နိုဝင်ဘာ ၂ရက်နေ့မှာ ပုပ်ဖရန်စစ်အရှင်သူမြတ် ပြင်သစ် စစ်သင်္ချိုင်းမှာ ကြွရောက်ဆုတောင်းပေး

နိုဝင်ဘာ ၂ရက်နေ့မှာ ပုပ်ဖရန်စစ်အရှင်သူမြတ် ပြင်သစ် စစ်သင်္ချိုင်းမှာ ကြွရောက်ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီများကိုချေမှုန်းရင်း အသက်ပေးခဲ့ကြတဲ့ ပြင်သစ်စစ်သည်တွေရှိရာ ပြင်သစ်စစ်သင်္ချိုင်း မှ ဂူတွေဆီ တစ်ယောက်ထဲလျှောက်သွားပြီး နှင်းဆီပန်းဖြူလေးများကို ကိုင်ကာ တစ်ခု ဆီချလို့ ဂါရဝပြုဆုတောင်းပေးခဲ့ပါတယ်။

ပြင်သစ်စစ်သည် ၂၀၀၀ နီးပါး (အားလုံးကက်သလစ်မဟုတ်) တို့ဟာ ဤလူသိနည်းတဲ့ စစ်သချိုင်းမှာ မြှုပ်နှံထားကြောင်း တချို့ဟာ ပြင်သစ်စစ်တပ်ကို ဝင်ရောက်ခဲ့ကြပြီး “Goumiers.” လို့ခေါ်တဲ့ Moroccan စစ်သားများဖြစ်ကြပါတယ်။

အရှင်သူမြတ်က ကွယ်လွန်သူများအတွက်ဆုတောင်းရသောနေ့ မှာ လေးနက်တဲ့ ထောက်ရှုချက်တွေကို ပေးခဲ့ပါတယ်။ တချို့သောအုတ်ဂူတွေမှာ စစ်သားအမည်မပါပဲ “Died for France.” ပြင်သစ်အတွက်သက်စွန့်သည် လို့ပဲပါရှိတယ်လို့ အရှင်သူမြတ်က မှတ်ချက်ပြုကာ မြွက်ကြားတာကတော့ နာမည်လေးတောင်မပါရှာပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့နှလုံးသားမှာကျွန်ုပ်တို့ အမည်တွေရေးထားပါတယ်၊ ဒါဟာစစ်ရဲ့ ရလာဒ်တွေပါပဲ။ “Goumiers” တွေလို့ဆိုရင် တိုက်ခိုက်မှုမှာနာမည်ကြီးတယ် ဒါပေမဲ့ စစ်သားတွေကို ကျွန်ုပ်ကြည့်ကြရမှာမဟုတ်ပါဘူး၊ စစ်ပွဲဖန်တီးသူတွေကိုကြည့်ရမှာပါ။ ဒီနေဩဝါဒက “Died for France.” ဆိုတဲ့ ဂူပေါ်ကစာသားကို ထောက်ရှုကြရမှာပါ။ တချို့အမည်တွေပါကြတယ် တချို့ကမပါဘူး။ ဒါပေမဲ့ ဒီအုတ်ဂူတွေဟာ ငြိမ်းချမ်းခြင်းအတွက်သတင်းစကားပါပဲ။ ရပ်ပါ၊ ရပ်ပါ ညီအကိုတို့၊ စစ်လက်နှက်ထုတ်လုပ်မှုတွေကိုရပ်ကြပါတော့" လို့ဆိုကာတရားပေးမြွက်ကြားခဲ့တာပါ။

အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ ဒုတိယကမ္ဘာစစ်မှာ ကျဆုံးသွားတဲ့ စစ်သည်များရဲ့ အုတ်ဂူတွေအပေါ်မှာ အမြဲတမ်းထောက်ရှုချက်တွေပေးလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ်က နာမည်ကြီးသချိုင်းတစ်ခုဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်းက ကျဆုံးသူ အီတလီစစ်သား ၁ သိန်းမြှုပ်နှံထားတဲ့ Redipuglia ကိုကြွရောက်ခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ၁၉၄၃ ခုနှစ်က အီတလီမှာကျဆုံးခဲ့တဲ့ နက်သူးနို မှာရှိတဲ့ အမေရိကန် စစ်  သင်္ချိုင်းကိုလည်းကြွရောက်ဆုတောင်းပေးခဲ့ပါတယ်။

ဒီနှစ် နို၀င်ဘာလ ၂ ရက် ၊ ကွယ်လွန်သူများအတွက်ဆုတောင်းရသောနေ့ မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ရောမမြို့အနီးမှ ပြင်သစ် စစ် သင်္ချိုင်း မှာ
စ္ဆားတရားဟောကြားခဲ့ပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of Catholic Reviews

https://bit.ly/3nXxKPM

Add new comment

3 + 2 =