Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နီဂါရာဂွာအစိုးရက ကက်သလစ်ဘုန်းတော်ကြီးများ၏ဘဏ်စာအုပ်များကိုပိတ်သိမ်းပ
နီဂါရာဂွာအစိုးရက ကက်သလစ်ဘုန်းတော်ကြီးများ၏ဘဏ်စာအုပ်များကိုပိတ်သိမ်းပ
ဇွန်လ (၁၄) ရက်နေ့က နီဂါရာဂွာနိုင်ငံ၏သမ္မတ Daniel Ortega သည်နိုင်ငံအတွင်းမှကက်သလစ်ဘုန်းတော်ကြီးတို့၏ကိုယ်ပိုင်ဘဏ်စာအုပ်များကိုပိတ်သိမ်းလိုက်သည်။
ပြည်ပ၌ထွက်ပြေးနေရသောရှေ့နေ Martha Patricia Molina ကဤလုပ်ရပ်အပေါ်တွီတာလူမှုကွန်ရက်၌ပြင်းပြင်းထန် ထန်ရေးသားဆန့်ကျင့်ေ၀ဖန်ခဲ့သည်။ တစ်ဆက်တည်း၌ပင် ဤလုပ်ရပ်မျိုးကိုနိုင်ငံအတွင်းမှဘုန်းတော်ကြီးများနှင့်ဘာသာတူများအားလည်းရိုက်ခတ်လာမည်ကိုစိုးရိမ်ရကြောင်းကိုလည်းထုတ်ဖော်ရေးသားထား သည်။
ရှေ့နေ၏ပြောကြားချက်အရ နိုင်ငံအတွင်းမှဘုန်းတော်ကြီးအတော်များများသည် ၄င်းတို့၏ဘဏ်စာ အုပ်ကို၀င်ရောက်စစ်ဆေးရန်လုပ်ဆောင်ရာနိုင် အသုံးပြုရန်တားမြစ်ထားကြောင်းအကြောင်းကြားစာပေါ် လာကြောင်း၊ ဤသို့ဘဏ်စာအုပ်များအားပိတ်သိမ်းခြင်းဖြင့် ဘုန်းတော်ကြီးများအားရာဇ၀တ်မှုထဲသွပ်သွင်း လိုက်ခြင်းပင်ဖြစ်ကြောင်း၊ ဤအခြေအနေမျိုးသည်ဖြစ်လာမည်ကိုမျှော်လင့်ရကြောင်း နိုင်ငံအတွင်းမှမီဒီယာ များထံမှသိရသည်။
မေ (၂၇) ရက်က ကက်သလစ်သာသနာ၏ငွေကြေးဘဏ်စာရင်းစတင်ပိတ်သိမ်းခံခဲ့ရသည်။ ထပ်တိုးလုပ်ဆောင်မှုများကိုလုပ်ဆောင်လာခဲ့သည်မှာ ပထမဦးစွာ Estel၊ Matagalpa၊ Managua မှစခဲ့ရာ တစ်နိုင်ငံလုံးသို့ဖြန့်ကျက်လုပ်ဆောင်လာနေသည်။
Bancentro၊ BDF၊ Banpro ကဲ့သို့သောဘဏ်အချို့အားယခုကဲ့သို့လုပ်ဆောင်ရန်ဖိအားပေးလာကြောင်းသိရသည်။ အတိုက်အခံနိုင်ငံရေးခေါင်း ဆောင် Felix Maradiaga ကယခုကဲ့သို့လုပ်ဆောင်ခြင်းသည် သာသနာအားစိုး၀ါးစွာအကြမ်းဖက်နေခြင်း၊ ညှဉ်းပမ်းနှိပ်စက်နေခြင်းဖြစ်သည်ဟုေ၀ဖန်ခဲ့သည်။
ဗာတီကန်နှင့်သံတမန်ဖြတ်တောက်ခြင်း၊ ပြည်နင်ဒဏ်ပေးခြင်း၊ ဆရာတော်၊ ရဟန်းတော်များ၊ သီ လရှင်များ၏တမန်တော်လုပ်ငန်းနှင့်လူမှုရေးလုပ်ငန်းများအားပိတ်ပင်တားမြစ်ခြင်း စသောလုပ်ရပ်များသည် လက်ရှိအာဏာရှင်အစိုးရနှင့်ကက်သလစ်သာသနာတော်ကြားတင်းမာမှုများကိုပြသနေခြင်းဖြစ်သည်။
လက် ရှိအာဏာရှင်အစိုးရသည် (၂၀၁၈ မှ ၂၀၂၃) ခုနှစ်အတွင်း (၅၂၉) ကြိမ်တိုင်တိုင်ဆက်ဆံရေးမပြေမလည်သည့်ဖြစ်ရပ်များဖြစ်ပွားခဲ့ပြီး အကြိမ် (၉၀) မှာ (၂၀၂၃) အတွင်း၌ဖြစ်ပွားခဲ့ကြောင်း စာရေးဆရာမ Martha Patricia Molina ၏ ‘Una Iglesia Persecuta?’ (သာသနာတော်ကြီးကို ညှဉ်း ပမ်းနှိမ်စက်ခြင်းလော) အမည်ရသည့်စာအုပ်၌ဖော်ပြထားသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment