နိုင်ဂျီးရီးယားနိုင်ငံ၌ ဘိုကိုဟာရမ်တို့ဖမ်းဆီးသွားသော ကလေး (၄၂၀၄) ဦးပြန်လည်လွတ်မြောက်

နိုင်ဂျီးရီးယားနိုင်ငံ၌ ဘိုကိုဟာရမ်တို့ဖမ်းဆီးသွားသော ကလေး (၄၂၀၄) ဦးပြန်လည်လွတ်မြောက်

ကုလ ကလေးသူငယ်များဆိုင်ရာရံပုံငွေအဖွဲ့မှ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်အဖွဲ့မှက လေးသူငယ် (၄၂၀၄) ဦးကိုဖမ်းဆီးထားခဲ့ရာမှ အားလုံးကိုလုံခြုံစွာပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ဖမ်းဆီးထားသည့်နေရာမှာတစ်နေရာတည်းမဟုတ်။ Borno၊ Yobe၊ Adamawa ပြည်နယ်အသီးသီး၌ဖြစ် သည်။ ဤကယ် ဆယ်ရေးလှုပ်ရှားမှုကို Maiduguri မှဗဟိုပြု၍ညွှန်ကြားခဲ့သည်။ ဤသို့ဖော်ဆောင်ရန်အ တွက် Maiduguri ၌အလွန်အရေး ကြီးသောအစည်းအဝေးကိုပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ကလေးများကို ကုလ ကလေးရံပုံငွေအဖွဲ့၏တာ၀န်ခံ amuel Sesay ကဗုဒ္ဓဟူးနေ့ကလွှဲအပ်ပေးခဲ့သည်။ ဖယ်ဒရယ်အစိုးရနှင့်ကုလတို့သည် ယခုကဲ့သို့ကလေးများကိုပြန်လည်လွှဲအပ်ပေးရန်သဘောတူစာချုပ်ကို (၂၀၂၂) တွင်ရေထိုးခဲ့ကြသည်။ ဤသို့ပြုလုပ်ရခြင်းမှာအရွယ်မရောက်သေးသောကလေးများအားလက် နက်ကိုင်စေ၍ပဋိပက္ခ၌ပါ ၀င်စေခြင်းကိုကာကွယ်ဟန့်တားနိုင်ရန်ဖြစ်သည်။ ထို့ ကြောင့်ဤအဖြစ်မျိုးကြုံနေရသောကလေးများအား ကယ်ထုတ်နိုင်ရန်မှာ ဤစစ်ဆင် ရေး၏အဓိဦးတည်ချက်ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသောကလေးများကို မိမိတို့၏ပြည်နယ်များရှိ အမျိုး သမီးဌာနသို့ပို့လိုက်ကြသည်။ ယခုကဲ့သို့လွဲခြင်းဆိုင်ရာသဘောတူညီချက်အဖွဲ့၏ အမြဲတမ်းအတွင်းရေးမှူး Mohamed Hamza က Borno ပြည်နယ်၌ ဤလုပ်ငန်းစဉ်ကိုတာ၀န်ယူထားသည်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်ဆက်နွယ်မှုရှိသောအရွယ်မရောက်သေးသူများအား ဖော်ထုတ်၍အမျိုးသမီးရေးရာသို့ (၇) ရက်အတွင်းအသိပေးအကြောင်းကြားအပ်နှံရမည်ဖြစ်သည်။ ကလေးများ၏အခြေခံလိုအပ်ချက်များကိုလည်းထောက်ပံ့ပေးရန်ကိုလည်းတင်ပြခဲ့သည်။

ဤအခမ်းအနား၌ ကုလစစ်သားနှင့်ကုလလုံခြုံရေးအဖွဲ့၏အကြံပေးသူလည်းဖြစ်သူတို့လည်း ယခုအခမ်းအနာ၌ရှိနေခဲ့ကြသည်။

အရှေ့မြောက်ဖက်၌ (၁၄) နှစ်ကြာစစ်ပွဲများကြား၌ ရှင်သန်ဖြတ်သန်းခဲ့ရာ လူ့အသက်ပေါင်း (၄၀၀၀၀) ကျော်ဆုံးရှုံးခဲ့ရသည်။ စစ်ပွဲသည်လူ့အသက်တာမဟုတ် ပြည်သူတို့၏ဥစ္စာပစ္စည်းများ၊ လူနေအိမ်၊ အဆောက်အအုံများကိုလည်းပျက်စီးစေရာ ပျက်စီးမှု ( N4.2 trillion) ထရီလျံအထိရှိခဲ့သည်။

ယခု Borno ပြည်နယ်အစိုးရဖြစ်သူ Babagana Zulum က အကြမ်းဖက်အဖွဲ့တို့သည် ပြည်နယ်၏စီးပွားရေးကိုပျက်စီး ဆုံးရှုံးစေသည့်အပျက်သဘောအဆိုးသက်ရောက်မှုရှိကြောင်း၊ လူသားပဋိပက္ခများဖြစ်ကြသော ချို့တဲ့ခြင်း၊ မတည်မငြိမ်မအေးချမ်းခြင်းစသောဖြစ်စဉ်များကိုသာတိုးပွားလာစေကြောင်းမကြာမီကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TEXc

Add new comment

1 + 0 =