Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နိုင်ငံတကာကိုယ်တော်မြတ်ကွန်ဂရက်စ်ဖွင့်ပွဲအခမ်းအနားမစ္ဆားတရား၌ ကလေးတစ်ထောင်ကျော်ပထမကိုယ်တော် မြတ်ပင့်ယူကြမည်
နိုင်ငံတကာကိုယ်တော်မြတ်ကွန်ဂရက်စ်ဖွင့်ပွဲအခမ်းအနားမစ္ဆားတရား၌ ကလေးတစ်ထောင်ကျော်ပထမကိုယ်တော် မြတ်ပင့်ယူကြမည်
နိုင်ငံတကာကိုယ်တော်မြတ်ကွန်ဂရက်စ်ကိုကျင်းပနိုင်ရန်(၄)နှစ်တာပြင်ဆင်လာခဲ့သော ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်မြို့သည် လာမည့်တနင်္ဂနေနွေနေ့ ၌အဆိုပါကွန်ဂရက်အဆုံး သတ် လိုက်တော့မည်ဖြစ်သည်။ ကွန်ဂရက်စ် ၏ဖွင့်ပွဲ အခမ်းအနား၌ ဟန်ဂေရီနိုင်ငံတစ်၀ှမ်း မှ ထောင်နှင့်ချီသောလူများစုဝေး လာကြမည်။ ထောင်သောင်းမက သောဘာ သာတူများ လည်းရဟန်းမင်းကြီးဦးဆောင်ပူဇော်မည့်ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆား၌ပါ၀င်ရန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေ ကြသည်။ ကွန်ဂရက်စ်ကိုလည်း မစ္ဆားဖြင့်ဖွင့်လှစ်မည်ဖြစ်ပြီး၊ ထိုဖွင့်ပွဲ အခမ်း အနား မစ္ဆား၌ ကလေး သူငယ် တစ်ထောင်ကျော်ပထမကိုယ်တော်မြတ်ပင့် ယူကြမည်ဖြစ် သည်။
သူတို့ (ပထမကိုယ်တော်မြတ်ပင့်ယူကြသည့်ကလေးများ) သည် ဟန်ဂေရီနိုင်ငံ၏ ဒေသအ သီးသီးမှ ဖြစ် ကြောင်း၊ အချို့သည်ဟန်ဂေရီနိုင်ငံ၏ပြင်ပမှလည်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ဆလိုဗက်ကီးယား၊ ဆားဘီး ယားနှင့်ခရိုအေးရှားစသောနိုင်ငံများ၌ ဟန်ဂေရီလူမျိုးများစွာရှိကြောင်း၊ ၄င်းတို့အထဲမှ ကိုယ်တော်မြတ် ပင့်ရန်အသက် အရွယ် ရောက် ပြီဖြစ်သော ကလေးများကိုလည်းကြိုဆိုခဲ့ကြောင်း၊ကိုယ်တော်မြတ်ကွန်ဂရက်စ် သည် ကက်သလစ်များ အတွက် ယေဇူးသခင်သည်ကိုယ်တော်မြတ်မုန့်တော်၏ အဆင်း သဏ္ဍန် အောက်၌အမှန် တကယ်စံပ္ပါယ်နေကြောင်းကို အသိပေးနေသည်။
ကွန်ဂရက်စ်ရက်များအတွင်း၌ ကိုယ်တော်မြတ်ဖူးမြှော်ခြင်းအစီ အစဉ်ကိုလည်း ထည့် သွင်း ထား သည်။ မစ္ဆားတရား၊ဘုရားစကားသင်ကြားခြင်းနှင့်ကိုယ်တော်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့၏ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ ရသည်များကို ဖွင့်ဟပြောပြရန် ကိုလည်းမိမိတို့နားလည် သည့် ဘာသာစကား များဖြင့်ပါ၀င်ပူဇော်နိုင်ရန် စီစဉ် ထားပေး သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် သူကိုယ်တော်တိုင်ပါ၀င်၍ ကိုယ်တော်မြတ် ၏အရေးပါပုံ ကိုမီးမောင်းထိုးပြ လို သော်လည်း မပါ၀င်နိုင်ခဲ့ပေ။ သို့သော်ကွန်ဂရက်စ်ပိတ်ပွဲမစ္ဆားကိုမူ ဘူဒါပတ် မြို့၏ ‘သူရဲကောင်းတို့၏ရင်ပြင်’ ၌ သူကိုယ်တိုင်ကြွရောက်ပူဇော်မည်။ အဆိုပါ မစ္ဆားပူဇော်ခြင်း၌ ဘာသာတူ (၁၂၀၀၀၀)ခန့်တက်ရောက်လာလိမ့်မည် ဟု အခမ်းအနားစီစဉ် သူများကခန့်မှန်းထားပါသည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment