နိုဘဲလ်ဆုရှင်ကရဟန်းမင်းကြီးဖရန်စစ်အားလာရောက်ဂါရဝပြုတွေ့ဆုံ

နိုဘဲလ်ဆုရှင်ကရဟန်းမင်းကြီးဖရန်စစ်အားလာရောက်ဂါရဝပြုတွေ့ဆုံ

နိုဘဲလ်ဆုရှင်ကရဟန်းမင်းကြီးဖရန်စစ်အားလာရောက်ဂါရဝပြုတွေ့ဆုံ

သူရသောနိုဘဲလ်ဆုအမည်မှာ ‘Zayed’ ဟုခေါ်သည်။ ဤနိုဘဲလ်ဆုကို (၂၀၁၉) ခုနှစ်မှစတင်ပေးအပ်ခဲ့သည်။ ဤ ဆုကိုအာရပ်စော်ပွားပြည်ထောင်စုတည်ထောင်ခဲ့သူ၏အမည်ကိုဂုဏ်ပြု၍တပ်ခေါ်ထားခြင်းဖြစ်သည်။ ရဟန်းမင်းကြီးနှင့် လည်းဆက်နွယ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် အာဘူဒါဘီ၌ရဟန်းမင်းကြီးနှင့် Al-Azhar မှ Grand Imam တို့ သည်လူသားအချင်းချင်းညီအစ်ကိုချင်းနှင့်ဆိုင်သောစာတမ်းတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်ကိုပြန်လည်အောက်မေ့ စေသည်။

ဤဆုကိုလက်ခံရရှိခဲ့ကြသောကိုယ်စားလှယ်များသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်ဗာတီကန်၌တွေ့ဆုံခဲ့သည်။ ဤဆုသည်တစ်ဦးတစ်ယောက်တည်းကသာရရှိသည်မဟုတ်ဘဲ လူသားအချင်းချင်းညီအစ်ကိုရင်းစိတ်ဓာတ်တိုးပွားမြင့်တင် ရေး၌လုပ်ဆောင်နေသူများ၏အမည်စာရင်းများကိုကောက်ခံ၍ပေးခြင်းဖြစ်သည်။

ဤဆုကိုလက်ခံရရှိသောသူ (သို့) အသင်းအဖွဲ့သည် လာမည့်ဖေဖော်၀ါရီလ၌ အမေရိကန်ဒေါ်လာ (တစ်သန်း) ရမည်ဖြစ်သည်။ ရဟန်းမင်းကြီးက ဤနိုဘဲယ်ဆုရရှိသောကိုယ်စားလှယ် Leymah Gbowee ကိုလက်ခံတွေ့ဆုံခဲ့သည်။

သူသည် လစ်ဗျားနိုင်ငံအတွင်းငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန်အတွက်အသုံးတော်ခံခဲ့သူဖြစ်သည်။ သူနှင့်အတူယခင်ကုလ သမ္မဂ၏လူမျိုးသုန်းသတ်ဖြတ်ခြင်းကိုဟန့်တားကာကွယ်ရေးလုပ်ငန်းစဉ်၌အကြံပေးအဖြစ်ထမ်းဆောင်ခဲ့သောဆေနီဂါလ် နိုင်ငံမှ Adama Dieng လည်းပါသည်။ ရဟန်းမင်းကြီးက၄င်းတို့အား လောလောလတ်လတ်ထုတ်‌ဝေဖြန့်ချီထားသော “Fratelli Tutti” စာချွန်တော်ကိုလည်းလက်ဆောင်ပေးအပ်ခဲ့သည်။

ဤစာချွန်တော်သည် ‘Zayed’ နိုဘဲဘ်ဆုရသူများ အားအလင်းပျောက်များဆောင်ယူလာစေမည်ဟုယုံကြည်သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo and News courtesy: Rome Report

https://bit.ly/31FCZZQ

Add new comment

8 + 1 =