နိုင်ငံအတွက် အသက်ရှုကိရိယာများရရှိရေး ပီရူးဆရာတော်များ ပါဝင်ဆောင်ရွက်

နိုင်ငံအတွက် အသက်ရှုကိရိယာများရရှိရေး ပီရူးဆရာတော်များ ပါဝင်ဆောင်ရွက်

နိုင်ငံအတွက် အသက်ရှုကိရိယာများရရှိရေး ပီရူးဆရာတော်များ ပါဝင်ဆောင်ရွက်

        Respira Peru ၏ အဓိကရည်မှန်းချက်မှာ COVID -19 ရောဂါကြောင့် အသက်ရှုရာတွင် အခက်ကြုံနေရသူများအား အသက်ရှုစက်ဖြင့် ကူညီနိုင်ရန် အလှူငွေရရှိရန်ဖြစ်သည်။ ယခုအစီအစဉ်ကို ပီရူးဆရာတော်များအဖွဲ့ချုပ်၊
စိန့်အီနေးရှက်စ်(လိုယိုလာ)တက္ကသိုလ်နှင့် ပြည်တွင်းစက်မှုအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

        ပြီးခဲ့သောဇွန်လက ဆန်မာတင်ဒေသတွင် ကလေးနှစ်ဦးသည် အောက်စီဂျင်ပြတ်ကာသေဆုံးခဲဲ့ရကြောင်း ပီရုူးနိုင်ငံ၏ တီဗွီချန်နယ်တစ်ခုမှ ထုတ်လွှင့်ခဲ့သည်။
ထိုဖြစ်ရပ်သည် ယခုကဲ့သို့ ရံပုံငွေ အစီအစဉ်ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ အလှူငွေများကို ပီရူးနိုင်ငံ၏ ငွေကြေးဆိုင်ရာဠာနများတွင် အလွန်အရေးပါသော ကုမ္မဏီများမှ ရရှိခြင်းဖြစ်သည်။

ယခုကဲ့သို့ ပင်မအရင်းအမြစ်များနှင့်တီဗွီအစီအစဉ်များကို အသုံးပြုပြီး အသက်ရှုကိရိယာများ ဝယ်ယူရန်အတွက် ၈ (သို့) ၉ မီလီယံအထိ ရရှိခဲ့ပြီးဖြစ်သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

https://bit.ly/3pkFYQE

 

Add new comment

4 + 10 =