ်သိမ်းခံထားရသည်။ ၄င်းတို့သည် လွတ်လပ်မှု၊ အချုပ်အချာ၊ ပြည်သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အကြမ်းဖက်လုပ်ရပ် များ၊ အစွန်းရောက်အဖျက်လုပ်ငန်းများ၊ စီးပွားရေးမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ခြင်း စသော စွပ်စွဲချက်များပါ၀င်သည်။
မွန်ဆီညှော် José Leonardo Urbina နှင့်ဖာသာရ် Manuel Salvador García Rodríguez တို့သည်လည်း အထက်ကစွပ်စွဲချက်မျိုအတိုင်းစွပ်စွဲခံ၍ ဆက်လက်အကျဉ်းကျခံနေတုန်းရှိနေသည်။ ရဟန်းမင်းကြီးသည် ပြည်နင်ဒဏ်ခံလူထုနှင့်နီဂါရာဂွာပြည်သူတို့အဖို့ဆုတောင်ပေကြောင်း၊ ယခုဖမ်းဆီးခံထားရသောဆရာတော်သည် နီဂါရာဂွာ၏အာဏာရှင် Ortega အာဏာရသော (၂၀၀၇) နောက်ပိုင်းဆရာတော် Álvarez သည်ပထမဦးဆုံးဖမ်းဆီးထောင်ချခံရသော ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ သူ့အားဖမ်းဆီးသည့်အမှုမှာ အကြမ်းဖက်အဖွဲ့အားဦးဆောင်စည်းရုံးပြီး နိုင်ငံတော်အားမတည်မငြိမ်ဖြစ်အောင်၊ အာဏာပိုင်များအားတိုက်ခိုက်ရန်ကြံစည်သည်ဟူ သောပြစ်မှုဖြစ်သည်။
ဆရာတော်၊ ရဟန်းတော်များ၊ ရဟန်းလောင်းကျောင်းသားများနှင့်ဘာသာတူအချို့လည်း ဆရာတော်ကျောင်းတိုက်၌ (ဩဂုတ်လ ၁၉၊ ၂၀၂၂) တွင်စတင်ထိန်းသိမ်းခံခဲ့ရာ နှစ်ပတ်ကြာထိန်းသိမ်းခံခဲ့ရသည်။ ဤသို့ဖမ်းဆီးခံခဲ့ရသော်လည်း ဆရာတော်မှာ ဒီဇင်ဘာလအထိပြစ်ဒဏ်စီရင်ခြင်းကိုမခံရခဲ့သေးဘဲ ဇန္န၀ါရီလ၌မှု အိမ်အကျယ်ချုပ်ဖြင့်အမိန့်ချမှတ်ခဲ့သည်။ ယခုအခါ လုံခြုံမှုတင်းကြပ်စွာချထားသောအကျဉ်းထောင်သို့ပြောင်းရွေ့ခံထားရသည်။ ဥရောပကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ဥက္ကဌဖြစ်သော ကာဒီနယ် Jean-Claude Hollerich ကနီဂါရာဂွာမှကက်သလစ်သာသနာတော်ကြီးနှင့်အတူရှိကြောင်းနှင့်မတရားဖမ်ဆီးခံဘာသာရေးခေါင်းဆောင်များအားအမြန်လွှတ်ပေးရန်ကိုလည်း ဖေဖော်၀ါရီလ (၆) ရက်နေ့ကတောင်းဆိုလိုက်သည်။ ထို့အတူ လာတင်အမေရိကား၊ ချီလီနှင့်စပိန်ဆရာတော်ကြီးများကောင်စီကလည်း နီဂါရာဂွာအစိုးရ၏ ဘာသာရေးခေါင်းဆောင်များနှင့်နိုင်ငံရေးပုဂ္ဂိုလ်များအပေါ်ပြည်နှင်ဒဏ်ပေးသောလုပ်ဆောင်ခြင်းကိုကန့်ကွက်ရှုံ့ချခဲ့သည်။ လူ့အခွင့်အရေးကိုချိုးဖောက်သည်ဟုပြောကြားခဲ့သည်။
(၂၀၁၉) ခုနှစ်လည်း အသက်အန္တရာယ်အကြိမ်ကြိမ်ခြိမ်းခြေက်ခံရပြီးနောက် ရဟန်မင်းကြီး၏ခွင့်ပြုချက်ဖြင့် Managua ၏လက်ထောက်ဆရာတော် Silvio José Báez သည်လည်း သာသနာမှထွက်ခွာသွားခဲ့ရသည်။ နီဂါရာဂွာအစိုးရသည် ရဟန်းမင်းကြီးကိုယ်စားလှယ်အားလည်းကောင်း၊ ကရုဏာရေးသာသနာပြုသီလရှင်အသင်း (မာသာရ်ထရေးဇာသီလရှင်) (၁၈) ပါးအားလည်း ယခင်နှစ် (၂၀၂၂) တွင်နိုင်ငံမှနှင်ထုတ်ခဲ့သည်အထိဆိုးရွားခဲ့သည်။ နီဂါရာဂွာသည် အမေရိကတိုက်၏အကြီးဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ဟွန်ဒူးရပ်စ်၊ ကိုစတာရီကာတောင်ပိုင်းနှင့်လည်းနယ်နိမိတ်ထိစပ်နေသောနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံ၏အရှေ့ဖက်၌ကရေဘီယံပင်လယ်၊ အနောက်ဖက်၌ပါစီးဖိတ်သမုဒ္ဒရာများနှင့်ထိစပ်လျှက်ရှိသောနိုင်ငံတစ်ခုဖြစ်သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Add new comment