နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမှုတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်

နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမှုတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်

နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမှုတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်

ဖိလစ်ပိုင်နိုင်ငံ၊ Bicol ခရိုင်မှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးသည် ရာသက်ပန်အမှုတော်ဆောင် နိုင်ခွင့်ကိုရပ်ဆိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရပ်ဖက်လုပ်ငန်းများ၌ ရာထူးလက်ခံ၍ထဲထဲ၀င်၀င် လုပ်ကိုင်နေသောကြောင့်ဖြစ်သည်။ အဆိုပါဘုန်းတော်ကြီးမှာ Granwell Pitapit ဖြစ်သည်။ သူသည် Libmanan သာသနာ၏လူမှုရေးအမှုတော်ကိုထမ်းဆောင်နေခဲ့သူဖြစ်သည်။

သာသနာတော်ကြီး၏ စည်းမျဉ်းစည်းကမ်းအရ ကက်သလစ်ရဟန်းတစ်ပါးသည် နိုင်ငံရေး၌ ရာထူးရာခံရယူ၍လုပ်ပိုင်ခွင့်မရှိပေ။ ဆရာတော် Jose Rojas ၏ ပြောပြချက်အရ သာသနာ၏ ကာနွန်ဥပဒေသည် ယခုဘုန်းတော်ကြီး၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ရှင်းလင်းစွာဖော်ပြထားပြီးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါဘုန်းတော်ကြီးသည် လာမည့် (၂၀၂၂) ၌ Libmanan ၏အကြီးမားဆုံးမြို့ဖြစ်သော Camarines Sur မြို့၏မြို့တော်၀န်နေရာအတွက်၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။

ယခုသို့ ထာ၀ရရဟန်းဖြစ်သော ကက်သလစ်ရဟန်းတစ်ပါးအား အမှုတော်ထမ်းခြင်းကိုရာသက်ပန်ရပ်ဆိုင်းလိုက်ခြင်းသည် နောက်နောင်၌လည်း ရဟန်းအမှုတော်ကိုပြန်လည်ထမ်းဆောင်နိုင်ခွင့်ကို တစ်ပါတည်း ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဤကြေညာချက်ကို အောက်တိုဘာ (၂၂) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကြေညာချက်ထဲ၌ ဤဘုန်းတော်ကြီးနှင့်ပတ်သက်၍ နောက်နောင်ဖြစ်ပေါ်လာမည့် မည်သည့်အမှုကိစ္စမဆို သာသနာနှင့်မဆိုင်တော့ကြောင်း၊ သာသနာအားလည်းကိုယ်စားမပြုတော့ကြောင်းထည့်သွင်းဖော်ပြထားသည်။ ထို့အတူ ယခင်သူထမ်းဆောင်ခဲ့သော လူမှုရေးဆိုင်ရာအမှုတော်များကိုလည်း ဆက်လက်ထမ်းဆောင်တော့မည် မဟုတ်ကြောင်း၊ သာသနာ၏အမည်ကိုလည်းမည်သည့်အကြောင်းအတွက်မျှနှင့်သုံးပိုင်ခွင့်မရှိတော့ကြောင်း၊ ထို့ အတူ သာသနာ၏လမ်းညွှန်မှုဖြင့်လုပ်ဆောင်နေသော ချို့တဲ့နွမ်းပါးသူများ၏ဘ၀မြှင့်တင်ရေးအစီအစဉ်များနှင့် လည်းပတ်သက်ခြင်းမရှိတော့ဟုဆိုပါသည်။ ယခုကဲ့သို့ ရဟန်းနှင့်ဆိုင်သောအမှုတော်ရပ်ဆိုင်းခြင်းသည် ရဟန်းတစ်ပါး၏ ကတိသစ္စာများအနက် ငယ်ဖြူကတိသစ္စာကိုရပ်ဆိုင်းခြင်းမဟုတ်ကြောင်း၊ ဤကတိသစ္စာကိုတရား၀င်ပယ်ဖျက် နိုင်ရန်မှာ လျှောက်လွှာ တင်၍တောင်းခံရယူရမည်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားခဲ့သည်။

ယခုအခါ အဆိုပါဘုန်းတော်ကြီးသည် ရဟန်းအမှုတော်ဆောင်ရန်၀တ္တရားမရှိတော့ပေ။ ထို့ကြောင့် လောကီအရေးများ၌ မည်သည့်အဟန့်အတားမျှမရှိဘဲ ထဲထဲ၀င်၀င်ပါ၀င်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း၊ ၄င်းအပြင် အခြားသောကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးဖြစ်သော Sorsogonသာသနာမှ ဖာသာရ် Emmanuel Alparce နှင့် Tagum သာသနာမှ ဖာသာရ် Emerson Luego တို့လည်းရွေးကောက်ပွဲသို့၀င်ရောက်အရွေးခံမည်ဖြစ်သည်။ ဖာသာရ် Emerson Luego သည် Davao de Oro ပြည်နယ်၏မြို့တော်၀န်နေရာကိုလည်းကောင်း၊ ဖာသာရ် Emmanuel Alparce မှာမူ Albay ခရိုင် Bacacay မြို့၏အတိုင်ပင်ခံရာထူးအတွက်လည်းကောင်း အသီးသီး၀င် ရွေးကြမည်ဖြစ်သည်။ ၄င်းတို့နှစ်ပါးသည်လည်း ယခင်က ၄င်းတို့မိခင်သာသနာတော်၏ လူမှုရေးဆိုင်ရာအမှုတော်ကိုထမ်းဆောင်ခဲ့သူများဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bcRWab
 

Add new comment

7 + 0 =