နိုင်ဂျီးရီးယားရှိ ဆရာတော်တစ်ပါး ပြန်ပေးဆွဲခံရ

နိုင်ဂျီးရီးယားရှိ ဆရာတော်တစ်ပါး ပြန်ပေးဆွဲခံရ

မကြာသေးမီက ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီးပြန် လည်လွတ်မြောက်လာပြီးနောက် တစ်ပတ်မျှပင်မကြာသေးသော အချိန်တွင် နောက် ထပ်ဆရာတော်တစ်ပါးပျောက် ဆုံးသွားခဲ့သည်။

နိုင်ဂျီးရီးယားရှိ Owerri သာသနာရှိ လက်ထောက်ဆ ရာ တော် Bishop Moses Chikweနှင့် သူ၏ကားဆရာတို့သည် တနင်္ဂနွေနေ့က လက် နက်ကိုင် လူတစ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။နိုင်ဂျီးရီးယားတွင် ဘုန်းတော်ကြီးအချို့နှင့်သီလရှင်များကို ဖမ်းဆီးခြင်းဖြစ်ပေါ်လေ့ရှိပြီး ငွေညှစ်လေ့ရှိသည်။

မနှစ်က လက်ထောက်ဆရာတော်အရိုက်အရာခံယူခဲ့သော အဆိုပါဆရာတော်သည် သက်တော် ၅၃ နှစ်အရွယ်ရှိပြီး အလည်အပတ်သွားရာမှ မိမိသတင်းသုံးရာကျောင်းသို့ ပြန် လာချိန်တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ထိုနေရာမှာ မြို့တွင်းနှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည်။

Owerri သာသနာ၏ ဆရာ တော်ကြီးကမူ "ပြန်ပေးဆွဲမှုဖြစ်သည်ဟု အ တည်ပြုပြောကြားခဲ့ပြီး ဤဖြစ်ရပ်သည် တရားဥပဒေစိုးမိုးရေးကိုလည်း ခြိမ်းခြောက်နေကြောင်း၊တစ်ဖက်တွင်လည်း ရပ်နီးရပ်ဝေးမှ ဘာသာတူ သားသမီးများ၏ ဝမ်းနည်းခြင်းနှင့်အားပေးခြင်းများကို ခံစားရရှိကြောင်းပြောကြားခဲ့သည်။

ထိုနိုင်ငံတွက် ဘုန်းတော်ကြီးများနှင့် စစ္စတာများကို ပြန်ပေးဆွဲလေ့ရှိပြီး သူတို့အလို ရှိသော ငွေပမာဏကို အသင်းဂိုဏ်းသို့မဟုတ် သာသနာက ​ပေးမှသာ ပြန်လွှတ်လေ့ရှိသည်ဟုသိရသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Natanael Ginting | Shutterstock

https://bit.ly/38Nfvop

Add new comment

6 + 2 =