နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး၌ ပုပ်ဖရန်စစ်ကြွရောက်မည်ကို ဟန်ဂေရီ နိုင်ငံပြင်ဆင်

နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး၌ ပုပ်ဖရန်စစ်ကြွရောက်မည်ကို ဟန်ဂေရီ နိုင်ငံပြင်ဆင်

နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး၌ ပုပ်ဖရန်စစ်ကြွရောက်မည်ကို ဟန်ဂေရီ နိုင်ငံပြင်ဆင်

လာမယ့် ၂၀၂၁ စက်တင်ဘာလ မှာ ကျင်းပဘို့ ယာထားတဲ့ နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီး ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဟန်ဂေရီ နိုင်ငံဟာ ပုပ်ဖရန်စစ် ကြွရောက်ခြင်းအတွက်ကို ပြင်ဆင်မှုတွေစတင်နေပါပြီ။ 

ဒုက္ခများအကြားမှာ အရှင်သူမြတ်ကြွရောက်ခြင်းဟာ မျှော်လင့်ခြင်း နှင့် ကိုဗစ် အလွန် အသက်ပေးခြင်း၏ အမှတ်သင်္ကေတဖြစ် ကြောင်း ဟန်ဂေရီ မှ ကာဒီနယ် Cardinal Péter Erdő က ဗာတီကန် သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။ 

ဟန်ဂေရီနိုင်ငံဟာလည်း ကိုဗစ် အရိုက်ခတ်ခံရဆုံးနိုင်ငံများစာရင်းမှာပါ၀င်ခဲ့ပြီး လူပေါင်း ၂၉၀၀၀ ကျော်သေဆုံးခဲ့ကြောင်း

အထက်ပါပွဲတော်ကြီးနှင့် အရှင်မြတ်ကြွရောက်ခြင်းအတွက် ဗာတီကန် ကိုယ်စားလှယ်များမှ ဘူဒါပက်စ် သို့ လွန်ခဲ့တဲ့ တပတ်က သွားရောက်ကာ စစ်ဆေးကြည့်ရှုခဲ့ကြောင်း

စက်တင်ဘာ ၁၂ ရက်နေ့မှာ သူရဲကောင်းများရဲ့ ရင်ပြင်တော်ကြီးမှာ  အပိတ်မစ္ဆားတရားတော်မြတ်ကို ပုပ်ဖရန်စစ်က ဉီးဆောင် ကျင်းပမှာပါ။ ကိုဗစ်ကြောင့် ဒီကိုယ်တော်မြတ်ပွဲတော်ကြီးကို နောက်ဆုတ်ကျင်းပခဲ့ရပါတယ်။ 

စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပမယ့် အထက်ပါပွဲတော်သို့ ဂရိ၊ သြသိုဒေါစ့်၊ ပရိုတက်စတန် နဲ့ အရ​​ှေ့ပိုင်းကက်သလစ်အသင်းတော်မှ ဆရာတော်ကြီးများ၊ ဂျူးအဖွဲ့အစည်း နဲ့ လူမှုအသိုင်းအဝိုင်းမှ ကိုယ်စားလှယ် အချို့ တက်ရောက်မယ်လို့ မျှော်လင့်ရ​တယ်လို့ဆိုပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA 

https://bit.ly/3ozatTZ

 

Add new comment

5 + 6 =