Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နိုင်ဂျီးရီးယား ကက်သလစ် ဘုန်းတော်ကြီး နှင့်ကျောင်းသား ၁၄၀ ပြန်ပေးဆွဲခံရ
နိုင်ဂျီးရီးယား ကက်သလစ် ဘုန်းတော်ကြီး နှင့်ကျောင်းသား ၁၄၀ ပြန်ပေးဆွဲခံရ
နိုင်ဂျီးရီးယားနိုင်ငံ၊ Maiduguri သာသနာပိုင်ကက်သလစ်ဘုန်းတော်ကြီး Fr. Elijah Juma Wada သည်ပြန်ပေးဆွဲခံ လိုက်ရကြောင်းနှင့် ဖြစ်နိုင်ခြေရှိသောအဖွဲ့အစည်းမှာ Boko Haram အဖွဲ့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဒီအဖြစ် အပျက်ဟာ ပြီးခဲ့သောဗုဒွဟူးနေကနိုင်ဂျီးရီးယားနိုင်ငံ၏မြောက်ပိုင်းရှိ Borno ပြည်နယ်၌ ဖြစ်ပွားခဲ့ သည်သာမက Kaduna ပြည်နယ်၊ အထက်တန်းကျောင်းမှ ကျောင်းသား ၁၄၀ သည်လည်း ပြန်ပေးဆွဲ ခံခဲ့ရ ကြောင်း၊
ပြန်ပေးဆွဲခံ ထားရသော ဘုန်းတော်ကြီးဟာ ၎င်းအမှုထမ်းနေသော သာသနာနယ်မှမြို့တော်သို့ ခရီးသွား နေစဉ်ဖမ်း ဆီးခံခဲ့ရကြောင်း၊ ထို့ကြောင့်သူရဲ့ဘာသာတူများက ၄င်းတို့၏ဘုန်းတော်ကြီးအမြန်ဆုံး ပြန် လည်လွတ်မြောက်လာရေး အပူတပြင်းဆု တောင်းနေကြတယ်လို့ဆိုပါတယ်။
တနင်းလာနေ့ နံနက်စောစောအချိန်မှာ ကျောင်းသားများကို လည်း ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပြီး ကျောင်းသား ၂၆ ဉီးနဲ့ ဆရာမတစ်ဉီးကိုတော့ ကယ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း သို့သော် ကျန်ရှိနေသေးတဲ့သူတွေ မိမိတို့နေအိမ်သို့ လုံခြုံစွာပြန်လည်ရောက်ရှိရေးအတွက်ကိုတော့ ကယ်ဆယ်ရေးအဖွဲ့မှ ထပ်မံကြိုးပမ်း နေကြဆဲဖြစ်ကြောင်း
နိုင်ဂျီးရီးယား လုံခြုံရေးအဖွဲ့ ၂၀၀၉ ခုနှစ် ကထဲက အစွန်းရောက်အဖွဲ့များနဲ့ ရင်ဆိုင်နေကြရတာဖြစ်ကြောင်း နဲ့ ပရိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာသေကြေပျက်စီးကြရသလို ၂ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of AFP or licensors
ဘေးကင်းရန်ခွာ အိမ်အရောက်ပြန်လာနိုင်ကြပါစေကလေးတို့ရေ ....
နိုင်ဂျီးရီးယားနိုင်ငံ၏ အနောက်မြောက်ဖက်၌ ကျောင်းတက်နေသောကလေး (၁၄၀) ဦးကိုလည်း လက်နက်ကိုင် အဖွဲ့များကတနလ်ာနေ့အစောပိုင်းကပြန်ပေးဆွဲသွားခဲကြောင်း အာဏာပိုင်များကပြောကြားသည်။ လက်နက်ကိုင်များ သည် Damishi မြို့တွင်ဖွင့် လှစ်ထားသောအထက်တန်းကျောင်းတစ်ခုထဲသို့၀င်စီး၍ သေနတ်များအဆက်မပြတ်ပစ် ဖောက်ခြိမ်းခြောက်ပြီး၊ ကျောင်းသားများကိုဖမ်းဆီးသွားခဲ့သည်ဟုဆိုပါသည်။
ရဲ၏ပြောရေးဆိုခွင့်ရှိသူ၏ပြောပြချက်အရ ကျောင်းကြီးသည် လုံခြုံရေးချထားသော်လည်း ထိုလက်နက်ကိုင်အဖွဲ့ များသည် ကျောင်း၏လုံခြုံရေး၀န်ထမ်းကိုလည်းဖမ်းဆီး၍ ကျောင်း၀င်းထဲသို့၀င်ရောက်ကာ ကျောင်းသားများကိုတော ထဲသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားသောအရေးအတွက်ကိုမူတိတိကျကျမသိရသေး ကြောင်း၊ ဖမ်းဆီးသွားသောကျောင်းသားများအနက် (၂၆) ဦးကိုပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ၄င်းတို့အနက် ဆရာ မတစ်ဦးလည်းပါကြောင်း၊ ဖမ်းဆီးသွားခဲ့သောကျောင်းသားများပြန်လည်ကယ်တင်ရေးအတွက် စစ်ဆင်ရေးကိုအပူတစ် ပြင်းလုပ်ဆောင်လျှက်ရှိသည်။
ယခု ကျောင်းသားများဖမ်းဆီးခံခဲ့ရသော Kaduna ပြည်နယ်မှအရေအတွက်သည် စတုတ္ထအများဆုံးဦးရေဖြစ် သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် ကျောင်းသားများကို ပြန်ပေးဆွဲခြင်းကို (၂၀၁၄) ခုနှစ်၊ Borno ပြည်နယ်၊ Chibok အမျိုးသ မီးကျောင်းမှကျောင်းသူ (၂၇၀) ဦးကို ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့ကဖမ်းဆီးခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းများ အတွက် ယခုကဲ့သို့ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံမူသည် တစ်ဟုန်ထိုးပေါ်ပေါက်လာသောစျေးကွက်တစ်ခုဖြစ်နေ သည်။ ပြန်ပေးဆွဲရာတွင် ဓားစာခံများအဖြစ်ပစ်မှတ်ထားခံကြရသသည့်နေရာများမှာ ကျောင်းများ၊ တက္ကသိုလ်များ၊ လမ်းများ၊ လုံးချင်းနေထိုင်သူများ၊ များမကြာမီက ဆေးရုံများ၌ပင်ပြန်ပေးဆွဲမူကိုလုပ်ဆောင်လာသည်။ တနဂ်နွေနေ့ အစောပိုင်း၌ လက်နက်သမားများက Kaduna ပြည်နယ်၏ မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌လူ (၆) ဦးကိုပြန်ပေးဆွဲခဲ့ရာ ၄င်း တို့အနက် (၁) နှစ်သားကလေးလည်းပါသည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ အရှေ့မြောက်ဖက်မှ လုံခြုံရေးတပ်ဖွဲ့သည် အီစ္စ လာမ်လက်နက်ကိုင်သူပုန် များနှင့်စစ်ဆင်ရေးလုံးပန်းနေခဲ့သည်မှာ (၂၀၀၉) ခုနှစ်ကပင်ဖြစ်သည်။ ထိုစစ်ဆင်ရေး၌ လူ ပေါင်းထောင်သောင်းမက အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သကဲ့သို့ လူ (၂) သန်းကျော်ကိုလည်းအိုးမဲ့အိမ်မဲ့၊ အိုပစ်အိမ်ပစ်ထွက် ပြေးစေခဲ့သည်အထိဖြစ်စေခဲ့သည်။
Add new comment