နိုင်းမြစ်အရေးနှင့်စပ်လျင်း၍ ရဟန်းမင်းကြီး၏ပန်ကြား

နိုင်းမြစ်အရေးနှင့်စပ်လျင်း၍ ရဟန်းမင်းကြီး၏ပန်ကြား

နိုင်းမြစ်အရေးနှင့်စပ်လျင်း၍ ရဟန်းမင်းကြီး၏ပန်ကြား

ရဟန်းမင်းကြီးသည် ပြီးခဲ့သောစနေနေ့ အန်ဂျေလူးဆုတောင်းခြင်းရွတ်ဆိုပူဇော်ပြီးနောက် နိုင်းမြစ်နှင့်စပ်လျင်း ၍အီဂျစ်၊ အီသီယိုးပီးယားနှင့်ဆူဒန်နိုင်ငံတို့ကြားဖြစ်ပွားနေသောပဋိပက္ခကိုအာရုံထားနားစွင့်နေကြောင်း၊ ထိုတင်းမာ သောအခြေအနေနှင့်ပတ်သက်၍ တင်းမာမှု ဖြစ်နေသောနိုင်ငံများအနေဖြင့်တွေ့ဆုံဆွေးနွေးညှိနှိုင်း ၍အဖြေရှာ၊ သို့မှသာ အသက်၏ အရင်းအမြစ်ဖြစ်သည်မြစ်ကြီးအဖြစ်ထာ၀ရတည်ရှိနေမည်ဖြစ်ကြောင်း၊ ကွဲပြားခြင်းထက် စည်းလုံးကြရန်၊ ရန် ဆောင်ခြင်းထက်မိတ်ဆွေဖွဲ့ကြရန်၊ ပဋိပက္ခထက်အဆင်ပြေအေးချမ်းမှုကိုတည်ဆောက်ရန်၊ ထို့ကြောင့်တွေ့ဆုံဆွေးနွေးမှုသည်တင်းမာမှုဖြစ်နေသောနိုင်ငံများ၏ရွေးချယ်မှုဖြစ်ပါစေကြောင့်၊ သို့မှသာမိမိတို့နိုင်ငံ သားများအတွက်လည်းကောင်း၊ ကမ္ဘာကြီးအတွက်လည်းကောင်းကောင်းကျိုးများရရှိလာမည်ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။

ပဋိပက္ခ၏ဖြစ်ရခြင်း

လွန်ခဲ့သော (ဧပြီလ၊ ၂၀၁၁) ခုနှစ်က အီသီယိုးပီးယားနိုင်ငံက ရေလှောင်ဆည်ကြီးတစ်ခုကိုနိုင်းမြစ်ပေါ်တွင် တည်ဆောက်ခဲ့သည်။ ထိုဆည်ကြီးသည်အီသီယိုးပီးယားနိုင်ငံ၏ပိုင်နက်၌တည်ဆောက်ခဲ့သော်လည်း ဆူဒန်နိုင်ငံ၏ နယ်နိမိတ်နှင့်အလွန်နီးကပ်နေသည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ (၄.၅) ဘီလီလျံကုန်ကျပြီးမှပြီးစီးခဲ့သည်။ ဤစီမံကိန်းသည်အာဖရိကတိုက် ၌အကြီးမားဆုံးသောရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။ ထို့ကြောင့်ဆည်တည်ဆောက် မှုနှင့်ခိုင်ခန့်မူကိုစိုးရိမ်လာကြသည်။ နိုင်းမြစ်အတွင်းရေထုလျော့နည်းသွားနိုင်သည့်အချက်ကိုထည့်တွက်လာခဲ့ကြသည်။ ရေထုလျော့နည်းလာလျှင်နိုင်းမြစ်ကိုမှီခိုနေရသောအခြားသောနိုင်ငံများအတွက်လည်းထိခိုက်နစ်နာမူဖြစ်လာနိုင်သည့်အ တွက်အိမ်နီးချင်းနိုင်ငံများဖြစ်သည်အီဂျစ်၊ ဆူဒန်နှင့်အီသီယိုးပီးယားနိုင်ငံများကြားအခြေအနေတင်းမာလာခဲ့ခြင်းဖြစ် သည်။ နိုင်းမြစ်ပြာပြာသည်ဆူဒန်နိုင်ငံရှိနိုင်းမြစ်ဖြူနှင့်ဆက်နေပြီး၊ နိုင်းမြစ်ရေ (၈၅) ရာခိုင်နှုန်းကိုပံ့ပိုးပေးနေသောမြစ် တစ်စင်းလည်းဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံအတွက်မှာမူ နိုင်ငံအတွင်းလိုအပ်သောလျှပ်စစ်ကိုစျေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်သော်လည်း စိုက်ပျိုးရေးအတွက်လိုအပ်သောရေနှင့်နှစ်စဉ်နှုန်းမြေများပို့ချပေးမည့်ရေကြီးရေလျှံသည့် အခြေအနေများလျော့နည်းသွားမည်ဖြစ်သည်။ ဤဆည်ကြီးတည်ဆောက်မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက် တွဲများကိုကြုံရဖွယ်ရှိသောနိုင်ငံများကဤအရေးနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများကိုဆည်စတင်တည် ဆောက်နေ ချိန်ကစ၍အကြိမ်များစွာပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ်ဆွေးနွေးခြင်းကိုမူ ဇူလိုင်လ (၂၇) ရက်နေ့ကအာဖရိကန် သမဂ္ဂမှကမကထပြုကျင်းပခဲ့သည်။ ထိုအစည်းအ ဝေးသို့လေ့လာသူများအဖြစ်အမေရိကန်နိုင်ငံ၊ ၌ရောပသမဂ္ဂနှင့်အာ ဖရိကသမဂ္ဂကော်မ ရှင်၏ပညာရှင်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ ဤတွေ့ဆုံဆွေးနွေးခြင်း၏ရည်ရွယ်ချက်မှာ ဆည်ကြီးအားရေဖြည့်တင်းရေးမှုနှင့်ပတ်သက်၍သဘောတူညီမှုရရှိရေးနှင့်လှည်ပတ်ရေးဖြစ်သည်။ ဩဂုတ်လ (၁၀) ရက်နေ့ကထိုအစည်းအ​ေဝေးကိုတစ်ပတ်တာရပ်နားမည်ဖြစ်ကြောင်းအီဂျစ်နိုင်ငံ၏ရေအရင်းအမြစ်၏၀န်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။

ဤရပ်နားခြင်းသည် ဆူဒန်နိုင်ငံ၏တောင်းဆိုချက်ကိုပြန်လည်သုံးသပ်၍ဆုံးဖြတ်ချက်ချမှတ် နိုင်ရန်အချိန်ပေးလိုက်သည့်သဘောဖြစ်သည်။ ဤအတောအတွင်း၌ နိုင်ငံသုံးနိုင်ခုမှရေအရင်းအမြစ်ဆိုင်ရာ၀န်ကြီးဌာန များ၄င်းတို့နိုင်ငံအချင်းချင်းလည်းတွေ့ဆုံဆွေးနွေးပြီး၊ နောင်ကျင်းပမည့်အစည်းအ ဝေးအတွက်လိုအပ်သောအချက် အလက်များ၊ ကျိုးကြောင်းများကိုရှာဖွေစုစည်းလျှက်ရှိသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or Licensors
https://bit.ly/2CAV5ms

Add new comment

16 + 3 =