နိုင်ဂျီးရီးယားနိုင်ငံ Edo ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့မှ ကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးအား ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားနိုင်ငံ Edo ပြည်နယ်၌ လက်နက်ကိုင်အဖွဲ့မှ ကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးအား ပြန်ပေးဆွဲ

 

နိုင်ဂျီးရီးယားနိုင်ငံ၊ Edo ပြည်နယ်၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး မကြာခင်က သတ်ဖျက်ခံခဲ့ရပြီး ထပ်မံ၍ ကက်သလစ်ဘုန်းတော်ကြီးနှစ်ပါး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ပြန်ပေးဆွဲသွားခြင်းကိုခံရပြန်သည်။

ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီးများမှာ စိန့်ပက်ထရစ်သာသနာအုပ်စုမှဖာသာရ် Udo Peter ဖြစ်ပြီး၊ ကျန်တစ်ပါးမှာစိန့်ဂျိုးဇက် ဥပုသ်သီတင်း ဆောက်တည်သောအဆောင်ကိုစောင့်ရှောက်ရသော ဖာသာရ် Philemon Oboh ဖြစ်သည်။ ၄င်းတို့နှစ်ပါးသည် တစ်နေရာတည်း၌ဖမ်းဆီးခံရခြင်းမဟုတ်ပေ။

ဤဖြစ်ရပ်သည် Ikhabigbo စိန့်ပက်ထရစ်သာသနာအုပ် စုမှဖာသာရ် Christopher Odia လုပ်ကြံခံရပြီး နှစ်ပတ်ခန့်အကြာဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားသောပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ အခင်းဖြစ်ပွားပြီးများမကြာမီ၌ သတိပေးအချက် ထွက်ပေါ်လာခဲ့ကြောင်း၊ ဤဖြစ်စဉ်ကိုလည်း သာသနာမှတာ၀န်ရှိသူများကရဲများအားတိုင်ကြားခဲ့ကြောင်း၊ ဤဘုန်းတော်ကြီးနှစ်ပါးသည် ဖမ်းဆီးခံရပြီးနောက် Benin-Auchi နှင့် Ehor တစ်လျှောက်ရှိ အမြန်လမ်းကြားမည်သည့် နေရာ၌ထိန်းသိမ်းထားသည်ကို မူမသိရသေးကြောင်း၊ ထိုနေရာတစ်၀ိုက်သည် ဒေသအစိုးရ၏အာဏာစက်လွှမ်းမိုးရာဒေသဖြစ်ကြောင်း၊ ကျန်တစ်ပါးမှာ Iruekpen ၌ဖမ်းဆီးခံခဲ့ရပြီး ဤဒေသသည်လည်း Esan အနောက်ဖက်ဒေသအစိုးရ၏ပိုင်နက်၌ဖြစ်သည်။ ရဲအာဏာပိုင် Alhaji Abutu Yaro က ဖမ်းဆီးသွားသည်ဟုသံသယရှိသောနေရာသို့ ချက်ချင်းလိုက်သွား၍ကယ်ဆယ်ရန်ကြိုးစားခဲ့ကြောင်း၊ ဒေသခံပြည်သူများအား လည်း လက်ရှိအမှုအခင်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များပေးပို့၍ ပူးပေါင်းကူညီကြရန်မေတ္တာရပ်ထားသည်။

ကက်သလစ်ဘုန်းတော်ကြီးများအား ပစ်မှတ်ထားလုပ်ဆောင်လာသည့်ဖြစ်ရပ်သည် တစ်စတစ်စတိုးလာနေပြီး၊ ပြဿနာ ကြီးတစ်ခုနယ်ကြီးထွားလာနေသည်။ ဒေသအာဏာပိုင်များလည်း ဤသို့သောရာဇ၀တ်မှုနှင့်ပတ်သက်၍ ကက်သလစ်ဆရာတော် ကြီးများ၏တောင်းဆိုချက်များကိုလည်း ရေငုံနှုတ်ပိတ်နေခြင်း၊ မသိသကဲ့သို့နေနေသောကြောင့် လက်ကိုင်အဖွဲ့အစည်းများနှင့် Alhaji Abutu Yaro အဖွဲ့တို့သည် ပို၍အတင့်ရဲလုပ်ဆောင်လာနေကြကြောင်း၊ ဇွန်လ (၂၅) ရက်နေ့ကလည်း ဒေသအစိုးရ၏ပိုင်နက် အတွင်း၌ပင် ကက်သလစ်ဘုန်းတော်ကြီးဖာသာရ် Vitus Borogo သတ်ဖြတ်ခံခဲ့ရကြောင်း ထိုအသတ်ခံရသောဘုန်းတော်ကြီးသည် Kaduna ဂိုဏ်းချုပ်သာသနာမှဖြစ်ကာ အခင်းဖြစ်ပွားချိန်၌ အသတ်ခံခဲ့ရသော ဘုန်းတော်ကြီး၏ညီသည်လည်း လက်နက်ကိုင်အဖွဲ့ အစည်း၏ဖမ်းဆီးခြင်းခံခဲ့ရသည်ဟုဆိုသည်။

 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zaOkkP

Add new comment

11 + 4 =