နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးကို အီကွေဒေါနိုင်ငံမှ ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပမည်

နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးကို အီကွေဒေါနိုင်ငံမှ ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပမည်

နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးကို အီကွေဒေါနိုင်ငံမှ ၂၀၂၄ ခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပမည်

အီကွေဒေါနိုင်ငံ၊ ကီးတို ဂိုဏ်းချုပ်သာသနာသည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် နိုင်ငံတကာ ကိုယ်တော်မြတ်ပွဲတော်ကြီးကို အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က အတည်ပြုကြေငြာလိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးသည်  ၅၃ ကြိမ်မြောက်ဖြစ်မည်ဖြစ်ကာ အီကွေဒေါ ကို ယေဇူးရွှေနှလုံးတော်အား အပ်နှံပူဇော်ခဲ့သည့် နှစ် ၁၅၀ ပြည့် နှစ်ပတ်လည် ပွဲတော်အတွင်း ကျရောက်မည်ဖြစ်ကြောင်း

လာတင်အမေရိကားတိုက် ၏ ယုံကြည်ခြင်းကို ပြန်လည်ဆန်းသစ်ခြင်းနဲ့ ဧဝံဂေလိသတင်းကောင်းဖြန့်ဝေခြင်း အတွက် ကိုယ်တော်မြတ်စက္ကရမင်တူးရဲ့ အသီးအပွင့်ကို ဖော်ပြပေးမယ့် ကြီးမြတ်သော ဘာသာရေးပွဲတော်တခုဖြစ်တယ်လို့ မတ်လ ၂၀ ရက်နေ့က ဗာတီကန်မှ ထုတ်ပြန်ကြေငြာလိုက်တာပါ။

ကီးတို မြို့တော်ဟာ အဲန်းဒက်စ်တောင်ခြေမှာရှိပြီး ထိုတောင်ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၉၃၅၀ ပေ အမြင့်ရှိတာဖြစ်ပါတယ်။ ကီးတိုမြို့တော်ဟာ အီကွေဒေါရဲ့ မြို့တော်ကြီးဖြစ်ပြီး လူဉီးရေ ၃ သန်း ကျော်ရှိတဲ့ အကြော်ကြားဆုံးမြို့တော်လည်းဖြစ်ပါတယ်။

နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်ကြီးကို ၁၈၈၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ မှာကျင်းပခဲ့တာပါ။ နောက်ဆုံးကျင်းပခဲ့တဲ့နေရာကတော့ ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့တော်တွင်ကျင်းပခဲ့တာဖြစ်ပြီး လူပေါင်း ၁၂၀၀၀ ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

http://bit.ly/3cYt7PA

Add new comment

1 + 6 =