နီဂါရာဂွာအစိုးရက မာသာရ်ထရေးဇာသာသနာပြုသီလရှင်များအားနိုင်ငံမှနှင်ထုတ်

Missionaries of Charity leave Nicaragua on July 6, 2022. / Credit: P. Sunil Kumar AdugulaMissionaries of Charity leave Nicaragua on July 6, 2022. / Credit: P. Sunil Kumar Adugula

နီဂါရာဂွာအစိုးရက မာသာရ်ထရေးဇာသာသနာပြုသီလရှင်များအားနိုင်ငံမှနှင်ထုတ်

သမ္မတ Daniel Ortega ၏အစိုးရသည် နိုင်ငံအတွင်းသာသနာပြုနေသော မာသာထရေးဇာသီလရှင်အသင်းအား နိုင်ငံမှ ထွက်ခွာရန်အမိန့်ပေးထားသည်။ ဤကြေညာချက်ကို ဇူလိုင်လ (၆) ရက်နေ့ကထုတ်ပြန်ခဲ့သည်။ အစိုးရသည် သာသနာပြုသီလရှင် (၁၈) ပါးအား ၄င်းတို့၏ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများပြီးစီးသွားသောအခါ နိုင်ငံမှမောင်းထုတ်ခဲ့သည်။

အဆိုပါ သာသနာပြု များသည် ဘ၀မလုံခြုံသော၊ နိမ့်ကျနေသောလူ့အဖွဲ့အစည်း အထူး သဖြင့်ကျန်းမာရေးမကောင်းသောကလေးများ၊ သက်ကြီးရွယ်အို များအားကာကွယ်စောင့်ရှောက်ပေးသောအဖွဲ့အစည်းဖြစ်သည်။

နိုင်ငံအတွင်းမှနင်ထုတ်ခံရသော ထိုသာသနာပြု (၁၈) ဦးအနက် အိန္ဒိယမှ (၇) ပါး၊ မက်ဆီကိုမှ (၂) ပါး၊ စပိန်မှ (၁) ပါး၊ ဂွာတီမာလာမှ (၂) ပါး၊ အီဂွေဒေါမှ (၁) ပါး၊ ဗီယက်နမ်မှ (၁) ပါး၊ ဖိလစ်ပိုင်မှ (၂) ပါး၊ နီဂါရာဂွာမှ (၂) ပါးတို့ဖြစ်ကြသည်။

နိုင်ငံတော်၏ ပြောင်းရွေ့နှင့်နိုင်ငံခြားရေးရာဌာနနှင့်ရဲများပူးပေါင်းလျှက် သီလရှင်များ အားထိန်းသိမ်းပြီး နီဂါရာဂွာနှင့်နယ်နိမိတ်ထိစပ်သော Costa Rica ၏နယ်စပ်သို့သွားရောက်ပို့ဆောင်ခဲ့သည်။ သီလရှင်များသည် နယ်စပ်ကိုဖြစ်၍ Costa Rica နိုင်ငံ၏သာသနာတစ်ခုဖြစ်သော Tilaran-Liberia ၌လတ်တလော၌ခိုလှုံလျှက်ရှိသည်ဟုဆိုသည်။

နီဂါရာဂွာနိုင်ငံအတွင်း၌ အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းပေါင်း (၁၀၀) ကျော်ရှိသည်။ ၄င်းတို့အားလုံးသည်လည်း ပြီးခဲ့သော (၂) ရက်က လက်ရှိအစိုးရ၏အမိန့်ဖြင့် ပိတ်သိမ်းခံလိုက်ရသည်။ (၂၀၁၈) မှစ၍ အရပ်ဖက်အဖွဲ့အစည်းပေါင်း (၈၅၈) ဖွဲ့ သည်တရားမ၀င်ကူညီပေးလျှက်ရှိနေသည်ဟုသိရသည်။

မာသာရ်ထရီးဇာ၏သီလရှင်များသည် နိုင်ငံအတွင်းသာသနာပြုနေခဲ့သည် မှာ ဆယ်စုနှစ် (၄) စုရှိပြီဖြစ်သည်။ ၄င်းတို့သည် ဗလက္ကာရပြုကျင့်ခံရပြီး ကိုယ်၀န်ရသွားသောမိန်းကလေးများ၊ စွန့်ပစ်ခံအမျိုးသ မီးလေး၊ အရွယ်ရောက်အမျိုးသမီးများကိုစောင့်ရှောက်ပေးလျှက်ရှိသည်။ ၀င်ငွေနည်းသောချို့တဲ့အိမ်ထောင်သည်တို့၏ ကလေးပညာရေးကိုရှေ့ရှု၍ မူကြိုကျောင်းတစ်ကျောင်းကိုလည်းဖွင့်လှစ်ထားသည်။ သက်ရွယ်အိုများကိုမှုအာဟာရတိုက်ကျွေးခြင်းနှင့်သက် ကြီးစောင့်ရှောက်ရေးဂေဟာကိုလည်းဖွင့်လှစ်ထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ‘ပွင့်လင်းမြင်သာမှုနှင့်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး’ အဖွဲ့၀င်ဖြစ်သော ရှေ့နေ Martha Patricia Molina Montenegro က သီလရှင်များအားနိုင်ငံအတွင်းမှနင်ထုတ်ခြင်းသည် လက်ရှိအစိုးရ၏ တရား မ၀င် လုပ်ဆောင်မှု နောက်တစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သီလရှင်တို့၏ရှိနေခြင်းသည် တရား၀င်နေထိုင်နေခြင်းဖြစ်ပြီး၊ နိုင်ငံသားများ နှင့်အဖွဲ့အစည်းများကလည်း ဤလုပ် ဆောင်ချက်သည် အခြေခံဥပဒေနှင့်မကိုက်ညီကြောင်းကိုလည်းကြေညာထားသည်။

Costa Rica နိုင်ငံ Tilaran-Liberia မှသာသနာ ပိုင်ဆရာတော် သီလရှင်များအား နွေးထွေးစွကြိုဆိုခဲ့သည်။ သူ၏ကြေညာ ချက်ထဲ၌ ‘နီဂါရာဂွာနိုင်ငံမှဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာတူများအတွက်ဆုတောင်းပေးပါ ကြောင်း၊ သီလရှင်များ၏ သက်စွန့်ဆံဖျားဆက်ကပ်၍သာသနာပြုခြင်း၊ချို့တဲ့နွမ်းပါးသူတို့အား အစေခံခြင်းကိုလည်း အလွန်လေး စားပါကြောင်း၊ သူ့အနေဖြင့် ရဟန္တာမ မာသာရ်ထရေးဇာ၏ဆုတောင်းပေးခြင်းကိုလည်းတောင်းခံပေးပါကြောင်း’ ပြောကြားထား သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3o0r184

Add new comment

2 + 2 =