နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ

နီဂါရာဂွာနိုင်ငံ၌နှစ်သစ်ကူးရန် (၃) ရက်အလို ကက်သလစ်ဆရာတော် (၁) ပါးနှင့်ဘုန်းကြီး (၁၁) ပါးဖမ်းဆီးထောင်ချခံရ

မကြာမီက နီဂါရာဂွာအာဏာရှင်အစိုးရဖြုတ်ချရေး၌ပါ၀င်ခဲ့သော ကက်သလစ်သာသနာမှဘုန်း တော်ကြီး (၁၁) ပါးနှင့် Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega တို့သည် ထောင်ချခံလိုက်ရသည်။ ဒီဇင်ဘာ (၂၉) နှင့် (၃၀) ညများ၌ Managua ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ဘုန်းတော်ကြီး (၆) ပါးကိုဖမ်းဆီးခဲ့သည်။ ထိုရက်များမတိုင်မီအစောပိုင်းကလည်း Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega နှင့်သူ၏ရဟန်းတော် (၅) ပါးကိုဖမ်းဆီးထောင်ချလိုက် သည်။

ဒီဇင်ဘာ (၂၀) ရက်နေ့၌အဖမ်းခံခဲ့ရသော Siuna သာသနာပိုင်ဆရာတော် Isidoro del Carmen Mora Ortega သည် နီဂါရာဂွာကက်သလစ်သာသနာ၏ဒုတိယမြောက်ဖမ်းဆီးခံရသောဆရာတော်ဖြစ်လာ ခဲ့သည်။ ဖမ်းဆီးခံရသည့်အကြောင်းအရင်းမှာ (ဖေဖော်၀ါရီ ၂၀၂၃) ကမတရားသဖြင့် (၂၆) နှစ်ထောင်ဒဏ်ချမှတ်ခံထားရသော ဆ ရာတော် Rolando José Álvarez Lagos ၏လွတ်မြောက်ရေးအတွက်ဆုတောင်းပေးခဲ့၍ဖြစ်သည်။

နီဂါရာဂွာအာဏာရှင်အစိုးရလက်ချက်ကြောင့် အမေရိကန်နိုင်ငံသို့ထွက်ပြေးနေရသော Managua သာသနာ၏လက်ထောက်ဆရာတော် Silvio José Báez အနေဖြင့် ကမ္ဘာကြီးအား နီဂါရာဂွာအရေး၌အာရုံ စိုက်ပေးကြရန် ဒီဇင်ဘာ (၃၀) ရက်နေ့ကဗွီဒီယိုသတင်းပါးတောင်းဆိုခဲ့သည်။ ဆရာတော်က မတရားအကျဉ်းကျခံနေရသူတို့အားမေ့လျော့မထားရန်၊ ၄င်းတို့၏လွတ်မြောက်ရေးအတွက်ဆုတောင်းပေးကြရန်၊ မတရားသဖြင့်ပြစ်ဒဏ်ချမှတ်ခံရသည့်အကြောင်းရဲ၀ံ့စွာထုတ်ဖော်ပြောဆိုရန်တောင်းဆိုထားသည်။ သာသနာ တော်ကြီးအား မတရားမှုနှင့်အကြမ်းဖက်မှုမည်မျှပြင်းထန်စွာတိုက်ခိုက်နေစေကာမူ သာသနာ့အမှုထမ်းနှင့်ဘုရားသခင်၏လူမျိုးတော်များအနေဖြင့် အဆုံးတိုင်အောင် ဘုရားသခင်၏အမှုတော်ကိုဆက်လက်ဆောင် ရွက်သွားကြမည်ဖြစ်ကြောင်းပြောကြားထားသည်။

ဒီဇင်ဘာ (၁၈) ရက်က ကုလ၏လူ့အခွင့်အရေးကော်မရှင်တာ၀န်ခံ Nada Al-Nashif ကသူ၏ကြေ ညာချက်ထဲ၌ နီဂါရာဂွာအစိုးရအနေဖြင့်အကြမ်းဖက်မှုများကိုကာကွယ်ဟန့်တားရန်အားမထုတ်ဘဲနေနေခြင်းကိုစိုးရိမ်ကြောင်း၊ နိုင်ငံရေးနှင့်ဌာနေတိုင်းရင်းသားခေါင်းဆောင်များ၊ ကက်သလစ်သာသနာ၏အဖွဲ့၀င်များ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းသမားများနှင့်အခြားတစ်သီးပုဂ္ဂလပြည်သူများအနေဖြင့် အာဏာရှင်အစိုးရနှင့်မတူသောအမြင်များထုတ်ဖော်ပြောဆိုထောက်ပြမှုများကြောင့် အာဏာရှင်အစိုးရ၏ ဗျူဟာကျကျပစ်မှတ်ထားခြင်းကိုခံနေရကြောင်းသူ၏ကဖော်ပြထားသည်။ ကက်သလစ်သာသနာသည် အာဏာရှင်အစိုးရ၏အဓိကပစ်မှတ်ထားဖိနှိပ်ညှဉ်းဆဲမှုကိုခံနေရကြောင်းကိုလည်း ပြတ်သားရှင်းလင်းစွာဖော်ပြထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39pHk

 

Add new comment

1 + 0 =