နိုင်ငံရေး တက်ကြွလှုပ်ရှားမှု တွင်ပါဝင်နေကြသူများအား ကက်သလစ် ကိုရင်၊ သီလရှင်များမှ Surgical Mask နှင့် အရေး ပေါ်အခြေအနေသုံးပစ္စည်းများ ဝေငှ

နိုင်ငံရေး တက်ကြွလှုပ်ရှားမှု တွင်ပါဝင်နေကြသူများအား ကက်သလစ် ကိုရင်၊ သီလရှင်များမှ Surgical Mask နှင့် အရေး ပေါ်အခြေအနေသုံးပစ္စည်းများ ဝေငှ

နိုင်ငံရေး တက်ကြွလှုပ်ရှားမှု တွင်ပါဝင်နေကြသူများအား ကက်သလစ် ကိုရင်၊ သီလရှင်များမှ Surgical Mask နှင့် အရေး ပေါ်အခြေအနေသုံးပစ္စည်းများ ဝေငှ

ဖေဖော်ဝါရီ  ၂၈ ၊ ၂၀၂၁

မန္တလေးမြို့  ၃၅ လမ်းပေါ် တွင် ဖေဖော်ဝါရီ  ၂၈ ၊ ၂၀၂၁ ရက်နေ့က စိန့်ဂျိုးဇက်အသင်းဂိုဏ်းဝင် ကက်သလစ် ခရစ်ယာန် သီလရှင်များ၊ စိန့်ဖရန်စစ်ဇေးဗီးယား အသင်းဝင် သီလရှင်များနှင့် နှင့် ကက်သလစ် ခရစ်ယာန် ကိုရင်တချို့ မှ ကိုဗစ် အန္တရာယ် ကာကွယ်ရန် လေရှုပေါက်ပါတဲ့ Mask ၊ အရေးပေါ်အခြေအနေ အနာတရ အတွက်အသုံးပြုရန် အနာ ကပ်ပ လာစတာ (Hansaplast)  နှင့် ချိုချဉ် စသည်တို့ကို ထုတ်ပိုးကာ နိုင်ငံ့အရေးလှုပ်ရှားနေကြသူ လမ်းသွား လမ်းလာများ အား ကိုဗစ် ၁၉ ရောဂါကိုလည်း မမေ့ရန် နှုတ်မှလည်း သတိပေးရင်း ဝေငှပေးခဲ့ပါတယ်။

"ကိုဗစ်ရန်ကလည်း မကင်းသေးဘူးလေ ၊ လူစုလူဝေး ကြား သွားလာကြတဲ့အခါ Mask မေ့လာတာမျိုးလေးတွေမဖြစ်ဘို့ ဒီလိုပစ္စည်းလေးတွေပေးဘို့ စီစဉ်လိုက်ကြတာပါ" "ဒီအရာတွေကို အလျှုရှင်တဉီးက အဝေးကနေ လျှုဒါန်းပေးတာ ကို ပါရမီ ဖြည့်ပေးတာပါ။ ကျမတို့ဟာ မေတ္တာတရား အမှန်တရားလမ်းစဉ်ကို အားပေးသူတွေဖြစ်ကြတာကြောင့် တတ်နိုင် တာ လေးတွေကို အခုလို ပါ၀င်ကူညီခွင့်ရတာကို ပီတိဖြစ်တယ်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ" လို့ ဝေငှ‌ ပေး နေသော စစ္စတာရ်များထဲမှ စိန့်ဂျိူးဇက်အသင်းဂိုဏ်းမှ စစ္စတာရ်ထရေဇားက ပြောကြားခဲ့ပါတယ်။

" ကျနော်တို့ဝေနေတာလေးတွေကို ယူသွားသူရှိသလို တချို့လဲ မယူပဲ တလေးတစားနဲ့ ဉီးညွှတ် နုတ်ဆက် သွားကြ တာ ဟာ ကြည်နူးစရာကောင်းလှပါတယ်။ တချို့လဲ အစားအသောက် ဝေတာထင်ပြီး မယူသွားကြဘူးဗျ ပြီးမှ "ဟာ.....Mask လေးတွေဟ" ဆိုပြီး ဆိုင်ကယ်လေး ကွေ့ပြီး ပြန်လာယူကြတာလေးတွေရှိတယ်" လို့ ပါဝင်ကူညီနေသူ ကက်သလစ် ခရစ်ယာန် ကိုရင်တပါး ဖြစ်တဲ့ ဘရာသာရ်ပက်ထရစ် မှ အတွေ့အကြုံကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကထဲက စစ်တပ်မှအာဏာသိမ်းယူခဲ့ပါတယ်။ ရင်းကို ဆန့်ကျင်တဲ့ ဆန္ဒ ထုတ် ဖော်မှုများ မြန်မာနိုင်ငံ အနှံ့အပြားမှာ ယနေ့ထိတိုင်ဖြစ်‌ ပေါ်လျှက်ရှိပါတယ်၊ အဆိုပါဆန္ဒပြမှုများမှာ ဒဏ်ရာ ရသူများ စွာရှိသလို သေဆုံးသူများလည်း ရှိလာခဲ့ပါတယ်။

မြန်မာပြည် ကက်သလစ် ခရစ်ယာန် သာသနာတော် အသီးသီးမှ ရဟန်း၊ ကိုရင်၊ သီလရှင်၊ ဘာသာဝင်များသည်လည်း ဖြစ် ပျက်နေသည့် တိုင်းပြည်အခြေအနေမှာ ပြည်သူနှင့်တသားတည်းရှိကြောင်း ပြသကာ ဆုတောင်းဝတ်ပြုခြင်း၊ ငြိမ်း ချမ်း စွာ လမ်းလျှောက်ဆုတောင်း ဆန္ဒထုတ်ဖော်ခြင်းများအပြင်၊ အလျှုရှင်များ၏ အကူအညီများဖြင့်၊ ကွယ်လွန်သူ များ ၏ မိသားစုများထံ နှစ်သိမ့်အားပေးခြင်း၊ ဆုတောင်းမေတ္တာပြုပေးခြင်းနှင့်အတူ မိမိတို့တတ်နိုင်တဲ့ဘက်မှ ဝေငှ ပေး ကမ်း ခြင်းများလည်း ပြုလုပ် နေကြပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo by: Sr.Regina Khaing,SJA

Add new comment

12 + 4 =